part 8

2.5K 246 1
                                    

unicode

အပိုင်း ၈

သူတို့၏ ရုတ်တရက် ကျော်ကြားမှုကို ဖယ်ထားလိုက်မည်ဆိုလျှင် လုမိသားစုက ယခင်သာမန်ကုန်သည်မျိုးရိုးနှင့် ထူးထူးခြားခြား ကွာခြားခြင်း မရှိကြောင်း ငြင်းဆန်နိုင်ခြင်း မရှိသေးပေ။ ယခင်ကဆိုလျှင် ဘာဘွဲ့ထူး၊ ဘာအဆင့်အတန်းမျှ မရှိသော သာမန်ကုန်သည်မိသားစုလေးမျှသာ ဖြစ်ကာ နန်းတွင်းမှ အင်ပါယာ၏ ပစားပေးခံရသော အရာရှိတစ်ယောက်ဖြစ်လာရန် ခက်ခဲခဲ့၏။ လုလင်ကျစ်က နိမ့်ကျသည့်မျိုးရိုးမှ မွေးဖွားလာသည့်တိုင်အောင် သူက ခံ့ညားချောမောပြီး ရဲရင့်ပြတ်သားကာ ထူးချွန်သည်။ သူက မော့ရုန်ကျန်း၏အမိန့်အောက်တွင် စစ်သူကြီးတစ်ဦးအဖြစ် ထမ်းဆောင်နိုင်ခဲ့ကာ ထူးချွန်ပြောင်မြောက်မှုကိုပြသနိုင်ခဲ့၏။ ထို့ကြောင့် သူ၏အသုံးဝင်မှုကို ဖော်ထုတ်ပြသနိုင်ခဲ့ကာ အချို့သော ဗျူဟာများကိုလည်း မော့ရုန်ကျန်း အသိအမှတ်ပြုအောင် လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် မော့ရုန်ကျန်းက နဂါးပလ္လင်ကို ကိုယ်ပိုင်အဖြစ် သိမ်းယူပြီးသည်နှင့် လုလင်ကျစ်ကို ငွေရောင်တံဆိပ်ပြား ပေးအပ်လိုက်သည်။ လက်ထောက်စစ်ဝန်ကြီးက မြင့်မားသော ရာထူးအဆင့်အတန်း ဖြစ်ကာ သာမန်ပြည်သူထက်ပို၍အဆင့်မြင့်သည်။
သူ၏ဦးလေးက လုရှီမင်ဖြစ်သည်။ လုလင်ကျစ်၏ဖခင်က မိသားစု၏ ဆက်ခံသူများထဲမှ တစ်ယောက်ဖြစ်ပြီး မိသားစု၏ စီးပွားရေးလုပ်ငန်းများ အားလုံးကို မအုပ်ချုပ်နိုင်ခဲ့ပေ။ သို့သော် သူက အရာရှိလုပ်ခဲ့၏။ လက်ရှိအချိန်တွင် လုမိသားစုမှ စီးပွားရေးလုပ်ငန်းအားလုံးကို လုအာ့ကျစ်ကို ပေးထားရပြီး ထိုသူက သူ၏အခြားဦးလေးတစ်ယောက် ဖြစ်၏။ သူ၏ဖခင်က သေဆုံးသွားခဲ့ချေပြီ။ ထို့ကြောင့် သားနှစ်ယောက်နှင့် သမီးတစ်ယောက်ကိုသာ ချန်ရစ်ထားခဲ့၏။
လုမိသားစုတွင် ရှေးအကျဆုံးလူမှာ သခင်မကြီးလုဖြစ်သည်။
ယဲ့ကျန်းက သူမ၏မိသားစုနှင့် လုမိသားစုဆက်ဆံရေးကို ကောင်းမွန်စွာ နားလည်နေခဲ့၏။ သူမက လုမိသားစုမှ လုဝူရှန်းကဲ့သို့ တော်ဝင်ကိုယ်လုပ်တော် ဖြစ်နေသော သူမ၏နေရာကို ခိုးသွားသည့် ထိုတစ်ယောက်နှင့် တူညီခြင်းမရှိပေ။ အများဆုံးအနေဖြင့် သခင်မကြီးလုပင်ဖြစ်စေ သို့မဟုတ် သူမ၏ ကျော်ကြားမှုကပင် ဖြစ်စေ ထိုမျှအထိ လွှမ်းမိုးနိုင်စွမ်းမရှိသေးပေ။
