part 72

1.4K 136 3
                                    

Unicode

အပိုင်း (၇၂) လရောင်အောက်က နတ်ဆိုးဆန်တဲ့အလှလေး (၂)
ရုတ်တရက် ထိုမိန်းမဟာ ရေကူးခြင်းကို ရပ်တန့်သွားသည်။ မော့ရုန်ကျန်း များစွာစိတ်ပျက်သွားရ၏။ အမှန်ပင် သူမက ကြည့်ကောင်းကြော့ရှင်းစွာ စုန်ဆန်ချည်ကူးနေခြင်းကို သူ နှစ်သက်မိလေသည်။ သို့ရာတွင် ယဲ့ကျန်း ရေထဲမှ မတ်တတ်ထရပ်လိုက်သောအခါ မင်သက်ဖွယ်ကောင်းပြီး ပို၍ ဆွဲဆောင်မှုရှိသော မြင်ကွင်းက သူ့ကို ကြိုဆိုလာခဲ့၏။ ဒါက သူမ၏တစ်ကိုယ်လုံးနီးပါးကို သူ မြင်လိုက်ရသည်။
သူမက ရေကန်အလယ်တွင်ရှိသော ကျောက်တုံးပြားပေါ် တက်ထိုင်သည်။ အလွန် မောပန်းနွမ်းနယ်ဟန်ဖြင့် အသက်ပြင်းပြင်းရှူနေခဲ့၏။ သူမ၏ ဘေးတိုက်ပုံရိပ်ကို ရှင်းလင်းစွာ သူ မြင်နေရသည်။ သူမ၏အနေအထားအရ သူ့အနေဖြင့် လှပသော ခန္ဓာကိုယ်အနေအထားကို ရှင်းလင်းစွာ မြင်နိုင်၏။
သူမ၏ခါးများက လက်တစ်ဖက်တည်းဖြင့် ကိုင်နိုင်ရုံမျှ သေးငယ်သည်။ သူမ၏ရင်ဘတ်ကမူ တောက်ပသောလမင်းအောက်တွင် ရောင်ပြန်ဟပ်နေကာ အသက်ရှူလိုက်တိုင်း နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။ လရောင်အောက်တွင် နတ်ဆိုးတစ်ကောင်နှင့်ပင် တူနေခဲ့သေးသည်။ လှပသော နတ်ဆိုးဖြစ်၏။ သူမ၏ ကြာပန်းရောင်၊ နှင်းဆီရောင်သန်းသော နူးညံ့သော ထိုအရေပြားက ကျောက်စိမ်းကဲ့သို့ ထင်ရသေးပြန်ကာ လှုပ်ရှားမှုတိုင်းက ကြော့ရှင်းကြည့်ကောင်းပြီး ဆွဲဆောင်မှု ပြင်းထန်နေခဲ့၏။
ထိုမျှမင်သက်ဖွယ်ကောင်းသော ပုံရိပ်ကို မြင်ရသောအခါ မော့ရုန်ကျန်းအနေဖြင့် သူ၏အသက်ရှူသံကပင် လေးလံလာခဲ့ပြီး ထိန်းချုပ်၍ မရနိုင်ဘဲ ကျောက်တုံးများကိုပင် ကန်ထုတ်ကာ ထိုနေရာသို့ အလျင်စလိုသွားလိုက်မိသည်။ ကျောက်တုံးပေါ်တွင် ထိုင်နေသော အလှတရားအောက်တွင် သူ၏အသိစိတ်က ပျောက်ရှသွားခဲ့ကာ မနေနိုင်ဘဲ နီးကပ်သွားခဲ့မိ၏။
ယဲ့ကျန်းက အားနည်းနေသည်ဟု ခံစားနေခဲ့ရသည်။ ကျောက်တုံးများပေါ်တွင် ထိုင်ပြီးမှ တစ်ခဏခန့် အနားယူချင်၏။ အချိန်အတန်ကြာ ရေကူးခပ်ပြီးနောက်တွင် သူမ၏စိတ်အခြေအနေက တည်ငြိမ်သွားခဲ့လေပြီ။ ဝမ်းနည်းမှု၊ ဒေါသများကလည်း ဖိနှိမ့်ခံလိုက်ရ၏။ နောက်ဆုံးတွင် သူမ ပြန်၍သာ အိပ်ချင်တော့သည်။ မနက်ဖြန်ဆိုလျှင် သူမ သန်မာသောသူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
