Part 171

716 80 1
                                    

အခန်း ၁၇၁

သခင်မကြီးလုက နန်းတော်မှ အပြန်လမ်းတွင် မည်သည့်စကားမှ မဆိုခဲ့ချေ ။သူတို့က သက်တောင့်သက်သာမရှိ သော တိတ်ဆိတ်မှုမျိုးဖြင့် ပြည့်နှက်လျက် ထွက်ခွာလာခဲ့ပြီး မိသားစု၏ ရထားလုံးပေါ်ရောက်သည်အထိ တိတ် ဆိတ်ငြိမ်သက်နေခဲ့သည်။

ရထားလုံးမှလိုက်ကာကိုချပြီးသည့်နောက်တွင် ယဲ့ကျန်း၏ တင်းကျပ်နေသော အမူအရာက ပြေလျော့သွားပြီး သခင်မကြီးလု၏ လက်မောင်းထဲသို့ ပြေးဝင်ကာ ရှိုက်ငိုတော့သည်။

သခင်မကြီးလုဟာ လုယောင်ယောင်၏ တစုံတရာမှားယွင်းမှု လုပ်ခဲ့မည်ဟု သံသယဝင်နေခဲ့ပြီဖြစ်သည် ယခုလို မြေးဖြစ်သူက ရှိုက်ငိုနေသံကို ကြားရခြင်းသည် သူမ ၏နှလုံးသားက နူးညံ့သွားသည် "ယောင်ယောင် အဘွားကို ပြောပါအုံး ဘာဖြစ်ခဲ့တာလဲ"

ယဲ့ကျန်းက အသက်ပြင်းပြင်းရှုသည် သူမ ၏တစ်ကိုယ်လုံးက ရှိုက်ငိုမှုကြောင့် တုန်ယင်နေသည် အချိန်အတန် ကြာသည်အထိ သူမက တိတ်ဆိတ်နေသည် သူမက အန်ကိုပင် ကြိတ်ထား ၏။

"ဝမ်ဖေးက မင်းကိုရိုက်ခဲ့တာလား" သခင်မကြီးလုက စာနာသနားသောလေသံဖြင့် ပြောသည်။

"ဝမ်ဖေးက နားလည်မှုလွဲသွားတာပါ"

ယဲ့ကျန်းက ခက်ခက်ခဲခဲပြောရသည် ၊ သူမက သခင်မကြီးလုကို မယ်တော်ကြီး ၏ အမိန့်ကြောင့် မင်းသားငယ် ကို သွားကြည့်ရန်ထွက်သွားပြီး အပြန်လမ်းတွင် တော်ဝင်မင်းသမီးနှင့် ဆုံကြောင်း ထို့နောက်လုဝူရွှမ်းက ပါးရိုက် ခဲ့ကြောင်း ပြောပြလိုက်သည်။

မော့ရုန်ကျန်းက သူမကို ရေကန်ထဲသို့ ကျမည့်အရေးမှ ကယ်ဆယ်ခဲ့ကြောင်းကိုမူ ချန်လှပ် ထားခဲ့သည်။

ထိုစကားကို ကြားပြီးနောက်တွင် သခင်မကြီးလုက ခေါင်းကိုခါပြီး သက်ပြင်းချသည် "ယောင်ယောင် တို့မင်းကို အထင်မှားမိပြီ"

လုဝူရွှမ်းက ဒေါသတကြီး ထွက်သွားကြောင်း မြင်သောအခါ တစ်စုံတစ်ရာဖြစ်နေမိမှန်း သူမက ခံစားမိခဲ့သည် ။ သခင်မကြီးလုက ဘာမှမလုပ်နိုင်ခဲ့ချေ။ သူမက ဝမ်ဖေးကြီးပြင်းလာခြင်းကို ကြည့်မရသူဖြစ်ပြီး လုဝူရွှမ်း ၏ စရိုက်ကိုလည်း နားလည်ထားသူလည်းဖြစ်သည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now