“အဖွားက အရမ်းတင်းကြပ်တယ်၊ ဒါပေမဲ့ အဖွားက ကြင်နာတတ်ပါတယ်၊ ဒါကြောင့် အဖွားနဲ့တွေ့တဲ့အချိန်မှာ အစ်ကိုကြီးနေသလိုပဲနေနော်”
လုရှန်းကျစ်က ယဲ့ကျန်းကို ညင်သာစွာနှစ်သိမ့်ပေးနေခဲ့သည်။
ယဲ့ကျန်းက ပြုံးကာခေါင်းညိတ်လိုက်သည်။ သူမ စကားဆက်မပြောတော့ပေ။ လုလင်ကျစ်က မည်သို့ကြင်နာတတ်ပုံပြသော်လည်း သူကသာ ကြောက်ဖို့အကောင်းဆုံးသူဖြစ်ကြောင်း သူမ အကောင်းဆုံး နားလည်နေခဲ့သည်။ လှပသော မျက်နှာဖုံးတပ်ထားသော ဆိုးယုတ်သော သတ္တဝါကောင်ကြီးဖြစ်၏။
သူ့ထံမှ လိမ်လည်ခံရပြီး နှစ်နှစ်ကြာပြီးနောက်တွင် ယခင်ကကဲ့သို့ သူက ညင်သာသိမ်မွေ့သောသူတစ်ယောက်ဟု မထင်မိတော့ပေ။ ယခင်ကဆိုလျှင် သူမက သူ့ကို အစ်ကိုကြီးတစ်ယောက်သဖွယ် ဆက်ဆံခဲ့ပြီး သူ၏ စိတ်ရင်းသဘောထားက မည်မျှရှက်ရွံ့ဖွယ်ကောင်းကြောင်း  နားမလည်ခဲ့ပေ။ သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရမည့်အစား သူမကသာ ဒဏ်ရာရသွားပါစေဟု ဆုတောင်းမိသည်အထိ သူမတို့ ရင်းနီးခဲ့သည်။
သူတို့၏ စကားပြောချိန်က အချိန်အတန်ငယ်ကြာသွားခဲ့သည်။ ယဲ့ကျန်းက အားလုံးကို ပေါ့ပါးစွာသာ ဖြေသွားခဲ့၏။ လုရှန်းကျစ်က သူ၏ညီမသည် မတူကွဲပြားသော သူတစ်ယောက်ကဲ့သို့ ဖြစ်သွားကြောင်းကို ခံစားလိုက်ရသည်။
အရင်ကဆိုရင် အမြဲတမ်းစကားများတတ်တဲ့ သူ့ညီမက ဘာလို့ ဘာမှပြောချင်စိတ်မရှိတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားရတာလဲ။
သူသည် သူ့ညီမ၏ ဘေးတိုက်မျက်နှာကို ကြည့်လိုက်သည်။
သူမက နယ်စပ်မြို့လေးတွင် မွေးဖွားလာခဲ့သော်လည်း ယခုအခါတွင်မူ မြို့တော်၏ နွေးထွေးသော နေရာသို့ရော က်ရှိနေခဲ့ပြီဖြစ်သည်။ သူမက အပြင်ထွက်ကာ ဆော့ကစားရခြင်းကို နှစ်သက်သောကြောင့် အသားက မည်းနေသည်။ ယခုအခါတွင်မူ အသားအရေက အနည်းငယ်ဖျော့လာ၏။ ပါးများက ယခင်ကကဲ့သို့ မဲပြောင်နေခြင်း မရှိတော့ပေ။ သူမက ပို၍ပင် မိန်းမဆန်လာသည်။ ဒါက လုရှန်းကျစ်ကို သူ၏ညီမက စံအိမ်အတွင်းတွင်နေမည်ဆိုလျှင် မတူကွဲပြားသော လူတစ်ယောက်ဖြစ်လာနိုင်ကြောင်းကို ခံစားမိလာစေ၏။ သူမ၏ ရုပ်ရည်သွင်ပြင်က မြို့တော်မှ သခင်မလေးများကဲ့သို့ တောက်ပခြင်း မရှိသည့်တိုင်အောင် သူမက သူ သိထားသော တောရိုင်းမလေး မဟုတ်တော့ပေ။
