Part 137

842 74 1
                                    

အပိုင်း ၁၃၇

လုကျင်းမှာ ယဲ့ကျန်းက သူမ၏စကားသည် အမှားဖြစ်ကြောင်း သက်သေပြလာမည်ဟု မမျှော်လင့်ထားမိချေ။ ယဲ့ကျန်းက သူမ၏လျှို့ဝှက်ချက်ကို သက်သေပြခြင်း မရှိသည့်တိုင်အောင် လုကျင်းအနေနှင့် သူမကို အထူးရည်ရွယ်ကာ အရှက်ခွဲသည်ဟု ခံစားရသည်။

"ယောင်ယောင် ငါ ကြားထားတဲ့အတိုင်းဆိုရင် နင်က တတိယအစ်ကိုနဲ့ စတုတ္ထအစ်ကိုတွေကို မင်းသမီးလျှိုဟွားဆီကို ရှာဖို့လွှတ်လိုက်တယ်ဆိုပဲ"

လုကျင်းက ချက်ချင်းမေးသည်။

ထိုမေးခွန်းက အန္တရာယ်မရှိဟု ထင်ရသော်လည်း ရက်စက်မှုက အပြည့်ပါသည်။ ယဲ့ကျန်းက စိတ်ရှုပ်သွားရသည်။ စတုတ္ထသခင်မလုက သူမကို သဘောမကျကြောင်း သေချာသည်။ အမြဲလိုလိုဒုက္ခပေးနေချင်ကြောင်း သူမ နားလည်ထားသည်။ သည်တစ်ကြိမ်တွင်လည်း သူမက နည်းလမ်းအမှားကို ရွေးလိုက်မိကြောင်း ယဲ့ကျန်းက တွေးလိုက်သည်။

"ဟုတ်တယ်၊ မင်းသမီးက တို့အပေါ် ပိုက်ဆံအကြွေးတင်ထားတယ်၊ တို့ရဲ့လောင်းကြေးကို လက်ခံပြီး တို့က အနိုင်ရသွားကတည်းက ပြန်ရသင့်တာက ပုံမှန်ပါပဲ"

"ဒါပေမဲ့ မင်းသမီးလျှိုဟွားက တော်ဝင်မင်းသမီးရဲ့တစ်ဦးတည်းသောသမီး အရင်ဧကရာဇ်ရဲ့ မြေးတော်လည်း ဖြစ်တယ်၊ လက်ရှိဧကရာဇ်တောင်မှ သူမအပေါ် လေးစားမှုထားရတယ်၊ တတိယအစ်မက တို့အစ်ကိုတွေကို သူမရဲ့အိမ်ရှေ့တံခါးကို စေလွှတ်လိုက်ပြီး ပိုက်ဆံတောင်းခိုင်းတာက မျက်နှာပျက်ရအောင်လုပ်သလို ဖြစ်မနေဘူးလား၊ တို့တော့ တတိယအစ်မရဲ့ စိတ်လွတ်လက်လွတ် လုပ်လိုက်တဲ့ အဖြစ်အပျက်က တို့ရဲ့မိသားစုအပေါ် ရန်သူတွေများလာစေမှာကိုပဲ စိုးရတယ်"

လုကျင်းက ထိုသို့ နှာခေါင်းရှုံ့ကာပြောသည်။ သူမ၏ရင်ဘတ်အရှေ့တွင်လည်း လက်ကို ပိုက်ထားလိုက်သေးသည်။

အကယ်ဒမီက လူတိုင်းက လုကျင်းသည် ထိုမင်းသမီးနှင့်ရင်းနှီးအောင် ကြိုးစားချင်ကြောင်း နားလည်ထားကြသည်။ ယဲ့ကျန်းက ယခုကဲ့သို့ တစ်ဖက်သူကို အရှက်ခွဲလိုက်သည့်အခါ သူမ ကြိုးစားထားသည့်အရာအားလုံးက အလကား ဖြစ်သွားလောက်လေသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now