ရုတ်တရက် ဆူညံသံသဲ့သဲ့ကို သူမ ကြားလိုက်ရသည်။ ယဲ့ကျန်း သံသယအပြည့်ဖြင့် နောက်လှည့်ကြည့်လိုက်၏။ ထိုအခါ သူမ ခေါင်းလှည့်လိုက်သောအခါ စိတ်အတွင်းပိုင်းအထိ အံ့ဩသွားခဲ့ရ၏။
ရွှေအရင့်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က တစ်ချိန်လုံးနီးပါး ရေပူစမ်းများ၏အခြားတစ်ဖက်တွင် ရပ်နေကြောင်း သူမ သတိမထားမိခဲ့ပေ။ သူ၏ ကျယ်ပြောသောပုခုံး....ဝတ်ရုံများက အောက်တွင် တွဲလောင်းကျနေခဲ့၏။ သူ၏ ခါးပတ်က သာမန်ကာလျှံကာ အနေအထားမျိုးဖြင့် ချည်ထားကာ သန်မာသောရင်ဘတ်ကို ဖော်ထုတ်ပြသနေခဲ့၏။
မော့ရုန်ကျန်းလား။
ယဲ့ကျန်း အေးခဲသွားကာ စိုက်ကြည့်လိုက်မိ၏။
သူက ဘာလို့ ဒီမှာရှိနေတာလဲ။
ယဲ့ကျန်း ကြောင်အနေချိန်တွင်ပင် မော့ရုန်ကျန်းက ရေကန်ထဲသို့ ကူးခပ်လာသည်။ သူမ ရှိရာဘက်သို့ လာနေ၏။ သူ၏ကိုယ်မှ ရေထဲသို့ ခုန်ဆင်းလိုက်သည်နှင့် တည်ငြိမ်နေသောရေပြင်က ပွက်ထသွားကာ နောက်ဆုံးတွင် မင်သက်နေသော ယဲ့ကျန်းကို လှုပ်နှိုးလိုက်သည်။
အမြန်ဆုံးနည်းဖြင့်တုန့်ပြန်ကာ သူမ ရေထဲသို့ ရေသူမတစ်ကောင်ကဲ့သို့ ခုန်ဆင်းလိုက်ပြီး ရေပူစမ်းနံရံ အောက်ခြေပိုင်းတွင် အနည်းငယ်ပွင့်နေသော အပေါက်ငယ်လေးမှ တစ်ဆင့် အမြန်ထွက်သွားရန် ကြံစည်လိုက်သည်။ သူမအနေဖြင့် သည်လိုအခြေအနေမျိုးတွင် မော့ရုန်ကျန်းကို မဆုံသင့်ပေ။ သူမတို့ ဆုံ၍မရသေးပါပေ။
သူမ ထိုနေရာသို့ ရောက်သောအချိန်တွင်ပင် ကြီးမားသောလက်တစ်ဖက်က သူမ၏ခြေထောက်ကို လှမ်းဆွဲကာ နောက်သို့ပြန်ဆောင့်ဆွဲခေါ်၏။
ယဲ့ကျန်းက ရုန်းကန်ပြီးနောက် အခြားသော အဆွဲမခံထားရသော ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန် ဆောင့်ကန်လိုက်သည်။
တစ်စက္ကန့်အတွင်းတွင်ပင် ခပ်အုပ်အုပ်ညည်းသံကို ကြားလိုက်ရသည်။ သူမ၏ခြေထောက်ကလည်း လွတ်သွားခဲ့ကာ အချိန်ဖြုန်းမနေဘဲ ချက်ချင်းပင် ကူးခပ်ပြီးနောက် သစ်သားနံရံအပေါက်ကြားထဲမှ အခြားတစ်ဖက်သို့ သွား၏။ ထို့နောက် သိုင့်မေ့ကို အလောတကြီးခေါ်သည်။
မော့ရုန်ကျန်းက သူ၏သွေးထွက်နေသော နှာခေါင်းကို လက်ဖြင့်အုပ်ထားပြီးနောက် သူ့ရှေ့တွင်ရှိသော သေးငယ်သော သစ်သားနံရံမှ အပေါက်လေးကို ကြည့်သည်။ ပထမဆုံးအကြိမ် မိန်းမတစ်ယောက်က သူ့ကို ကန်လိုက်ခြင်းဖြစ်သည်။
ဒီမိန်းမက သူ့အတွက် စီစဉ်ပေးထားတာမဟုတ်ရင် ဘယ်သူလဲ။
သူက ထိုနေရာကို တစ်ခဏခန့် စိုက်ကြည့်နေပြီးနောက် ရေပူစမ်းထဲမှ အေးစက်သောမျက်နှာထားဖြင့် ထွက်ခွာလိုက်သည်။ သူ့အနေဖြင့် သူမနောက်သို့လိုက်ရန် မဖြစ်နိုင်ပေ။ ထိုအပေါက်က သူ့အတွက် ကျဉ်းလွန်း၏။