သို့ရာတွင် သည်ပြောင်းလဲမှုက ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု မဟုတ်ပေ။ သူမ၏ အနက်ရောင်တောက်တောက်မျက်ဝန်းများက အနည်းငယ်ထက်ရှလာသည်။ ဒါက သိန်းငှက်ကြီး၏အကြည့်ကဲ့သို့ ထင်ရ၏။ ထို့အပြင် သူက ကြည့်မကောင်းဟု ပြောနေသည့်တိုင်အောင် သူမ၏ နှုတ်ခမ်းများက ဖြောင့်တန်းနေခဲ့ကာ အရာအားလုံးကို စိတ်မဝင်စားသလို ဖြစ်နေခဲ့သည်။
ကြောက်နေလို့များလား။
လုရှန်းကျစ်က တွေးသည်။ သူ၏ညီမကို ကြည့်ကာ သူ ပြုံးလိုက်သည်။ ဒါတွေအားလုံးက ပတ်ဝန်းကျင်အသစ်ကြောင့် ရုတ်တရက် ပြောင်းလဲသွားခြင်းဟုသာ လက်ခံလိုက်၏။ မည်သို့ပင်ဆိုစေ သူမအနေဖြင့် ပထမဦးဆုံး မြို့တော်သို့ ရောက်ဖူးခြင်းလည်း ဖြစ်နေသေးသည်။
“စိတ်အေးအေးထား၊ အဖွားက အရမ်းတင်းကြပ်တယ်ဆိုပေမဲ့ ကလေးတွေအပေါ်တော့ ချစ်ပါတယ်၊ အခြားအဖွားကြီးတွေလိုမျိုး အရမ်းကြီးလွန်ကဲနေတာတော့ မဟုတ်ပါဘူး၊ ဒီအတိုင်း စိတ်အေးအေးထားရင် ရပါပြီ”
လုရှန်းကျစ်က ယဲ့ကျန်းကို နှစ်သိမ့်ပေးနေလိုက်သည်။
သို့သော် ယဲ့ကျန်းကမူ ခပ်တောင့်တောင့်သာ ပြုံးပြလိုက်၏။ သူမ၏စိတ်ထဲတွင်မူ သည်လိုသွေးများ စီးဆင်းနေသော မိသားစုက မည်သို့အပြစ်ကင်းစင်နိုင်ပါမည်နည်းဟု တွေးတောနေခဲ့၏။ မည်သို့ပင်ဆိုစေ လုမိသားစုက မျိုးရိုးအစဉ်အဆက်အရ ကျော်ကြားခဲ့သော မျိုးရိုးမြင့်  မဟုတ်ခဲ့ပေ။
စည်းမျဉ်းတွေဟုတ်လား၊ ဘာစည်းမျဉ်းကို လိုက်နာရမှာလဲ၊ ဒီမိသားစုက စည်းမျဉ်းကိုတောင် သိရဲ့လား၊ သူတို့က အခြားသူတွေအပေါ် နင်းခြေပြီး သူတို့ ထိပ်ဆုံးရောက်အောင် တက်ချင်နေကြတာပဲလေ။
လုမိသားစုနှင့်ပတ်သက်ပြီး သူမတွင် နက်ရှိုင်းသောအမုန်းတရားရှိသည်။ သူမ၏ကလဲ့စားချေမှုနှင့် လုရှီမင်တို့က အမြွှာညီမကို ချစ်ခဲ့တာကြောင့်သာမဟုတ်လျှင် သည်နေရာတွင် နေရန်စိတ်ကူးပင် မရှိပေ။
အကောင်းဆုံးကြိုးစားကာ အမူအရာကိုထိန်းပြီးနောက်တွင် ယဲ့ကျန်းက သခင်မကြီးလုကို တွေ့ရန်အခန်းထဲမှ ထွက်ခွာခဲ့လိုက်၏။
...
