part 66

1.4K 145 1
                                    

Unicode

အပိုင်း (၆၆) ခင်ပွန်းနှင့်ဇနီးကြားမှ ပြေငြိမ်းမှု(၂)
လုရှီမင်က ခပ်မြန်မြန်တောင်းပန်သည်။
“အမေ့ကြောင့်သာ မဟုတ်ရင် ကိုယ်က သူမကို အပြင်မှာ ရပ်နေခွင့်တောင် ပြုထားမှာမဟုတ်ဘူး၊ ဒီအကြောင်းကို တွေးမနေပါနဲ့၊ မင်းသာ ကိုယ့်ကို ဒီရက်တွေမှာ လျစ်လျူရှုထားတာ၊ ကိုယ့်မှာ ကောင်းကောင်းလည်း မအိပ်နိုင်ဘူး၊ ကောင်းကောင်းလည်း မစားနိုင်ပါဘူး၊ ကလေးတွေကတောင် ဒါကိုသတိထားမိနေကြပြီ၊ ကိုယ့်ကို ခွင့်လွှတ်တော့မှာလား”
“ဒါပေါ့ ကျွန်မ ခွင့်လွှတ်ဖို့ပဲ ရှိတော့တာပဲ၊ ရှင့်သမီးက ရှင့်ကို လက်မလျှော့ချင်တာလေ”
ဖေးရှီက နှာခေါင်းရှုံ့ပြီးပြောသည်။ သို့သော် သူမ၏မျက်နှာတွင် ပေါ့ပါးသောအပြုံးက ရှိနေခဲ့သည််
“ယောင်ယောင်က ရေပူစမ်းကို သွားချင်နေတယ်၊ ကျွန်မတို့အိမ်နားမှာလည်း ဒီလိုစမ်းရေကန်လေးရှိနေတာကို မှတ်မိသေးတယ်၊ တကယ်လို့ ရှင်သာ ရက်အနည်းငယ် အချိန်ရမယ်ဆိုရင် ကျွန်မတို့နဲ့အတူ လိုက်လာသင့်တယ်၊ မဟုတ်ရင်လည်း ကျွန်မ ယောင်ယောင်နဲ့ ရှန်းအာကိုပဲ ခေါ်သွားလိုက်မယ်၊ ရှင့်ကို ခေါ်မနေတော့ဘူး”
“ကိုယ် အချိန်အများကြီး မရမှာစိုးရိမ်တယ်၊ ကိုယ်သေချာပေါက် မင်းတို့ကို အဲဒီနေရာကို ခေါ်သွားပြီး တစ်ညလောက်တော့ ရအောင် နေပေးမှာပါ”
လုရှီမင်က ခပ်တိုးတိုးပြောသည်။ သူက သူ၏ဇနီးနှင့် အချိန်များစွာ ဖြုန်းချင်သော်လည်း အရာရှိ ဖြစ်လာသောအခါ လုပ်ရမည့်ကိစ္စများစွာက ရှိလာခဲ့သည်။ အရာအားလုံးကို လျစ်လျူရှုထား၍ မရတော့ပေ။
သူမ၏ခင်ပွန်းကို အဓိပ္ပာယ်ရှိရှိကြည့်ပြီးနောက်တွင် သူမ တွေးလိုက်သည်။ ဖေးရှီအနေဖြင့် သူမနှင့် သူမ၏ကလေးများက ရေပူစမ်းသို့ သွားနေချိန်တွင် လုရှီမင်တစ်ယောက်တည်း ကျန်နေခဲ့ပါက ရွှယ်လျှိုကို အခွင့်အရေး ပေးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
လုရှီမင်ကလည်း သူမ၏အကြည့်ကို ကြည့်နေရင်းမှ သူမ၏အတွေးကို နားလည်လိုက်သည်။ ထို့ကြောင့် အားပေးသလိုပြောလိုက်၏။

“မနက်ဖြန်ကျရင် ကိုယ်အမေ့ကို သွားပြောပြီး မိသားစုရဲ့စည်းမျဉ်းတွေအတိုင်း ဆောင်ရွက်ခိုင်းလိုက်မယ်၊ အခု ကိုယ်တို့က အရင်ကနဲ့ တူတော့တာ မဟုတ်ဘူး၊ ကိုယ်တို့ အရင်ကလို အနီးကပ်ခေါ်ထားပြီး အရှေ့ဘက်ခြံဝန်းဆီ အစေခံတွေကို လာခွင့်ပြုလို့ မဖြစ်တော့ဘူး၊ ရွှယ်လျှိုက အနာဂတ်မှာ ကိုယ့်အနားကပ်ခွင့် မရစေရဘူး၊ ကိုယ် သူမကို ရက်အနည်းငယ် အရှေ့ဘက်ခြံဝန်းမှာ ရပ်ခွင့်ပေးထားခဲ့တာနဲ့တင် တော်လောက်ပြီ၊ နောက်ပိုင်းတော့ ဒီလိုလုံးဝမဖြစ်စေရဘူး၊ ဒါနဲ့ မင်း ရေပူစမ်းကနေ ပြန်လာခဲ့ရင် ကိုယ့်ကို အဆောင်တော်ကို လာခွင့်ပြုမယ်မဟုတ်လား”ိ