တောအုပ်ငယ်လေးကဲ့သို့ အလှဆင်ထားသော ပန်းခြံငယ်လေးမှ ကျော်ဖြတ်ပြီးနောက်တွင် မိန်းမစိုးဖူက အဝတ်အစားများဖြင့် အဆင်သင့်စောင့်နေကြောင်း မြင်လိုက်ရသည်။
မော့ရုန်ကျန်းက ရေစိုဝတ်ရုံကို လဲပြီးနောက်တွင် ချန်းသဲ့တောင်စံအိမ်သို့ ပြန်သည်။ ထန်းကျန့်နှင့်လုလင်ကျစ်တို့က သူနှင့်အတူ အမဲလိုက်ရန် လိုက်လာခဲ့ခြင်းဖြစ်လေရာ ခန်းမအတွင်းတွင် စောင့်ဆိုင်းနေခဲ့၏။ သူတို့က သူ ပြန်လာကြောင်းမြင်သောအခါ ဒူးထောက်ကာ ဦးညွှတ်ကြသည်။
“မော့ပါ”
မော့ရုန်ကျန်း၏အသံက အေးစက်နေကာ မျက်ဝန်းများကမူ ကြောက်မက်ဖွယ်ပင် ကောင်းနေခဲ့သေး၏။
လုလင်ကျစ်နှင့်ထန်းကျန့်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဧကရာဇ်က စိတ်အခြေအနေ ကောင်းဟန် မရပေ။
“အရှင်မင်းကြီး ဘာဖြစ်တာပါလဲ”
ထန်းကျန့်က မော့ရုန်ကျန်း၏နှာခေါင်းမှ သွေးထွက်နေကြောင်း မြင်သောအခါ ကူကယ်ရာမဲ့လျက်အသေးစိတ်အချက်အလက်ကို မေးတော့သည်။
ထန်းကျန့်၏မေးခွန်းကို ကြားသောအခါ မော့ရုန်ကျန်း၏စိတ်အခြေအနေက ပို၍အချဉ်ပေါက်သွားသည်။
“ကျန်း အဆင်ပြေတယ်၊ ငါ ကိုယ်တော် ဒီအနီးအနားရေပူစမ်းမှာ ရေသွားစိမ်ရုံပဲ”
ထန်းကျန့်က ပြုံးကာပြောသည်။
“အကြံကောင်းပါပဲ၊ နွေးထွေးတဲ့ရေပူစမ်းမှာ ရေစိမ်ရတာက အကောင်းဆုံး အခြေအနေပါပဲ၊ ကျွန်တော်တို့ မနက်ဖြန် အမဲလိုက်ပြီးပြန်လာရင် ရေပူစမ်းထဲမှာ သွားပြီး စိမ်သင့်ပါသေးတယ်”
ငါ ဒီမိန်းမနဲ့ ထပ်တွေ့မှာလား။
မော့ရုန်ကျန်း ထိုအမျိုးသမီးနှင့် ထပ်တွေ့လျှင်ဟု ပြန်တွေးလိုက်မိသောအခါ သူက သူမကို လွှတ်မပေးတော့ဟု ဆုံးဖြတ်လိုက်သည်။
“ဒီအနီးအနားမှာ အခြားရေပူစမ်းတွေ ရှိနေသေးတာလား”
သူက ပေါ့ပါးစွာမေးသည်။ လုလင်ကျစ်၏အပြုံးက ကြော့ရှင်းသွားပြီးနောက် ဖြေသည်။
“အရှင်မင်းကြီး ရှိပါတယ်၊ အရှင်မင်းကြီး ကျွန်တော်ရဲ့မိသားစုကို ချီးမြှင့်ထားတဲ့ ကျွင်းကျစ်ရေပူစမ်းတွေ ရှိပါတယ်”
သည်အဖြေရသောအခါ မော့ရုန်ကျန်း၏အကြည့်က ပို၍ အေးစက်သွားသည်။
ဆိုတော့ ဒီမိန်းမက လုမိသားစုကလား။
သူက နှာခေါင်းကိုပွတ်သည်။
ဒီတော့ ဒီမိန်းမပေါ်လာတာက ရည်ရွယ်ချက်ရှိရှိဆိုရင် ဘာလို့ သူ့ကို ကန်သွားရသေးတာလဲ။
သူ၏နဖူးများကပင် ကြုတ်သွားတော့သည်။
ဘာလဲ ဒီမိန်းမက သူ့ကိုနှာဘူးလို့ ထင်သွားတာလား။
...
