part 13

2K 178 1
                                    

unicode

အပိုင်း(၁၃)
သူမ၏ လက်ဖ၀ါးမှ စိတ်ဝိညာဉ်(၂)
ယဲ့ကျန်က ပြုံးလိုက်ကာ သိုင့်မေ့ကို အကူအညီတောင်းပြီး သူမကို အ၀တ်လဲစေသည်။ လက်ရှိအချိန်တွင် သူမ၏အခြေအနေက ကောင်းမွန်နေသည်၊၊ သူမ၏တည်ရှိမူကို နောက်ပြန်ဆွဲရန် မဖြစ်နိုင်တော့သလို သူမ၏အဆောင်အခန်းတွင်း ပုန်းကွယ်နေရန် မလိုတော့ပေ။ ထိုသို့  ပုန်းကွယ်နေမည်ဆိုလျှင်တောင် သူမ၏မုန်းတီးမူများက ပျောက်ကွယ်သွားမည် မဟုတ်ပေ။ ထိုကြောင့်  မနက်စာစားပြီးနောက်တွင် ယဲ့ကျန်းနှင့်သူမ၏အစေခံက ခန်းမအတွင်းသို့ သွားကာ သခင်မကြီးလုကို သွားရောက်နှုတ်ဆက်သည်။
သူမ၏ခြံ၀န်းငယ်လေးထဲမှ ထွက်လိုက်ရုံနှင့် ယဲ့ကျင်းက အခြားတဖက်မှ ကြော့ရှင်းစွာ ထွက်လာသည့် လုကျင်းကို မြင်လိုက်ရသည်။ သူမ၏ပတ်၀န်းကျင်ရှိ လေထုအရှိန်အ၀ါအရ သူမက ကုန်သွယ်မိသားစုမှ သာမန်အမျိုးသမီးတစ်ယောက်ဆိုသည်ထက် အဆင့်အတန်းမြင့်သော သခင်မကြီးတစ်ယောက်အလား ပြုမူနေခဲ့၏။
“စတုတ်ထညီမ’’
ယဲ့ကျန်းက ဦးစွာ အနားကပ်သွားလိုက်၏။ သူမ၏တည်ရှိမူကိုတစ်ဖက်လူကို ပြောပြလိုက်သည်။ သူမကသာ သည်မိသားစုမှ အထင်ကြီးမှုကို ယူလိုလျှင် လူတိုင်းက သူမ၏တည်ရှိမူကို အသိမှတ်ပြုပြီး သူမကို အာရုံစိုက်လာအောင်ကြိုးစားရပေလိမ့်မည်။
“ပြောင်ကျဲကလည်း အခုမှပဲ လာနှုတ်ဆက်တယ်’’
လုကျင်းက ယဲ့ကျန်းကို အေးချမ်းစွာ ကြည့်ပြီး ပြောသည်။
“အခုက ဘယ်အချိန်မို့လို့လဲ၊ ဒီထက်ပိုပြီး အချိန်ကို လေးစားရမှာပေါ့’’
“ပြောင်ကျဲ စိတ်ထဲ မှတ်ထားလိုက်ပါ့မယ်၊ စတုတ္ထညီမ "
ယဲ့ကျန်းက ချိုမြိန်စွာ ပြုံးသည်။ လုကျင်းက ယဲ့ကျန်းကို သေချာစိုက်ကြည့်ပြီးနောက် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ သူမ၏စိတ်ထဲတွင် တောကျိုအုံကြားမှ တက်လာသောသူက သူမ၏၀မ်းကွဲဟုပင် ခေါ်ရန် မထိုက်တန်ပေ။ ထိုလူရိုင်းမလေးအပေါ်  မနှစ်မြို့မူများကို ဖုံးကွယ်ထားခြင်းမရှိပေ။
“တတိယသခင်မလေး ကျေးဇူးပြုပြီး စတုတ္ထသခင်မလေးရဲ့ ရန်လိုတဲ့စကားတွေကို စိတ်ထဲမထားပါနဲ့။ သူမက အမျိုးသမီးအကယ်ဒမီကို တက်ပြီး ကျော်ကြားတဲ့ ပါမောက္ခဆီက ချီးကျုးခံထားရလို့ ပျော်နေတဲ့ပုံပါပဲ၊ လုမိသားစုက တိုင်းပြည်မှာ အတော်ကျော်ကြားလာပြီးနောက်မှာ သခင်မလေးလုက ဒီမျိုးရိုးကြောင့် ဖိအားတွေ များနေခဲ့တာပါ"
သိုင်မေ့က ခပ်တိုးတိုးဖြင့် နှစ်သိမ့်လာသည်။ ယဲ့ကျန်း၏စိတ်ထဲ ခံစားသွားရမည်ကို စိုးရိမ်ဟန် ရ၏။

