part 16

1.9K 183 1
                                    

unicode

အပိုင်း ( ၁၆ ) ချစ်ခြင်း၏ အလှတရား ( ၂ )

အစပိုင်းကတည်းက မည်သူကမှ ချင်မင်းဆက်မှ ယခင် ဝမ်ဖေးကဲ့သို့ အလှလေးကို ယဲ့ကျန်းနှင့် နှိုင်းယှဉ် လိမ့်မည် မဟုတ်ပေ။
အမြွှာများ ဖြစ်သောကြောင့် ယဲ့ကျန်းနှင့် လုယောင်ယောင်တို့က စစ်မှန်သော အလှလေးများ ဖြစ်ကြ၏။ သို့ရာတွင် သည်နှစ် အတောအတွင်းတွင် လုယောင်ယောင်က သူမ၏ ရုပ်ရည် သွင်ပြင်ကို ထိန်းသိမ်းခဲ့ခြင်း မရှိသည့်အတွက် အသားက မဲပြီး အရေပြားက ကြမ်းတမ်းနေသည်။ အချိန် အတန်ကြာသောအခါ သူမက သတိ လက်လွတ် ဖြစ်လာခဲ့လေပြီး ရုပ်ရည် သွင်ပြင်က အလိုလိုက် အကြိုက်ဆောင် ခံရသော ဝမ်ဖေးနှင့် ယှဉ်နိုင်စွမ်း မရှိတော့ပေ။ ထို့အပြင် ယဲ့ကျန်းက သူမ၏ အလှကို သူမ နှစ်သက်နေခြင်း ဖြစ်သည်။
အရွယ်ရောက်စ ပြုလာသောအခါ သူမက သူမ၏ အသားအရေနှင့် ခန္ဓာကိုယ်ကို အသားပေးကာ အာရုံစိုက်ခဲ့၏။ အထူးသဖြင့် သူမ မိခင်၏ အလှပြင် စားပွဲက သူမ အကြိုက်ဆုံး နေရာဖြစ်ခဲ့သည်။
လက်ရှိ အခါတွင် သူမ၏ ထိုညီမ၏ ဖျက်ဆီးထားသော အလှတရားကို မြင်ပြီး သနားသလိုပင် ဖြစ်နေလေသည်။
ဒါပေမဲ့ ငါ ဒါကို ပြန်ယူနိုင်တာပဲ။
အလှတရားဟာ အမျိုးသမီးများ၏ လက်နက် ဖြစ်သည်။ ဒါကို သူမ ကောင်းစွာ နားလည်နေ၏။ ထို့ကြောင့် သူမ၏ ရုပ်ရည်သွင်ပြင်ကို ဒီလို စုတ်ပြတ်သတ်ခွင့် ပြုတော့မည် မဟုတ်ပေ။
လုကျင်းက ယဲ့ကျန်းက အလှလေးဟု ကိုယ့်ကိုယ်ကိုယ် ပြောနေသော အကြောင်းအရာကို ကြားသောအခါ စိတ်ထဲတွင် လှောင်ရယ်မိသည်။ ထိုအချိန်က သူမ ယဲ့ကျန်း၏ မျက်လုံးများကို လှည့်ကြည့်လိုက်သောအခါ စကား ပြောနေသော မျက်ဝန်းများကဲ့သို့ ပြီးပြည့်စုံကာ လှပသော သွင်ပြင်များ ရှိကြောင်း မြင်လိုက်ရသည်။ အသားက မည်းနေသော်လည်း ရုပ်ရည်သွင်ပြင် လက္ခဏာက ထင်ရှားနေသေး၏။ ရုတ်တရက် သူမက ဘာစကားမှ မဆိုနိုင်တော့ပေ။
တတိယ ညီမသာ အသား ဖြူပြီး အနည်းငယ် ပြည့်လာမယ် ဆိုရင် အာရုံစိုက်မှုတွေ အားလုံးကို ခိုးယူသွားမှာလား။
"လွန်ခဲ့တဲ့ ရက် အနည်းငယ်တုန်းက မင်းတို့ ညီအစ်မတွေအတွက် အဝတ်အစား တချို့ကို ဒီအဖွားက ပြင်ထားသေးတယ်၊ မင်းတို့အတွက် တစ်စုံစီ ချုပ်ခိုင်းဖို့ ပြောထားတယ်၊ အဲဒီနေ့မှာ ဒီဝတ်စုံ အလှလေးတွေကို မင်းတို့ ဝတ်ဆင်ကြပေါ့"
သခင်မကြီးလုက စိတ်လှုပ်ရှားစွာ ပြောသည်။
ယဲ့ကျန်းက ပြုံးလိုက်၏။
အဝတ်သစ် ရမှာကို ဘယ်သူက စိတ်မလှုပ်ရှားဘဲ နေမှာလဲ။