Zawgyi
အပိုင္း (၇၂) လေရာင္ေအာက္က နတ္ဆိုးဆန္တဲ့အလွေလး (၂)
႐ုတ္တရက္ ထိုမိန္းမဟာ ေရကူးျခင္းကို ရပ္တန္႔သြားသည္။ ေမာ့႐ုန္က်န္း မ်ားစြာစိတ္ပ်က္သြားရ၏။ အမွန္ပင္ သူမက ၾကည့္ေကာင္းေၾကာ့႐ွင္းစြာ စုန္ဆန္ခ်ည္ကူးေနျခင္းကို သူ ႏွစ္သက္မိေလသည္။ သို႔ရာတြင္ ယဲ့က်န္း ေရထဲမွ မတ္တတ္ထရပ္လိုက္ေသာအခါ မင္သက္ဖြယ္ေကာင္းၿပီး ပို၍ ဆြဲေဆာင္မႈ႐ွိေသာ ျမင္ကြင္းက သူ႕ကို ႀကိဳဆိုလာခဲ့၏။ ဒါက သူမ၏တစ္ကိုယ္လုံးနီးပါးကို သူ ျမင္လိုက္ရသည္။
သူမက ေရကန္အလယ္တြင္႐ွိေသာ ေက်ာက္တုံးျပားေပၚ တက္ထိုင္သည္။ အလြန္ ေမာပန္းႏြမ္းနယ္ဟန္ျဖင့္ အသက္ျပင္းျပင္း႐ွဴေနခဲ့၏။ သူမ၏ ေဘးတိုက္ပုံရိပ္ကို ႐ွင္းလင္းစြာ သူ ျမင္ေနရသည္။ သူမ၏အေနအထားအရ သူ႕အေနျဖင့္ လွပေသာ ခႏၶာကိုယ္အေနအထားကို ႐ွင္းလင္းစြာ ျမင္ႏိုင္၏။
သူမ၏ခါးမ်ားက လက္တစ္ဖက္တည္းျဖင့္ ကိုင္ႏိုင္႐ုံမွ် ေသးငယ္သည္။ သူမ၏ရင္ဘတ္ကမူ ေတာက္ပေသာလမင္းေအာက္တြင္ ေရာင္ျပန္ဟပ္ေနကာ အသက္႐ွဴလိုက္တိုင္း နိမ့္ခ်ည္ျမင့္ခ်ည္ ျဖစ္ေန၏။ လေရာင္ေအာက္တြင္ နတ္ဆိုးတစ္ေကာင္ႏွင့္ပင္ တူေနခဲ့ေသးသည္။ လွပေသာ နတ္ဆိုးျဖစ္၏။ သူမ၏ ၾကာပန္းေရာင္၊ ႏွင္းဆီေရာင္သန္းေသာ ႏူးညံ့ေသာ ထိုအေရျပားက ေက်ာက္စိမ္းကဲ့သို႔ ထင္ရေသးျပန္ကာ လႈပ္႐ွားမႈတိုင္းက ေၾကာ့႐ွင္းၾကည့္ေကာင္းၿပီး ဆြဲေဆာင္မႈ ျပင္းထန္ေနခဲ့၏။
ထိုမွ်မင္သက္ဖြယ္ေကာင္းေသာ ပုံရိပ္ကို ျမင္ရေသာအခါ ေမာ့႐ုန္က်န္းအေနျဖင့္ သူ၏အသက္႐ွဴသံကပင္ ေလးလံလာခဲ့ၿပီး ထိန္းခ်ဳပ္၍ မရႏိုင္ဘဲ ေက်ာက္တုံးမ်ားကိုပင္ ကန္ထုတ္ကာ ထိုေနရာသို႔ အလ်င္စလိုသြားလိုက္မိသည္။ ေက်ာက္တုံးေပၚတြင္ ထိုင္ေနေသာ အလွတရားေအာက္တြင္ သူ၏အသိစိတ္က ေပ်ာက္႐ွသြားခဲ့ကာ မေနႏိုင္ဘဲ နီးကပ္သြားခဲ့မိ၏။