အပိုင်း ၉
လုရှန်းကျစ်နှင့်ယဲ့ကျန်းတို့ လမ်းလျှောက်နေချိန်တွင် သူတို့ဖိနပ်ပါးမှ သစ်သားကြမ်းပြင်ပေါ် ထိခတ်သံကသာ ထွက်ပေါ်နေခဲ့သည်။ သူတို့၏ ရင်ခုန်နှုန်းက မြန်ဆန်နေခဲ့ကာ မသက်မသာ ခံစားနေရ၏။ စံအိမ်၏အပေါ်ထပ်အစွန်းသို့ ခြေချလိုက်ချိန်တွင် ယဲ့ကျန်း အရှိန်နှုန်းကို နှေးကွေးလိုက်ပြီး လုရှန်းကျစ်ကဲ့သို့ ခပ်အေးအေးလမ်းလျှောက်နေသူနှင့် ခြေနှစ်လှမ်းခန့် ခွာထားလိုက်သည်။
သူတို့ ရောက်သွားသောအခါ အသက် ၅၀၊ ၆၀ ခန့် အရွယ်ရှိသော အဖွားကြီး တစ်ယောက်က အဓိကထိုင်ခုံတွင် ထိုင်နေကြောင်း မြင်လိုက်ရသည်။ သူမ၏ဆံပင်က နက်မှောင်ကာ တောက်ပနေ၏။ ဘေးဘက်တွင်ရှိသော သားမွှေးထိုင်ခုံများကိုမူ လုရှီမင်နှင့်ဖေးရှီတို့က နေရာယူထားသည်။ အဖွားအိုကြီးနှင့်အနီးဆုံးနေရာကို လုရှီမင်က နေရာယူထားပြီး ရယ်မောကာ စကားပြောနေကြ၏။
ယဲ့ကျန်းတို့ ဝင်သွားသည်နှင့် ခေါင်းများက လှည့်လာကာကြည့်ကြသည်။ သူမက တည်ငြိမ်စွာဖြင့် အရိုအသေပြုလိုက်၏။
“အာ  ဒါက မင်းတို့ပြောတဲ့ နည်းနည်းရိုင်းတယ်ဆိုတဲ့ ကလေးလေးလား၊ အံ့အားသင့်စရာကောင်းလောက်အောင် ယဉ်ကျေးသိမ်မွေ့ပြီး ဉာဏ်ကောင်းမဲ့ ပုံလေးပါပဲ”
သခင်မကြီးလုက ပြောသည်။
သူမက မျက်နှာတွင် အသိအမှတ်ပြုသော အပြုံးမျိုးဖြင့် ကြည့်နေ၏။ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သောအခါ လုလင်ကျစ်ကို ယဲ့ကျန်း မမြင်ရပေ။
သူ ဘာလို့မရှိတာလဲ။
ယဲ့ကျန်း၏တင်းကြပ်နေသော စိတ်အခြေအနေက အနည်းငယ် အေးဆေးသွားသည်။ သူ့ကို သူမက တွေ့ရမည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။ သူမ၏မုန်းတီးမှုကြောင့် လက်ရှိအနေအထားကို မေ့လျော့ပြီး တစ်စုံတစ်ရာကို လုပ်လိုက်မိမည်ကို သူမ စိုးရိမ်မိ၏။ ဒါက ချိန်ကိုက်ဗုံးကဲ့သို့ ကိုယ့်ကိုယ်ကိုယ် သူ့ရှေ့တွင် မထိန်းချုပ်နိုင်မည်ကို စိုးရိမ်နေခဲ့သည်။
