Part 127

851 75 1
                                    

အပိုင်း ၁၂၇

သိပ်မဝေးသောနေရာတွင် ကြည့်နေသော လုညီအစ်မများဖြစ်ကြသည့် ကျင်းနှင့်ဖန်းတို့ ရှိနေကြသည်။ အခြေအနေများက ထိုသို့ဖြစ်လာသောအခါ ထိုညီအစ်မနှစ်ယောက်က အချင်းချင်း အဓိပ္ပာယ်အပြည့်ပါသော အကြည့်များ ဖလှယ်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံးက ယဲ့ကျန်း၏ လုပ်နိုင်စွမ်းအားအပေါ် နားလည်ထားမှုတွင် လျှို့ဝှက်ချက် ရှိမနေခဲ့ပေ။ ထိုအရာများအပြင် သူတို့ကလည်း သူမက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားခြင်းကို မလိုချင်ချေ။ သို့သော် အရာအားလုံးက မလိုချင်သည့်အတိုင်း ဖြစ်မလာခဲ့ဘဲ ထိုရွာမှ တက်လာသော ဝမ်းကွဲက စာမေးပွဲကျခြင်းအားဖြင့် လုမိသားစုကို အရှက်ခွဲမည်ကိုလည်း စိုးရိမ်မိပြန်သည်။

မင်းသမီး၏လှုပ်ရှားနေမှုကို ကြည့်ပြီးနောက် သူမ၏ဂုဏ်ယူတက်ကြွနေဟန်ကို ခံစားမိကာ ယဲ့ကျန်းက သူမတို့၏မိသားစုကို ပြဿနာများမသယ်ဆောင်လာရန်သာ မျှော်လင့်မိတော့သည်။ ထိုနှစ်ယောက်က ကြည့်ရှုသူများထဲတွင် နှုတ်ဆိတ်၍သာ နေလိုက်ကြသည်။ ထိုနည်းလမ်းက အကောင်းဆုံးဖြစ်သည်ဟု သူမတို့ကလည်း ယူဆကြသည်။

ထိုအဖွဲ့က တောအုပ်ငယ်လေးထဲသို့ ဝင်ရောက်လိုက်သည်နှင့် သာယာကာ စိတ်အေးစေသော ကုချင်းသံကို ကြားလိုက်ရသည်။ သူတို့က တောင်တန်းများအတွင်း ရောက်သွားပြီး စိမ်းလန်းသောလှပသက်ဝင်သည့်မြင်ကွင်းဖြင့် ဝန်းရံခံထားရသကဲ့သို့ ခံစားလိုက်ကြရသည်။ ထိုသံစဉ်က စိတ်ကိုငြိမ်းအေးစေပြီး စိတ်အေးလက်အေး ဖြစ်သွားစေကာ တည်ငြိမ်မှုကို အစားထိုးလာစေသည်။

မော့ရုန်ရီ၏မျက်ဝန်းက တောက်ပသွားသည်။ ထိုသံစဉ်ကို ယဲ့ကျန်းက တီးခတ်နေခြင်းဟု ခံစားလိုက်မိသည်။ သူ၏ခြေလှမ်းများက တက်ကြွသွားပြီနောက်တွင် ကုချင်းတီးနေသော အမျိုးသမီးတစ်ယောက်ကို ရှာတွေ့လိုက်သည်။

သူမ မဟုတ်ဘူး။

ထိုအမျိုးသမီးက အဝါဖျော့ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အနည်းငယ် ကြည့်ကောင်းရုံမျှသာ ရုပ်ရည်ရှိသည့် စွန်းဝမ်ဖြစ်သည်။ သူမက သံစဉ်ကို တီးခတ်ပြီးသွားသောအခါ စစ်ဆေးသူကို တစ်ချက်ဦးညွှတ်ကာ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ သူမ၏စွမ်းရည်ကြောင့် ကျေနပ်ကာ ယဲ့ကျန်းကို တစ်ချက်ကြည့်ပြီး လှောင်ပြောင်ရန်လည်း မမေ့ပေ။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now