ယဲ့က်န္းက အားနည္းေနသည္ဟု ခံစားေနခဲ့ရသည္။ ေက်ာက္တုံးမ်ားေပၚတြင္ ထိုင္ၿပီးမွ တစ္ခဏခန္႔ အနားယူခ်င္၏။ အခ်ိန္အတန္ၾကာ ေရကူးခပ္ၿပီးေနာက္တြင္ သူမ၏စိတ္အေျခအေနက တည္ၿငိမ္သြားခဲ့ေလၿပီ။ ဝမ္းနည္းမႈ၊ ေဒါသမ်ားကလည္း ဖိႏွိမ့္ခံလိုက္ရ၏။ ေနာက္ဆုံးတြင္ သူမ ျပန္၍သာ အိပ္ခ်င္ေတာ့သည္။ မနက္ျဖန္ဆိုလွ်င္ သူမ သန္မာေသာသူတစ္ေယာက္ ျဖစ္သြားေပလိမ့္မည္။
႐ုတ္တရက္ ဆူညံသံသဲ့သဲ့ကို သူမ ၾကားလိုက္ရသည္။ ယဲ့က်န္း သံသယအျပည့္ျဖင့္ ေနာက္လွည့္ၾကည့္လိုက္၏။ ထိုအခါ သူမ ေခါင္းလွည့္လိုက္ေသာအခါ စိတ္အတြင္းပိုင္းအထိ အံ့ဩသြားခဲ့ရ၏။
ေ႐ႊအရင့္ေရာင္ဝတ္႐ုံကို ဝတ္ဆင္ထားေသာ လူတစ္ေယာက္က တစ္ခ်ိန္လုံးနီးပါး ေရပူစမ္းမ်ား၏အျခားတစ္ဖက္တြင္ ရပ္ေနေၾကာင္း သူမ သတိမထားမိခဲ့ေပ။ သူ၏ က်ယ္ေျပာေသာပုခုံး....ဝတ္႐ုံမ်ားက ေအာက္တြင္ တြဲေလာင္းက်ေနခဲ့၏။ သူ၏ ခါးပတ္က သာမန္ကာလွ်ံကာ အေနအထားမ်ိဳးျဖင့္ ခ်ည္ထားကာ သန္မာေသာရင္ဘတ္ကို ေဖာ္ထုတ္ျပသေနခဲ့၏။
ေမာ့႐ုန္က်န္းလား။
ယဲ့က်န္း ေအးခဲသြားကာ စိုက္ၾကည့္လိုက္မိ၏။
သူက ဘာလို႔ ဒီမွာ႐ွိေနတာလဲ။
ယဲ့က်န္း ေၾကာင္အေနခ်ိန္တြင္ပင္ ေမာ့႐ုန္က်န္းက ေရကန္ထဲသို႔ ကူးခပ္လာသည္။ သူမ ႐ွိရာဘက္သို႔ လာေန၏။ သူ၏ကိုယ္မွ ေရထဲသို႔ ခုန္ဆင္းလိုက္သည္ႏွင့္ တည္ၿငိမ္ေနေသာေရျပင္က ပြက္ထသြားကာ ေနာက္ဆုံးတြင္ မင္သက္ေနေသာ ယဲ့က်န္းကို လႈပ္ႏိႈးလိုက္သည္။
အျမန္ဆုံးနည္းျဖင့္တုန္႔ျပန္ကာ သူမ ေရထဲသို႔ ေရသူမတစ္ေကာင္ကဲ့သို႔ ခုန္ဆင္းလိုက္ၿပီး ေရပူစမ္းနံရံ ေအာက္ေျခပိုင္းတြင္ အနည္းငယ္ပြင့္ေနေသာ အေပါက္ငယ္ေလးမွ တစ္ဆင့္ အျမန္ထြက္သြားရန္ ၾကံစည္လိုက္သည္။ သူမအေနျဖင့္ သည္လိုအေျခအေနမ်ိဳးတြင္ ေမာ့႐ုန္က်န္းကို မဆုံသင့္ေပ။ သူမတို႔ ဆုံ၍မရေသးပါေပ။