ယဲ့ကျန်းက အတွေးနက်သွားကာ သခင်မကြီးလု၏မေးနေသောစကားကို မကြားလိုက်ပေ။ ထို့ကြောင့် ဖေးရှီက ညင်သာစွာ သူမကို ထူရန်ပြင်နေရာမှ မမျှော်လင့်ထားဘဲ ချီးကျူးသံကြောင့် ရှက်ရွံ့စွာပြုံးလိုက်သည်။
“ဒီကလေးမလေးက နယ်မြို့လေးက လာတာဆိုတော့ လောကကြီးကို သိပ်မြင်ဖူးတာမဟုတ်ဘူး၊ နောက်ပြီး ဖျားနာနေတာနဲ့ အခုမှသက်သာလာခဲ့တာပါ”
လုရှီမင်က ယဲ့ကျန်းက မတုံ့ပြန်ကြောင်း မြင်သောအခါ သခင်မကြီးလုကို ပြောပြလိုက်သည်။
သခင်မကြီးလုက ယဲ့ကျန်းကို လုရှီမင်၏ မွေးစားသမီးမှန်း မသိပေ။ ထို့ကြောင့် သူမ၏ မြေးအရင်းဟုထင်နေ၏။ ကောင်မလေးက ခန္ဓာကိုယ်က ပိန်ပါးကြောင်း မြင်သောအခါ သနားစိတ်ဝင်သွားလေပြီး စိုးရိမ်မှုဖြင့် အနားသို့ အလျင်စလိုခေါ်လိုက်၏။
“အခု မြေးကို စိုးရိမ်တာကို အပြစ်မတင်နဲ့တော့၊ မြေးကိုကြည့်ပါဦး အရိုးနဲ့အရေပြားတွေကြီးပဲ ရှိတော့တယ်၊ တစ်နေ့ချင်းစီ ပြန်လည်ကျန်းမာလာတာကို စောင့်ကြည့်ရမယ်၊ လှပတဲ့ပန်းလေး တဖြည်းဖြည်း ပွင့်လန်းလာသလိုပေါ့”
ဒါက ယဲ့ကျန်း၏အတိတ်ကို ပြန်လည်သတိရသွားစေသည်။
သူမက သက်သောင့်သက်သာနေရသော ဘဝတွင် ကံကောင်းစွာ မွေးဖွားလာသော မိန်းကလေးများထဲမှ တစ်ယောက်ဖြစ်၏။ ကြီးကျယ်ခမ်းနားသော ပတ်ဝန်းကျင်အသိုင်းအဝန်းတွင် ကြီးပြင်းလာခဲ့သည်။ သူမ၏အဖွားက သူမကို အလိုလိုက်ရုံသာမကဘဲ ဖခင်ကလည်း ချစ်သည်။ သူမက ချစ်မြတ်နိုးခံရပြီး ကြော့ရှင်းကြည့်ကောင်းစွာ ကြီးပြင်းလာခဲ့ရ၏။ သူမနှင့် မတန်သောသူကိုသာ သဘောမကျခဲ့လျှင် ဆိုးရွားသောဘဝတွင် ရှင်သန်ခဲ့ရပြီး တောက်ပသောအနာဂတ်ကို ဆုံးရုံးခဲ့ရလိမ့်မည် မဟုတ်ပေ။
သခင်မကြီးလုက ပြုံးကာ ယဲ့ကျန်း၏သေးငယ်သော ကိုယ်လေးကို ပွေ့ဖက်လိုက်သည်။
“အဖေကလည်း အဲဒီလိုပဲပြောပါတယ်၊ လူတွေက တဖြည်းဖြည်းပွင့်လာတဲ့ ပန်းလေးတွေကို ကြည့်ရတာ သဘောကျတာတဲ့”
“ဒီကလေးမကတော့လေ”
လုရှီမင်က ရယ်သည်။ သူ့သမီး၏ တက်ကြွသောဘက်ခြမ်းကို ပြန်တွေ့ရသောအခါ ကျေနပ်သွား၏။