zawgyi

အပိုင္း(၁၃)
သူမ၏ လက္ဖ၀ါးမွ စိတ္ဝိညာဥ္(၂)
ယဲ့က်န္က ျပဳံးလိုက္ကာ သိုင့္ေမ့ကို အကူအညီေတာင္းၿပီး သူမကို အ၀တ္လဲေစသည္။ လက္႐ွိအခ်ိန္တြင္ သူမ၏အေျခအေနက ေကာင္းမြန္ေနသည္၊၊ သူမ၏တည္႐ွိမူကို ေနာက္ျပန္ဆြဲရန္ မျဖစ္ႏိုင္ေတာ့သလို သူမ၏အေဆာင္အခန္းတြင္း ပုန္းကြယ္ေနရန္ မလိုေတာ့ေပ။ ထိုသို႔  ပုန္းကြယ္ေနမည္ဆိုလွ်င္ေတာင္ သူမ၏မုန္းတီးမူမ်ားက ေပ်ာက္ကြယ္သြားမည္ မဟုတ္ေပ။ ထိုေၾကာင့္  မနက္စာစားၿပီးေနာက္တြင္ ယဲ့က်န္းႏွင့္သူမ၏အေစခံက ခန္းမအတြင္းသို႔ သြားကာ သခင္မႀကီးလုကို သြားေရာက္ႏႈတ္ဆက္သည္။
သူမ၏ျခံ၀န္းငယ္ေလးထဲမွ ထြက္လိုက္႐ုံႏွင့္ ယဲ့က်င္းက အျခားတဖက္မွ ေၾကာ့႐ွင္းစြာ ထြက္လာသည့္ လုက်င္းကို ျမင္လိုက္ရသည္။ သူမ၏ပတ္၀န္းက်င္႐ွိ ေလထုအ႐ွိန္အ၀ါအရ သူမက ကုန္သြယ္မိသားစုမွ သာမန္အမ်ိဳးသမီးတစ္ေယာက္ဆိုသည္ထက္ အဆင့္အတန္းျမင့္ေသာ သခင္မႀကီးတစ္ေယာက္အလား ျပဳမူေနခဲ့၏။
“စတုတ္ထညီမ’’
ယဲ့က်န္းက ဦးစြာ အနားကပ္သြားလိုက္၏။ သူမ၏တည္႐ွိမူကိုတစ္ဖက္လူကို ေျပာျပလိုက္သည္။ သူမကသာ သည္မိသားစုမွ အထင္ႀကီးမႈကို ယူလိုလွ်င္ လူတိုင္းက သူမ၏တည္႐ွိမူကို အသိမွတ္ျပဳၿပီး သူမကို အာ႐ုံစိုက္လာေအာင္ႀကိဳးစားရေပလိမ့္မည္။
“ေျပာင္က်ဲကလည္း အခုမွပဲ လာႏႈတ္ဆက္တယ္’’
လုက်င္းက ယဲ့က်န္းကို ေအးခ်မ္းစြာ ၾကည့္ၿပီး ေျပာသည္။
“အခုက ဘယ္အခ်ိန္မို႔လို႔လဲ၊ ဒီထက္ပိုၿပီး အခ်ိန္ကို ေလးစားရမွာေပါ့’’
“ေျပာင္က်ဲ စိတ္ထဲ မွတ္ထားလိုက္ပါ့မယ္၊ စတုတၳညီမ "
ယဲ့က်န္းက ခ်ိဳၿမိန္စြာ ျပဳံးသည္။ လုက်င္းက ယဲ့က်န္းကို ေသခ်ာစိုက္ၾကည့္ၿပီးေနာက္ ဂုဏ္ယူစြာျဖင့္ ေျပာလိုက္သည္။ သူမ၏စိတ္ထဲတြင္ ေတာက်ိဳအုံၾကားမွ တက္လာေသာသူက သူမ၏၀မ္းကြဲဟုပင္ ေခၚရန္ မထိုက္တန္ေပ။ ထိုလူ႐ိုင္းမေလးအေပၚ  မႏွစ္ၿမိဳ႕မူမ်ားကို ဖုံးကြယ္ထားျခင္းမ႐ွိေပ။
“တတိယသခင္မေလး ေက်းဇူးျပဳၿပီး စတုတၳသခင္မေလးရဲ႕ ရန္လိုတဲ့စကားေတြကို စိတ္ထဲမထားပါနဲ႔။ သူမက အမ်ိဳးသမီးအကယ္ဒမီကို တက္ၿပီး ေက်ာ္ၾကားတဲ့ ပါေမာကၡဆီက ခ်ီးက်ဳးခံထားရလို႔ ေပ်ာ္ေနတဲ့ပုံပါပဲ၊ လုမိသားစုက တိုင္းျပည္မွာ အေတာ္ေက်ာ္ၾကားလာၿပီးေနာက္မွာ သခင္မေလးလုက ဒီမ်ိဳး႐ိုးေၾကာင့္ ဖိအားေတြ မ်ားေနခဲ့တာပါ"
သိုင္ေမ့က ခပ္တိုးတိုးျဖင့္ ႏွစ္သိမ့္လာသည္။ ယဲ့က်န္း၏စိတ္ထဲ ခံစားသြားရမည္ကို စိုးရိမ္ဟန္ ရ၏။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now