164 01
အပိုင်း ၁၆၄
"အရှင်မင်းကြီး ဒီအရာရှိရဲ့သမီးက တပည့်အဆင့်ပဲ ရှိသေးတာပါ။ မနက်ဖြန်မှာ ဆေးဝါးအကယ်ဒမီကျောင်းတော်ကို တရားဝင် ဝင်ရောက်မှာပါ"
မင်းသားငယ်ကို ကုဖို့ ဟုတ်လား။ သူ လာနောက်နေတာလား။
"ဒါက အလုပ်မဖြစ်ဘူးဆိုရင် မင်းအနေနဲ့ ဆေးဝါးအကယ်ဒမီကို သွားဖို့ မလိုတော့ဘူး"
မော့ရုန်ကျန်း၏ နှုတ်ခမ်းထောင့်စွန်းများက ကော့တက်ကာ ပြုံးလျက် ယဲ့ကျန်း၏ မျက်ဝန်းများကို စိုက်ကြည့်လာသည်။ ယဲ့ကျန်း၏ မျက်ဝန်းထဲတွင် ဒေါသများရှိကြောင်း သူက မြင်နေရသည်။
သူပေါ်လာကတည်းက ထိုမိန်းကလေးက ခေါင်းကိုသာ ဆက်တိုက်ငုံ့ထားပြီး သူ့ကို ကြည့်ပင် မကြည့်ရဲခဲ့ချေ။ သူကသာ သူမအား မမြင်ဖူးလျှင် သူမက ကြောက်လန့်ပြီး ရှက်နေသည်ဟု ထင်မိလောက်သည်။
ဒါပေမဲ့ ဘာလို့ ဒီမိန်းကလေးဆီမှာ သူ့ကို အထင်အမြင်သေးပြီး ရွံ့ရှာမုန်းတီးတဲ့ ခံစားချက်မျိုး ရှိနေတယ်လို့ ခံစားချက်မျိုး ရှိနေတာလဲ။
ယခု သူ၏ ရက်စက်သော စကားများကြောင့် သူမက သူ့အား မော့ကြည့်လာသည်။ ထိုသို့ဖြင့် မျက်နှာတစ်ခုလုံးက ပေါ်လာတော့သည်။
သူမ၏ကြည်လင်တောက်ပသော အနက်ရောင်မျက်ဝန်းများတွင် ဒေါသများနှင့် စိတ်ရှုပ်ထွေးမှုများ နားမလည်မှုများက ပြည့်နှက်နေသည်။ ဒီနေ့ သူမ၏မျက်ဝန်းများက ထိုမျှ တောက်ပကာ ခံစားချက်အပြည့် ဖော်ပြနိုင်ကြောင်း သူ့အနေနှင့် ပထမဆုံးအကြိမ် ရှာတွေ့လိုက်ရသည်။
"ဘာလဲ။ ကျန်းက မင်းကို အနိုင်ကျင့်တယ်လို့ ထင်လား"
သူမက ဘာမှမပြောသော်လည်း သူမ၏မျက်ဝန်းအရ သူက ခံစားချက်ကို နားလည်နိုင်သည်။ မော့ရုန်ကျန်းဟာလည်း ထိုမျက်ဝန်းမှတစ်ဆင့် သူမပြောလိုသော စကားများကို ပြန်ပြောနိုင်လေသည်။
ဒါက တကယ်စိတ်ဝင်စားဖို့ ကောင်းတယ်။
ယဲ့ကျန်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီးနောက်တွင် သင့်တော်သော အပြုံးမျိုး ပြုံးပြလာကာ သူ၏လှောင်သောစကားကို ဖြေသည်။