Part 166

880 106 1
                                    

166 01

အပိုင်း ၁၆၆

မိန်းမတစ်ယောက် မနာလိုဖြစ်သွားတဲ့အချိန်မှာ လုဝူရွှမ်းက စစ်နယ်နန်းတော်ထဲမှ ထွက်ခွာပြီး တော်ဝင်ဥယျာဉ်၏ ကြာပန်းကန်ရှိရာနေရာသို့ အလျင်အမြန်သွားသည်။ လုယောင်ယောင်ဟာ အရှက်မဲ့စွာဖြင့် မော့ရုံကျန်းကို စွဲဆောင်ခြင်းအကြောင်း

ပြန်တွေးမိတော့ သူမနှလုံးသားတွင် မီးတောက်လာသလို ခံစားရသည်။ လုယောင်ယောင်၏မျက်နှာကို ကုတ်ပစ်ရန် အချိန်မစောင့်နိုင်တော့ချေ။ ထိုအခါမှသာ သူမစိတ်အေးရလောက်သည်။

အဝေးတွင်ကတည်းက မော့ရုံကျန်းနှင့် လုယောင်ယောင်တို့က မျက်နှာချင်းဆိုင်ရပ်နေကြောင်းကို ဒီဘက်ကရှင်းရှင်းလင်းလင်း မြင်နေရသည်။ လုယောင်ယောင်က မော့ရုံကျန်းကို မော့ကြည့်နေသည်။

ထိုပုံရိပ်နှစ်ခုဟာ ကြာပန်းကန်အနီးတွင် ရပ်နေဟန်ကား ကျော့ရှင်းကြည့်ကောင်းလွန်းလှသည်။ အမျိုး

သမီးဟာ ကျော့ရှင်းကြည့်ကောင်းသည်။ အမျိုးသားဟာလည်း အရပ်ရှည်မြင့်မားကာ ခန့်ညား

ချောမောသည်။ အခြားထူးခြားသည့် ကိစ္စများသာမရှိလျှင် ထိုနှစ်ယောက်ဟာ ဥယျာဉ်ထဲတွင် တိတ်တ

ဆိတ် အချိန်ဖြုန်းနေသော စုံတွဲဟုပင်ထင်ရလောက်သည်။ လုဝူရွှမ်းက ပို၍ပင် ဒေါသထွက်လာတော့

သည်။ သူမက မနာလိုဖြစ်လွန်းသဖြင့် အသက်ရှူရန်ခက်ခဲလာသည်။

ပိုဆိုးတာက မော့ရုံကျန်းက ပြုံးနေတယ်။ သူက လုယောင်ယောင်ကိုသာ ပြုံးပြနေတာ။ ငါ့ကိုတောင်ပြုံးပြခဲ့ဖူးတာမဟုတ်ဘဲနဲ့။

ဧကရာဇ်၏အမိန့်ကြောင့် ယဲ့ကျန်းက မော့ရုန်ရီကို ကုသပေးရန် တာဝန်ပေးခံရသည်။ သူမက ထွက်

သွားပြီး အမြန်ဆုံး မင်းသားငယ်၏ အဆောင်သို့သာ ပြန်ဆင်းသွားသည်။

ထို့နောက် ရုတ်တရက် လေးလံသော ခြေလှမ်းများ ချဉ်းကပ်လာသံကို ကြားလိုက်ရသည်။ လုဝူရွှမ်းကို သူမက မြင်လိုက်ရသည်။ သူမ၏ မျက်နှာထား အရ ယဲ့ကျန်းဟာလည်း ဒီနေ့အတွက် နောက်ထပ် ပြဿနာတစ်ခုကြုံရသည်ဖြစ်ကြောင်း သိလာသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now