သူ၏မျက်နှာတွင် ယောက်ျားဆန်သောအပြုံးက ဖြစ်တည်လာခဲ့သည်။ ဖေးရှီအနားသို့ပင် ကပ်လာခဲ့သေး၏။
ဖေးရှီက ရယ်သည်။
“ယောင်ယောင်က ဆရာမရှန်းကိုပါ ပြောပြီးရေပူစမ်းကို အတူသွားမယ်လို့ ပြောထားတယ်၊ စာမေးပွဲက လဝက်နေရင် ကျင်းပတော့မယ်၊ ကျွန်မစိုးရိမ်တာက အချိန်တိုအတွင်း ပြန်မလာနိုင်မှာကိုပဲ”
အပြစ်မကင်းသလို အမူအရာမျိုးဖြင့် လုရှီမင်က သူ၏သမီးကို ရက်အနည်းငယ် လျစ်လျူရှုခဲ့မိကြောင်း သတိရသွားကာ စိတ်မကောင်းဖြစ်သွားသည်။
“ယောင်ယောင် စာမေးပွဲ အောင်တာ ကျတာက အရေးမကြီးပါဘူး”
အဖေတစ်ယောက်အနေဖြင့် သူ၏သမီးကို သဘာဝမဆန်စွာ အလွန်ချစ်မြတ်နိုးလှကာ မည်သို့သော အနေအထားနှင့်မဆို  လုယောင်ယောင်ကိုသာ ထောက်ပံ့ပေးမည်ဖြစ်သည်။ သူမ ကျရှုံးလျှင်ပင် ပြဿနာမရှိပေ။ မည်သို့ပင်ဆိုစေ ထိုသို့ကျသွားခဲ့လျှင်ပင် လုယောင်ယောင်က သူ ဂုဏ်ယူရသော သမီးဖြစ်နေသေးသည်။
“ဒါပေမဲ့ လုမိသားစုက ဘယ်လိုမိန်းကလေးကများ အကယ်ဒမီကို မတက်ချင်ကြလို့လဲ၊ ကျွန်မတို့သမီးကို သူများတွေထက် နိမ့်ကျမှာကိုတော့ မဖြစ်စေချင်ပါဘူး”
ဒါက မိခင်တိုင်း၏ဆန္ဒဖြစ်သည်။ သူမတို့၏ကလေးကို အကောင်းဆုံးသော ဘဝကိုသာ ပိုင်ဆိုင်စေလိုကြ၏။
“စိုးရိမ်ဖို့မလိုဘူး၊ ယောင်ယောင်က ဘယ်လောက်ဉာဏ်ကောင်းလိုက်သလဲ၊ သေချာပေါက် ယောင်ယောင် စာမေးပွဲအောင်လိမ့်မယ်”
လုရှီမင်က ရယ်သည်။
“ကိုယ် ရှန်းအာဆီက ကြားထားတဲ့အတိုင်းဆိုရင် ယောင်ယောင်လေးက တစ်နေ့တခြား လှသထက်လှလာပြီး မိန်းမဆန်လာတယ်ဆို၊ ဒီလိုဆိုရင် မြို့တော်က သူမနဲ့ အရမ်းလိုက်ဖက်နေတာဖြစ်မယ်”
သို့သော် ဖေးရှီ၏မျက်နှာက စိုးရိမ်နေသေးသည်။ သူမက လက်ကိုရမ်းကာခါလိုက်၏။ လုရှီမင်က သူမ၏အမူအရာ ပြောင်းလဲမှုကို မြင်ယောင်သောအခါ အခြေအနေကို မေးမြန်းသည်။
“ရှင် မှတ်မိသေးလား၊ ယောင်ယောင်ကို ကျွန်မတို့ကိုပေးခဲ့တဲ့အဲဒီသူက … သူ့ရဲ့လေသံအရ သူမက မြို့တော်က လူပဲ၊ တစ်ယောက်ယောက်ကများ ယောင်ယောင်ကို သူတို့ရဲ့သမီးအဖြစ် မှတ်မိသွားနိုင်လား”