သူမ ထိုေနရာသို႔ ေရာက္ေသာအခ်ိန္တြင္ပင္ ႀကီးမားေသာလက္တစ္ဖက္က သူမ၏ေျခေထာက္ကို လွမ္းဆြဲကာ ေနာက္သို႔ျပန္ေဆာင့္ဆြဲေခၚ၏။
ယဲ့က်န္းက ႐ုန္းကန္ၿပီးေနာက္ အျခားေသာ အဆြဲမခံထားရေသာ ေျခေထာက္ျဖင့္ ျပင္းျပင္းထန္ထန္ ေဆာင့္ကန္လိုက္သည္။
တစ္စကၠန္႔အတြင္းတြင္ပင္ ခပ္အုပ္အုပ္ညည္းသံကို ၾကားလိုက္ရသည္။ သူမ၏ေျခေထာက္ကလည္း လြတ္သြားခဲ့ကာ အခ်ိန္ျဖဳန္းမေနဘဲ ခ်က္ခ်င္းပင္ ကူးခပ္ၿပီးေနာက္ သစ္သားနံရံအေပါက္ၾကားထဲမွ အျခားတစ္ဖက္သို႔ သြား၏။ ထို႔ေနာက္ သိုင့္ေမ့ကို အေလာတႀကီးေခၚသည္။
ေမာ့႐ုန္က်န္းက သူ၏ေသြးထြက္ေနေသာ ႏွာေခါင္းကို လက္ျဖင့္အုပ္ထားၿပီးေနာက္ သူ႕ေ႐ွ႕တြင္႐ွိေသာ ေသးငယ္ေသာ သစ္သားနံရံမွ အေပါက္ေလးကို ၾကည့္သည္။ ပထမဆုံးအႀကိမ္ မိန္းမတစ္ေယာက္က သူ႕ကို ကန္လိုက္ျခင္းျဖစ္သည္။
ဒီမိန္းမက သူ႕အတြက္ စီစဥ္ေပးထားတာမဟုတ္ရင္ ဘယ္သူလဲ။
သူက ထိုေနရာကို တစ္ခဏခန္႔ စိုက္ၾကည့္ေနၿပီးေနာက္ ေရပူစမ္းထဲမွ ေအးစက္ေသာမ်က္ႏွာထားျဖင့္ ထြက္ခြာလိုက္သည္။ သူ႕အေနျဖင့္ သူမေနာက္သို႔လိုက္ရန္ မျဖစ္ႏိုင္ေပ။ ထိုအေပါက္က သူ႕အတြက္ က်ဥ္းလြန္း၏။
ေတာအုပ္ငယ္ေလးကဲ့သို႔ အလွဆင္ထားေသာ ပန္းျခံငယ္ေလးမွ ေက်ာ္ျဖတ္ၿပီးေနာက္တြင္ မိန္းမစိုးဖူက အဝတ္အစားမ်ားျဖင့္ အဆင္သင့္ေစာင့္ေနေၾကာင္း ျမင္လိုက္ရသည္။
ေမာ့႐ုန္က်န္းက ေရစိုဝတ္႐ုံကို လဲၿပီးေနာက္တြင္ ခ်န္းသဲ့ေတာင္စံအိမ္သို႔ ျပန္သည္။ ထန္းက်န္႔ႏွင့္လုလင္က်စ္တို႔က သူႏွင့္အတူ အမဲလိုက္ရန္ လိုက္လာခဲ့ျခင္းျဖစ္ေလရာ ခန္းမအတြင္းတြင္ ေစာင့္ဆိုင္းေနခဲ့၏။ သူတို႔က သူ ျပန္လာေၾကာင္းျမင္ေသာအခါ ဒူးေထာက္ကာ ဦးၫႊတ္ၾကသည္။
“ေမာ့ပါ”
