Part 121

924 84 1
                                    

Unicode
အပိုင်း (၁၂၁) သရဲ သရဲ သရဲ (၁)
နောက်တစ်ရက်တွင် ယဲ့ကျန်းက ပြင်ဆင်ရန်အတွက် မနက်စောစောထသည်။ သည်နေ့တွင် သူမက အမျိုးသမီးအကယ်ဒမီတွင် ဝင်ခွင့်စာမေးပွဲ သွားရောက်ဖြေဆိုရမည်ဖြစ်သည်။
မသက်မသာ ဖြစ်နေသော လေထုအခြေအနေကို ခံစားမိနေခဲ့သည်။ သူမက နယ်မြို့မှလာသော တောရိုင်းမလေး ဖြစ်သည်။ ထို့ကြောင့် ယုံကြည်မှု အလွန်ရှိနေခဲ့လျှင် သံသယဝင်စရာ ကောင်းသွားပေလိမ့်မည်။ သခင်မကြီးလုက ရည်ရွယ်ချက်ရှိရှိဖြင့် သူမကို အဖော်ပြုရန် လုဖန်းကို ပြောပေးသည်။ သည်နေ့ လုကျင်းကလည်း အတန်းမတက်ပေ။ ထို့ကြောင့် သူတို့အားလုံးက ယဲ့ကျန်းကို အကယ်ဒမီသို့ လိုက်ပါပို့ဆောင်ကြမည်ဖြစ်သည်။
ယဲ့ကျန်းက လုကျင်း၏စိတ်အားထက်သန်မှုကို မကြိုဆိုလိုပေ။ ထိုညီအစ်မများက သူမက ဟာသပြက်လုံးဖြစ်ခြင်းကို ကြည့်လိုနေကြခြင်း ဖြစ်သည်။
သည်နေ့တွင် ယဲ့ကျန်းက သန့်စင်ကောင်းမွန်သော ရေပြာရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသည်။  ပန်းဖူးများပွင့်နေသော ပုံသဏ္ဌာန်များကို ရေးထိုးထားပြီး ခါးတွင် သေးသိမ်သွားသောသဏ္ဌာန် ဖြစ်သည်။ အနောက်ပိုင်းမှလာသော အရောင်တောက်သည့် ပိုးသားကို အစိမ်းရောင်အစများဖြင့် အလှဆင် ဝတ်ဆင်ထားခြင်းဖြစ်သည်။ ထို့ကြောင့် သူမ၏တစ်ကိုယ်လုံးက ကျောက်စိမ်းဖြူ အသားအရေနှင့် ပေါင်းစပ်လိုက်သော် အလွန်ထည်ဝါသွားသည်။ ထို့အပြင် သူမ၏တောက်ပသော မျက်ဝန်းများ၊ ပါးလျသောမျက်ခုံးနှင့် ချစ်စဖွယ်ပုံပန်းသွင်ပြင်အားလုံးက ထင်ရှားနေသည်။ သူမက လှပသော ဆေးရေးပန်းချီကားတစ်ချပ်နှင့်တူသည်။ တစ်ချက်ကြည့်ရုံမျှဖြင့်ပင် သူမ၏အလှတွင် ဖမ်းစားခံရနိုင်သည်။
ယဲ့ကျန်းက အလွန်သန့်စင်ပြီး ကြည်လင်သောရေကန်အတွင်းမှ ကြာပန်းလေးအလား လန်းဆန်းနေသည်။ ထို့ကြောင့် လုကျင်းပင် သူမထံမှ အကြည့်မလွှဲနိုင်တော့ပေ။
သူမ၏စိတ်ထဲတွင် မနာလိုမှုများက ပြည့်နှက်နေခဲ့ပြီဖြစ်သည်။ လုယောင်ယောင်က အရာအားလုံးတွင် ရှုံးသွားလျှင်ပင် သူမ၏ရုပ်သွင်တစ်ခုတည်းနှင့် လူတိုင်းက သူမကို မှတ်မိသွားအောင် လုပ်နိုင်စွမ်းရှိသည်။
“ယောင်ယောင် ငါလည်း နင် ပေးတဲ့ အလှဆီကိုသုံးတာပဲ၊ ဘာလို့ ငါ့ရဲ့မျက်နှာကတော့ မပြောင်းလဲသွားတာလဲ”
ချန်းလီပင်းက ယဲ့ကျန်း၏ ပြီးပြည့်စုံနေသော မျက်နှာကို ကြည့်လျက် ယဲ့ကျန်း၏မျက်နှာကို ဆွဲခွာချင်ပြီး သူမ၏မျက်နှာတွင် ကောက်တပ်ချင်ရလောက်အောင် မနာလိုဖြစ်လာသည်။
ယဲ့ကျန်းက ကြင်နာစွာဖြေသည်။
“ဒီအလှဆီက မှော်ဆေးမှ မဟုတ်တာ၊ တစ်ရက် နှစ်ရက်လောက်နဲ့ သက်ရောက်မှု ဘယ်ရှိပါ့မလဲ၊ နောက်ပြီး တို့တွေ ကြားမှာ အသားအရေကွာတယ်လေ”
“ဒါဆိုရင် နင်ကကျတော့ ဘာလို့ မြန်မြန်ပြောင်းလဲသွားတာလဲ”
လုကျင်းက နှုတ်ခမ်းစူပြီး ဝင်မေးသည်။
“ပင်ကိုယ်အလှဆိုတာကို  မေးမေးတို့ နားမလည်ပါဘူး”
