part 39

1.6K 159 1
                                    

Unicode

အပိုင်း ၃၉။ လောင်းပြီး ရှုံး(၁)
တောအုပ်၏ နက်ရှိုင်းသောတစ်နေရာတွင် နေထိုင်ရန် ကောင်းမွန်သော အနေအထားမျိုးကို သမင်များက ရှာတွေ့သွားခဲ့ပြီး ရေကန်ဘေးတွင် အဖွဲ့လိုက်ရှိနေကြသည်။ ထိုထဲမှ သမင်တစ်ကောင်က သန့်ရှင်းတောက်ပြောင်ကာ တိတ်ဆိတ်စွာဖြင့် ရှိနေ၏။ သည်နေရာနှင့် အလွန်လိုက်ဖက်လွန်းလှသည်။ သူတို့က လူမှုဆက်ဆံရေး ကောင်းမွန်ကြကာ အန္တရာယ်ကို အာရုံခံမိသည်နှင့် အဖွဲ့လိုက် ပြေးတတ်ကြသည်။
ဆောင်းတွင်းက သူတို့ရာသီဖြစ်သည်။ ထိုအချိန်တွင် ချမ်းအေးမှုဒဏ်ကို မခံနိုင်ကြဘဲ စားချင်စိတ်ပင် ပျောက်ဆုံးနေလေ့ရှိ၏။ သမင်အမများက သူတို့၏နေရာတွင်သာ နေလေ့ရှိကြပြီး သမင်ထီးက ဒေါသထွက်ကာ အစာရှာထွက်လေ့ ရှိကြသည်။ ထို့ကြောင့် သာမန်အားဖြင့် အမဲလိုက်သမားများက သမင်ကို သည်လိုကာလမျိုးတွင် အမဲလိုက်လေ့ မရှိကြပေ။
ယဲ့ကျန်းက မြင်းပေါ်မှ ခုန်ဆင်းကာ မြက်ခင်းထဲတွင် လှိမ့်လိုက်သည်။ ခေါင်းငုံ့ကာ မြက်ခင်းကြားထဲတွင် ငုံ့ကိုင်းပြီး မြက်စားနေသော သမင်တစ်ကောင်ကို လှမ်းမြင်လိုက်ရ၏။ လုလင်ကျစ်တို့အဖွဲ့သားနှစ်ယောက်က သူမအနောက်မှ လျှောက်လာသည်။ တစ်ယောက်က သမင်ကိုကြည့်နေပြီး အခြားတစ်ယောက်ကမူ ယဲ့ကျန်းကိုသာ ကြည့်နေ၏။ ယဲ့ကျန်းက တောအုပ်ထဲတွင် ခိုးကြောင်ခိုးဝှက် လှုပ်ရှားနေခြင်းကို သူက သဘောတကျကြည့်နေသည်။ သူမက ဖုန်တွေကြားထဲတွင် ဆောင့်ကြောင့်ထိုင်ကာ ဒရွတ်တိုက်သွားနေသော အနေအထားမျိုးဖြစ်၏။ သူမ၏ဝတ်ရုံက ညစ်ပတ်သွားသည်။
ထန်းကျန်းက ရောက်လာသည့်အချိန်တွင် သည်လိုမြင်ကွင်းကို မြင်လိုက်ရ၏။ သည်နေရာတွင် မြင်းသုံးကောင် ရှိနေပြီး မည်သူမျှ ရှိမနေခဲ့ပေ။ သူက အခြားသူများကို လူစုကွဲစေကာ အမဲလိုက်ရန်ပြင်ဆင်ခိုင်းလိုက်သည်။ သူက အရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် မြက်ခင်းထဲမှ ဆူညံသံကိုကြားလိုက်ရ၏။ ဒါက သားကောင်ဟု တွေးလိုက်ပြီး တစ်ချက်ကြည့်လိုက်သောအခါ ယဲ့ကျန်းတို့ကို မြင်ရသည်။
သူက ငုံ့ကိုင်းပြီးနောက် ထိုလူများကို ကျော်ဖြတ်ရန် ပြင်ဆင်လိုက်သည်။ ထိုအခါမှ သိပ်မဝေးသောနေရာတွင် ယဲ့ကျန်း စူးစိုက်ကြည့်နေသော သမင်တစ်ကောင်ကို မြင်လိုက်ရ၏။ ထန်းကျန်း အသက်ရှူအောင့်ထားလိုက်ကာ ရှေ့သို့ မတက်ရဲတော့ချေ။ ထပ်လှုပ်လိုက်လျှင် သမင်ကို သတိပေးလိုက်သလို ဖြစ်သွားမည်ကို စိုးရိမ်နေ၏။
ယဲ့ကျန်းက လေးကြိုးကိုဆွဲကာ မြားကိုပစ်ရန် ပြင်ဆင်ထားလိုက်သည်။ သူမ၏လက်မောင်းကို နေရာချိန်ညှိပြီးနောက်တွင် ချိန်ရွယ်ထားလိုက်၏။ မြားကို ပစ်လွှတ်လိုက်ချိန်တွင် သံသယရှိရန် မလိုလောက်အောင် သူမ၏မျက်နှာတွင် ရုတ်တရက်ဆန်သော အမူအရာမျိုးက ပေါ်ထွက်လာခဲ့ပြီး ဘယ်ဘက်သို့သာ အနည်းငယ် စောင်းချိန်လိုက်၏။ ရလဒ်အနေဖြင့် မြားက ထိသွား၏။ သို့သော် သမင်မဟုတ်ဘဲ ဘေးနားတွင်ရှိသော မြက်များကိုဖြစ်သည်။