ဖေးရှီက သခင်မကြီးလုက တင်းကြပ်စွာပွေ့ဖက်ထားသော အနေအထားတွင် ရှိနေသည့် ယဲ့ကျန်းကိုကြည့်ကာ ဂုဏ်ယူစွာ ပြုံးလိုက်သည်။ သခင်မကြီးလုကဲ့သို့ ကျေနပ်အောင်လုပ်ရန် အခက်အခဲဆုံးသူက သူမသမီးယောင်ယောင်၏ ချစ်စဖွယ်ကောင်းမှုတွင် မလွတ်မြောက်နိုင်သောအခါ ကျေနပ်သွားရသည်။ သူမက မိသားစုကို ကောင်းကျိုးပေးမည့် သမီးငယ်လေးဖြစ်သည်။
သခင်မကြီးလုက ယဲ့ကျန်း၏စကားကြောင့် အံ့ဩသွားရာက အော်ရယ်သည်။ အနားတွင် အသင့်စောင့်နေသောအစေခံများကလည်း ကျေနပ်မှုကို မထိန်းချုပ်နိုင်ကြပေ။ သည်ကလေးမလေးက ကြည်သာစွာပြုံးကာ ခပ်တည်တည်ပုံစံလေး ပြန်ပြောင်းလိုက်သည့်အခါ အားလုံးကို သဘောကျစေ၏။
ယဲ့ကျန်းကမူ လုလင်ကျစ် မရှိသည့်အတွက် စိတ်အေးနေသည်။ လုလင်ကျစ်က သူမကို တွေ့သောအခါ သတိထားမိပြီး ချက်ချင်းသတ်လာမည်ကို စိုးရိမ်နေခြင်းဖြစ်၏။
“ဘာလို့ ကြာနေတာလဲ”
လုရှီမင်က ရုတ်တရက် ဝင်လာသူကို မေးသည်။
“ကျွန်တော် အစ်ကိုကြီးကို စာဖတ်ခန်းထဲမှာ သွားကြည့်တာလေ၊ သူက အလုပ်တွေ လက်စသတ်ပြီးတာနဲ့ ရောက်လာပါလိမ့်မယ်”
လုရှန်းကျစ်က ပြော၏။
ယဲ့ကျန်း အသက်ရှူအောင့်လိုက်မိကာ လက်သီးကို တင်းကြပ်စွာဆုပ်လိုက်မိ၏။ သူမလက်သည်းက လက်ဝါးကို စိုက်သွားကာ သွေးများပင် ကျလာသည်။
အခုအချိန်အထိ လုလင်ကျစ်ကို အမူအရာမပျက်ဘဲ ဘယ်လိုရင်ဆိုင်ရမလဲ ငါ မသိသေးဘူး။
ထိုနာကျင်မှုက သူမကို အသိပြန်ဝင်စေနိုင်စွမ်းရှိ၏။
လုလင်ကျစ်က မိတ်ဆွေဟန်ဆောင်ကာ သူမကို အယုံသွင်းပြီးလှည့်ဖြားခဲ့သည်။ တုံးအသောသူမ ကျရှုံးခြင်းကိုစောင့်ကြည့်နေခဲ့၏။ သူက ဟန်ဆောင်မျက်နှာဖုံးတပ်ကာ လိမ်လည်လှည့်ဖြားခဲ့ပြီး သူမ ပြောပြသောအမှန်တရားတွေကတစ်ဆင့် သူမ၏နေရာအမှန်ကို ထိုညီမဖြစ်သူက အစားထိုးခဲ့၏။ သူက သူမ၏ဘဝကို အဆုံးသတ်ပေးခဲ့သောသူလည်း ဖြစ်နေခဲ့သေးသည်။
ဒီကောင် ဒီလိုလုပ်ခဲ့တာကို ဒီလူတွေ သိရဲ့လား။
သူမ သိချင်သွားသည်။ သူမ၏ဘဝတွင် ပြန်လည်မွေးဖွားလာသောအခါ ထို့ထက်ပိုပြီး ရွံစရာကောင်းတာ မရှိတော့ပေ။
လုလင်ကျစ်ကို အစ်ကိုတစ်ယောက်အနေနဲ့ ဘယ်လိုများ သတ်မှတ်ရမှာလဲ။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now