ယဲ့ကျန်းက ရယ်သည်။
သည်လိုဂုဏ်ယူသောအမူအရာက ထိုနေရာရှိမိန်းကလေးတိုင်းကို စိုးရိမ်စိတ်ဝင်သွားပြီး သူမကို နင်းခြေပစ်ချင်လာစေသည်။
အနာဂတ်တွင် သူတို့၏ အကြီးဆုံးယောက်မဖြစ်လိုသော ချန်းချုံပင်းကမူ ယဲ့ကျန်းကို သူ၏ညီမများကဲ့သို့ မနာလိုဖြစ်ခြင်း မရှိပေ။ သူမက ကြင်နာစွာ ပြောသည်။
“အခုတောင် နောက်ကျတော့မယ်၊ ငါတို့က အခုမှ မသွားရင် ယောင်ယောင် နောက်ကျလိမ့်မယ်၊ ဒီနေ့က မင်းရဲ့အရေးကြီးဆုံးနေ့လေ”
“သူက ဘာပဲဖြစ်ဖြစ် စာမေးပွဲအောင်မှာမှ မဟုတ်တာ၊ ဘာလို့  စောစောသွားနေမှာလဲ”
လုကျင်းက သက်ပြင်းချပြီး ဆက်ပြောသည်။
“တတိယအစ်မ နင်က စာမေးပွဲ မအောင်လည်း ပြဿနာတော့ မရှိပါဘူး”
ထိုအချိန်တွင် လုဖန်းက ရယ်သည်။
“ယောင်ယောင်က စာမေးပွဲတောင် မဖြေရသေးဘူး၊ နင်က ဘာလို့ ဆိုးရွားတဲ့စကားတွေ ပြောနေတာလဲ”
“စတုတ္ထညီမ တကယ်လို့ နင်သာ ပုံပြင်ကောင်းတစ်ပုဒ်ကို ပြောချင်တယ်ဆိုရင် နင်အရင်ဆုံး … စကားကောင်းကောင်း ပြောတတ်ဖို့လိုတယ်”
ချန်းလီပင်းက ရယ်လျက် ဝင်ပြောလာသည်။
ယဲ့ကျန်းကမူ သူတို့၏လှောင်နေခြင်းကို ဂရုမစိုက်ပေ။ သူမ၏စိတ်ထဲတွင် လောင်းကြေးကို မေ့လုနီးပါး ဖြစ်သွားသေးသည်။
ယနေ့တွင် သူမကိုအာရုံစိုက်သူ အလွန်များသည်။ မင်းသမီးလျိုဟွား ကိုယ်တိုင်ကပင် သူမကို လာရောက်စစ်ဆေးမည်ဟု ကြားထားသေး၏။ ဆရာမရှန်းက ထိုနေ့က သူမကို မှင်တက်ဖွယ်ကောင်းလောက်အောင် ဆွံ့အစေခဲ့လေရာ အခြားသူများက ယဲ့ကျန်းထံ လောင်းကြေးထပ်အောင် သူမက လုပ်ဆောင်ခဲ့သေးသည်။ လူအများ၏ရှေ့တွင် ယဲ့ကျန်းက အရှက်ကွဲခြင်းကို ကြည့်ချင်နေသည်။
သူမ၏ အရှက်ကွဲခြင်းက လုမိသားစုတစ်ခုလုံး အရှက်ကွဲခြင်းနှင့်ညီသည်။ ထို့ကြောင့် လုကျင်းကဲ့သို့ အရူးသာလျှင် ဒါကိုသတိမထားမိဘဲ အခြားသူများနှင့်အတူ ဝင်လောင်းနေခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ အကယ်ဒမီကတော့ စည်ကားနေတော့မှာပဲ”
ယဲ့ကျန်းက မျက်နှာသေဖြင့်ပြောသည်။
လုကျင်းက သူမကို လှောင်သလိုကြည့်ပြီးပြောသည်။
“ဒါက အမှန်တော့မဟုတ်ပါဘူး၊ တကယ်တော့ ဝင်ခွင့်စာမေးပွဲက သိပ်ကျော်ကြားတာ မဟုတ်ဘူး၊ အကယ်ဒမီရဲ့ အခြားဂိုဏ်းခွဲတစ်ခုကြောင့်သာဆိုရင်... ဥပမာအားဖြင့် ပညာရေးကျောင်းတော်ဆိုရင် ဒီထက်ပိုပြီး ကျော်ကြားလောက်တယ်”
အကယ်ဒမီကျောင်းတော်အတွင်း ဝင်ခွင့်ဖြေဆိုကြသော မိန်းကလေးအများစုက အသက်ကြီးနေကြပြီ ဖြစ်သည်။ ထို့အပြင် သာမန်မိသားစုနောက်ခံ ရှိနေသူကြသူများလည်း ပါနိုင်သေးသည့်အတွက် ပညာရေးအကယ်ဒမီနှင့် ကွာခြားလေသည်။
ယဲ့ကျန်းက မည်သည့် စကားမှ ဆက်မဆိုတော့ပေ။ စိတ်သဘောထားကျဉ်းမြောင်းသော လုကျင်းကဲ့သို့သောလူမျိုးနှင့် ငြင်းလျှင်လည်း အလကားသာလျှင်ဖြစ်သည်။ ကောင်မလေးများက လူစုခွဲလိုက်ကြပြီး ရထားလုံးနှစ်စီးနှင့်အတူ အကယ်ဒမီသို့ ထွက်ခွာလာခဲ့ကြသည်။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now