Part 189

625 71 2
                                    

အခန်း ၁၈၉

ဆေးဝါးအကယ်ဒမီက ကျောင်းသူများကို အိမ်ပြန်လည်သည့် အချိန်အတောအတွင်း နှစ်ရက်တာနားခွင့်ပြုထားသည်။ မနက်ဖြန်ဆိုလျှင် ယဲ့ကျန်းက အိမ်ပြန်နားရမည် ဖြစ်ပြီး နှစ်ရက်တာ အနားယူနိုင်သည်။ သူမအနေနှင့် လုစံအိမ်သို့ မပြန်ချင်သေးသော်လည်း သခင်မလုက သူမ၏အင်္ကျီလက်ထဲတွင် မည်ကဲ့သို့သော အရာမျိုးကို ဝှက်ထားမည်မှန်း မသိနိုင်လေရာ ပြန်ရန် လိုအပ်နေသည်။

သို့သော် သည်နေ့အတွက်ကမူ ...

သည်နေ့ဟာ နေ့ကောင်းတစ်ရက်ဖြစ်သည်။ ဆောင်းတွင်းလေတိုက်ခတ်ဟန်အရ ရာသီဥတုဟာ ကောင်းမွန်နေသည်။ ကောင်းကင်ကလည်းကြည်နေပြီး နေရောင်ကလည်း တောက်ပသည်။ အတိတ်ရက်များက နှင်းကျသော နေ့ရက်များရှိခဲ့သော်လည်း သည်နေ့အခြေအနေကမူ ကြိုဆိုခံရသလိုမျိုး ကောင်းမွန်နေပြီဖြစ်သည်။

ထို့ကြောင့်ချင်ဖူကျစ်ဟာ သည်နေ့ကိုကောင်းကောင်းအသုံးချပြီး သူ၏ကျောင်းသူများကို ဆေးဝါးအကယ်ဒမီ၏ ချွေ့ရန်တောင်တန်းထဲတွင်ရှိသော ဆေးခင်းများထံ လိုက်ပါပို့ဆောင်သည်။ ထိုထဲသို့ရောက်သွားပြီးနောက်တွင် ဆေးဝါးအပင်များ၏အကြောင်းကို သင်ကြားပြသပြီးနောက်တွင် အမျိုးအမည်ခွဲခြားပြရမည်ဖြစ်သည်။

သည်ဆေးခင်းကြီးဟာ ချွေ့ရန်တောင်ခြေတွင် သိပ်သည်းစွာရှိနေပြီး အရောင်အဝါတောက်ပကာ လှပနေသည်။ သဘာဝအလျောက်ပေါက်ရောက်နိုင်စေရန် အထူးဂရုစိုက်မှုများကြားတွင် ရှင်သန်ကြီးထွားလာကြခြင်းဖြစ်သည့်အတွက် ပြောရန်ပင် မလိုလောက်အောင် အရည်အသွေးပြည့်မီနေတော့သည်။ နဂိုကတည်းက ထိုဆေးပင်များက ရတနာများဖြစ်သည်။ ယခုကဲ့သို့ ကာကွယ်ခြင်းဟာလည်း သဘာဝရတနာကို ကာကွယ်ခြင်းနှင့်အတူတူသာလျှင်ဖြစ်သည်။ သို့တိုင်အောင် ဆေးဝါးအကယ်ဒမီမှလူများ၏ ကြိုးစားအားထုတ်မှုကြောင့် သည်ဆေးခင်ဟာ နဂိုရှိသင့်သည်ထက် ပို၍ပင် အရည်အသွေးမြင့်မားနေတော့သည်။

ပြောရလျှင် ဟိုနေရာ သည်နေရာတွေမှာ အလားတူဆေးပင်မျိုးကိုတွေ့ရခဲ့ပါက တပ်ရင်းတစ်ဖွဲ့က စောင့်ရှောက်ကာကွယ်ထားလျှင်ပင် လုံခြုံမှုရှိသည်ဟု မထင်ရလောက်အောင် တန်ဖိုးကြီးမားသောဆေးပင်များဖြစ်နေလေသည်။ သည်ဆေးပင်များကို ကာကွယ်နိုင်ရန်အလို့ငှာ ယခင်ရက်အနည်းငယ်အတွင်း အပူချိန်ကို အထူးဂရုစိုက်ထားရပြီး အမည်မသိရသော ပစ္စည်းများကိုဖြန့်ခင်းထားရသည်။ ကြားရသည့်အတိုင်းဆိုလျှင် ထိုဆေးပင်များ ရာသီဥတုကြောင့်ဆိုးရွားပြီး သေဆုံးသွားခြင်းမှ ကာကွယ်ရန်အလို့ဖြစ်သည်။ ယခုတလော အလွန်အမင်း အေးစက်လာပြီး နှင်းများကျလာခြင်းဟာ ထိုအပင်များအပေါ် သက်ရောက်မှု မရှိခြင်းဟာလည်း ထိုသို့ ကြိုတင်ပြင်ဆင်ကာကွယ်ထားသောကြောင့်ဖြစ်သည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now