သမင်က အလန့်တကြားထခုန်ပြီးနောက် တောအုပ်ထဲသို့ ဝင်ပြေးသွားသည်။
ဖိအားများနေသော ယဲ့ကျန်းက မျက်မှောင်ကြုတ်ထားသည်။ သူမ၏အဖွဲ့သားများကို ခက်ထန်စွာ ကြည့်မိမတတ်ဖြစ်လာသည်။ သူမက ဒူးများကို ပွတ်သုတ်ပြီးနောက် မတ်တတ်ထရပ်သည်။ ထို့နောက် လေးနှင့်မြားကို လက်မောင်းကြားထဲတွင် ပြန်သိမ်းထားလိုက်၏။
“နောက်ထပ် ပစ်မှတ်ရှာမယ်”
သူမက လုရှန်းကျစ်ကို ခပ်တိုးတိုးပြောသည်။
“ဘာလို့ မပစ်လိုက်တာလဲ”
လုလင်ကျစ်က ခပ်တိုးတိုးမေးသည်။
ယဲ့ကျန်းက နောက်လှည့်ပြီးနောက် ထန်းကျန်းကလည်း အနောက်တွင်ရှိကြောင်း မြင်လိုက်ရ၏။ သူနှင့်လုလင်ကျစ်တို့က သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။
“ဘယ်လောက်ကောင်းတဲ့အခွင့်အရေးကို ဖြုန်းတီးလိုက်တာလဲ၊ ဘာလို့ သမင်ကို မပစ်လိုက်တာလဲ၊ တတိယညီမ ငါ့ရဲ့ငွေရောင်ကြာပွတ်ကို မလိုချင်တော့ဘူးလား”
ထန်းကျန်းက ဆော့ကစားသလို ပြုံးပြ၏။
လုရှန်းကျစ်က ယဲ့ကျန်းက မဖြေခင်မှာပင် စကားတစ်ခွန်းပြောလာသည်။
“အခု ဒီသမင်က ဗိုက်ကြီးနေတာ၊ ကိုယ်ဝန်ဆောင်သမင်ကိုတော့ မပစ်သင့်ဘူးလို့ ထင်တယ်”
ယဲ့ကျန်း၏စိတ်ထဲတွင်လည်း မင်သက်နေမိ၏။ လုရှန်းကျစ်ကလည်း ဒါကို သတိထားမိမည်ဟု မထင်ထားမိပေ။ ဒါက သူမ လုယောင်ယောင်ကို ပြန်တွေးမိစေ၏။ သူနှင့်သူ၏ညီမက အမြဲလိုလို အတိတ်တွင် သည်လိုအခြေအနေကို ကြုံခဲ့ရချိန်တွင်လည်း သည်အတိုင်းသာ ပြုမူခဲ့ကြ၏။ အံ့အားသင့်စရာကောင်းလောက်အောင် သူမနှင့် သူမညီမက အတူတကွ ကြီးပြင်းလာခြင်း မဟုတ်သော်လည်း သူတို့၏အခြေခံဝါသနာများက တူညီနေကြသည်။ ထိုခံစားချက်အရ သူတို့အတူ ကြီးပြင်းလာခဲ့မည်ဆိုလျှင် လုယောင်ယောင်က သူမ၏ခြေရာကိုနင်းနိုင်သည်ဟု ခံစားမိ၏။
“တတိယညီမ တတိယညီမရဲ့ကြင်နာမှုက ရှုံးသွားစေမှာပဲ စိုးရိမ်မိတယ်”
ထန်းကျန်းက ရယ်သည်။
ယဲ့ကျန်းက မျက်နှာသေဖြင့်ပြောသည်။
“ဒါက ဖြစ်နိုင်ခြေရှိတဲ့ လိုအပ်ချက်ပါပဲ၊ အမဲလိုက်သမားတွေကသာ ကိုယ်ဝန်သည်သမင်ကို သတ်လိုက်မယ်ဆိုရင် သိပ်မကြာခင်မှာ အမဲလိုက်စရာဘာမှ ရှိတော့မှာမဟုတ်ဘူး၊ ဒီလိုဆိုရင် အမဲလိုက်ပြီး ဆော့ကစားဖို့ ဘယ်ရပါတော့မလဲ၊ ငယ်တဲ့သူကိုသတ်ပြီး ဘယ်သူကမှ သဘောထားကြီးတယ်လို့ သတ်မှတ်မှာမဟုတ်ဘူး”
ထန်းကျန်းက ယဲ့ကျန်း သည်လိုစကားပြောလာမည်ကို မထင်ထားမိပေ။ သူ လေးစားသွားရ၏။
“တတိယညီမ ပြောတာမှန်တယ်”
လုလင်ကျစ်၏ နှုတ်ခမ်းထောင့်စွန်းများကလည်း ကော့တက်သွားသည်။ ထို့နှစ်ယောက် အပြန်အလှန် စကားပြောနေခြင်းကိုကြည့်ပြီး သူမျက်ခုံးပင့်မိ၏။ သူမ၏မူလဇာစ်မြစ်အရ သူမအနေဖြင့် သည်လိုကျိုးကြောင်းသင့်လျော်သော စကားများနှင့်အသိမျိုး ရှိနေမည်ဟု သူ မထင်ထားမိပေ။
ဒါက လုလင်ကျစ်ကို ပို၍ အံ့ဩလာစေသည်။
...
Zawgyi

နတ်ဆေးသမားတော် ယဲ့ကျန်းTahanan ng mga kuwento. Tumuklas ngayon