ေမာ့႐ုန္က်န္း၏အသံက ေအးစက္ေနကာ မ်က္ဝန္းမ်ားကမူ ေၾကာက္မက္ဖြယ္ပင္ ေကာင္းေနခဲ့ေသး၏။
လုလင္က်စ္ႏွင့္ထန္းက်န္႔တို႔ အၾကည့္ခ်င္း ဖလွယ္လိုက္ၾကသည္။ ဧကရာဇ္က စိတ္အေျခအေန ေကာင္းဟန္ မရေပ။
“အ႐ွင္မင္းႀကီး ဘာျဖစ္တာပါလဲ”
ထန္းက်န္႔က ေမာ့႐ုန္က်န္း၏ႏွာေခါင္းမွ ေသြးထြက္ေနေၾကာင္း ျမင္ေသာအခါ ကူကယ္ရာမဲ့လ်က္အေသးစိတ္အခ်က္အလက္ကို ေမးေတာ့သည္။
ထန္းက်န္႔၏ေမးခြန္းကို ၾကားေသာအခါ ေမာ့႐ုန္က်န္း၏စိတ္အေျခအေနက ပို၍အခ်ဥ္ေပါက္သြားသည္။
“က်န္း အဆင္ေျပတယ္၊ ငါ ကိုယ္ေတာ္ ဒီအနီးအနားေရပူစမ္းမွာ ေရသြားစိမ္႐ုံပဲ”
ထန္းက်န္႔က ျပဳံးကာေျပာသည္။
“အၾကံေကာင္းပါပဲ၊ ေႏြးေထြးတဲ့ေရပူစမ္းမွာ ေရစိမ္ရတာက အေကာင္းဆုံး အေျခအေနပါပဲ၊ ကြၽန္ေတာ္တို႔ မနက္ျဖန္ အမဲလိုက္ၿပီးျပန္လာရင္ ေရပူစမ္းထဲမွာ သြားၿပီး စိမ္သင့္ပါေသးတယ္”
ငါ ဒီမိန္းမနဲ႔ ထပ္ေတြ႕မွာလား။
ေမာ့႐ုန္က်န္း ထိုအမ်ိဳးသမီးႏွင့္ ထပ္ေတြ႕လွ်င္ဟု ျပန္ေတြးလိုက္မိေသာအခါ သူက သူမကို လႊတ္မေပးေတာ့ဟု ဆုံးျဖတ္လိုက္သည္။
“ဒီအနီးအနားမွာ အျခားေရပူစမ္းေတြ ႐ွိေနေသးတာလား”
သူက ေပါ့ပါးစြာေမးသည္။ လုလင္က်စ္၏အျပဳံးက ေၾကာ့႐ွင္းသြားၿပီးေနာက္ ေျဖသည္။
“အ႐ွင္မင္းႀကီး ႐ွိပါတယ္၊ အ႐ွင္မင္းႀကီး ကြၽန္ေတာ္ရဲ႕မိသားစုကို ခ်ီးျမႇင့္ထားတဲ့ ကြၽင္းက်စ္ေရပူစမ္းေတြ ႐ွိပါတယ္”
သည္အေျဖရေသာအခါ ေမာ့႐ုန္က်န္း၏အၾကည့္က ပို၍ ေအးစက္သြားသည္။
ဆိုေတာ့ ဒီမိန္းမက လုမိသားစုကလား။
သူက ႏွာေခါင္းကိုပြတ္သည္။
ဒီေတာ့ ဒီမိန္းမေပၚလာတာက ရည္႐ြယ္ခ်က္႐ွိ႐ွိဆိုရင္ ဘာလို႔ သူ႕ကို ကန္သြားရေသးတာလဲ။
သူ၏နဖူးမ်ားကပင္ ၾကဳတ္သြားေတာ့သည္။
ဘာလဲ ဒီမိန္းမက သူ႕ကိုႏွာဘူးလို႔ ထင္သြားတာလား။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now