ဖေးရှီက စိုးရိမ်စွာမေးသည်။ သူမ၏မျက်လုံးတွင် မျက်ရည်က ဝေ့ဝဲနေလေပြီ။ သူမယောက်ျား၏လက်ကို ဖမ်းဆုပ်ပြီးနောက် နာကျင်စွာ ပြုံးပြလိုက်၏။ သူမ၏သားကို မွေးပြီးကတည်းက သူမအနေဖြင့် ကိုယ်ဝန်ဆောင်ရန် မဖြစ်နိုင်ခဲ့ပေ။ သို့သော် နယ်မြို့သို့ ရောက်သောအခါ သမီးတစ်ယောက်လိုချင်စိတ်က ပြင်းပြနေခဲ့၏။ သူမ အမှန်ပင် သမီးတစ်ယောက် ရခဲ့သည်။ သူမနှင့်သူမ၏ယောက်ျားက လုယောင်ယောင်ကို တုံ့ဆိုင်းမှုမရှိဘဲ ချစ်မြတ်နိုးခဲ့ကြ၏။ ဖေးရှီက လမ်းတွင် ဖျားနာခဲ့ပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့ကာ ကိုယ်ဝန်မဆောင်နိုင်သည်အထိ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ထိုအချိန်က သူမတို့၏အိမ်အရှေ့သို့လုယောင်ယောင် ရောက်လာခဲ့သောအခါ မည်မျှပျော်ရွှင်ခဲ့ရကြောင်း သူမမှလွဲပြီး မည်သူမျှ မသိနိုင်ခဲ့ပေ။ အဆင့်မြင့်ပိုးသားဖြင့် ထွေးပွေ့ထားသော ထိုချစ်စရာကလေးလေးက အလွန်အမင်း တောက်ပသော အလင်းရောင်များကို လွှတ်ထုတ်မတတ်ဖြစ်နေခဲ့၏။
ဒါပေမဲ့ အခု လုယောင်ယောင်က သူမရဲ့သမီးဖြစ်နေပြီ၊ ဘာလို့များ သူများဆီ ပြန်ပေးရမှာလဲ။
၁၅ နှစ်ပင် ကုန်လွန်သွားခဲ့ချေပြီ။ လုယောင်ယောင်ကိုသာ သူမတို့လက်ကို မအပ်ခဲ့လျှင် သူမ လုယောင်ယောင်ကိုလည်း သိနေလိမ့်မည်မဟုတ်ပေ။ သို့ရာတွင် ယခု သိနေနှင့်ပြီးလေပြီ။ ယခင်ကအတိုင်း ပြန်လည်ပြောင်းလဲရန်က မဖြစ်နိုင်တော့ပေ။ သေချာပေါက် သူမ၏သမီးအဖြစ်သာ ရှိနေစေချင်တော့၏။
“ဘာပဲဖြစ်ဖြစ် ဒီနှစ်တွေမှာ ဘယ်သူကမှ ယောင်ယောင်ကို လာရှာခဲ့တာမျိုးမှ မရှိတာ၊ သေချာပေါက် ရှိခဲ့ရင်တောင်မှ မစိုးရိမ်ပါနဲ့၊ ယောင်ယောင်က ကိုယ်တို့ရဲ့သမီးပဲ”
လုရှီမင်က နှစ်သိမ့်သည်။
ဖေးရှီက ခပ်တိုးတိုးပြောသည်။
“ရှင် ယောင်ယောင်က ဘယ်သူ့ကလေးလဲဆိုတာ ရှာတွေ့ခဲ့လား"
“ကိုယ် မရှာဘူး၊ ကိုယ်တို့ သံသယကို မဝင်သင့်တာ၊ ကိုယ် သံသယမဝင်အောင်လည်း ကြိုးစားတယ်”
လုရှီမင်က ပြောသည်။
“ကိုယ် မင်းနဲ့အတူ လိုက်ခဲ့မယ်၊ ဘာမှ မစိုးရိမ်နဲ့တော့၊ အများကြီး တွေးမနေပါနဲ့”
ဖေးရှီက တစ်စုံတစ်ယောက်ကသာ သူမတို့၏ သမီးကို လာလုရဲလျှင် သူမကလည်း လက်လျော့ခြင်းမရှိဘဲ တိုက်ခိုက်မည်ဟု ဆုံးဖြတ်ထားလိုက်၏။
သူမတို့၏ချစ်ခြင်းက အမေနှင့်သမီးချစ်ခြင်းဖြစ်ကာ နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ အခြားသော နောက်မှရောက်လာသော သွေးရင်းများက လာခွဲ၍ မရနိုင်စေရပေ။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now