မိတ်ဆွေဟောင်း တစ်ယောက် ရောက်လာပြီး သခင်မကြီး လု၏ အာရုံစိုက်မှုကို မဆွဲခေါ် သွားသမျှ ကာလပတ်လုံး သူတို့ ထိုအကြောင်းအရာကို ဆက်ပြောနေကြသည်။ ထို့နောက်မှသာ သခင်မလေး သုံးယောက်က နှုတ်ဆက်စကား ဆိုပြီး ပြန်သွားကြ၏။ ယဲ့ကျန်းက ဖေးရှီ၏ ခြံဝန်းထဲသို့ ဝင်တော့မည့် အချိန်တွင်ပင် အေးစက်သော အသံများက သူမ၏ ခြေလှမ်းများကို ရပ်တန့်သွားစေ ခဲ့သည်။
"တတိယအစ်မ နေပါဦး"
ယဲ့ကျန်း၏ အနောက်တွင် မြင့်မား ဂုဏ်ယူစွာ ရပ်တန့်နေသော သူက လုကျင်းဖြစ်သည်။ ရှင်းလင်းသည်မှာ သူမက ယဲ့ကျန်းကို သဘောမကျပေ။ ယဲ့ကျန်းကလည်း သဘောမကျသော်လည်း ဂရုစိုက်ခြင်း မရှိပေ။ သူမက ပြန်လည် မွေးဖွား လာသည်မှာ လုပ်ငန်းတစ်ခု လုပ်ဆောင်ရန် ဖြစ်ကာ သည်လို အရေးမပါသော ကိစ္စများကို ထည့်တွေး စိုးရိမ်ရန် လိုအပ်သည်ဟု မထင်ပေ။
သူမက ဖေးရှီကို သွားတွေ့လိုသော်လည်း သူမ၏ အကြံအစည်က ကြန့်ကြာမည့်ပုံ ရှိသည်။ အေးစက်စွာ ပြုမူဆက်ဆံ နေသောသူကို ကြည့်ပြီးနောက် ယဲ့ကျန်းက အချိုမြိန်ဆုံး ပြုံးကာ ပြောလိုက်၏။
"စတုတ္ထ ညီမလေးက ဘာများ လိုချင်လို့လဲ"
လုကျင်းက ရယ်သည်။ သူမက ယဲ့ကျန်းထက် ပို၍ လက်သီးတစ်ဝက်ခန့် ရှည်သည်။ သူမကို အေးစက်စွာဖြင့် ငုံ့ကြည့်၏။
"တတိယ အစ်မ နင် မြို့တော်ကို ပထမဆုံး ရောက်လာတာ ဆိုတော့ စည်းမျဉ်းတွေကို နားမလည်နေဘူးပဲ။ ပြောရမယ် ဆိုရင် နင်က..."
သူမက ခပ်တိုးတိုး ရယ်ကာ ယဲ့ကျန်း၏ အနေအထားကို ကြည့်ပြီး လှောင်သည်။
"ကြည့်ရတာ ငါတို့ စကားအများကြီး ပြောဖို့ လိုအပ်တော့မယ် ထင်တယ်"
စကားပြောမယ်။
သူမကို ချဉ်းကပ်လာလေလေ အသံက လှောင်ရယ်သလို ဖြစ်လာလေလေ ဖြစ်သည်။ ဒါက ထောက်ပြနေသည်နှင့် မတူဘဲ သတိ ပေးနေခြင်း မည်၏။
"ကျေးဇူးပြုပြီး စတုတ္ထညီမ တို့မှာ အချိန် ရှိမယ် မထင်ဘူး"
"ဒါပေါ့ နင့်မှာ ရှိပါတယ်"
လုကျင်းက အသံကို အနည်းငယ် မြှင့်ပြီးနောက် ယဲ့ကျန်း အနားသို့ ကပ်လာကာ သူမ လက်ထဲမှ ချော်ထွက်ခွင့် မပေးနိုင်သကဲ့သို့ ပြောသည်။
"တတိယအစ်မ အမျိုးသမီး အကယ်ဒမီရဲ့ ဂုဏ်သိက္ခာက တတိယညီမ ဝင်ရောက်လို့ ရမဲ့ အဆင့်အတန်း မဟုတ်ဘူး၊ အောင်မြင်ချင်တဲ့ သူတိုင်း ဒီနေရာကို ဝင်လို့ ရတာ မဟုတ်ဘူး။ အိပ်မက် မက်နေတာက မမှားဘူး ဆိုပေမဲ့ တတိယအစ်မ သိထားသင့်တာက ကိုယ့် အကန့်အသတ်ကို နားလည် ထားဖို့ပဲ။ နောက်ပြီး အစ်မရဲ့ ဆိုးရွားတဲ့ လုပ်ဆောင်မှုတွေကြောင့် မိသားစုကို အရှက်မရစေနဲ့"
"တို့ နားလည်အောင် ပြောပြပါလား၊ စတုတ္ထညီမ၊ တကယ်ပဲ ဘာများ ပြောချင်နေတာပါလဲ"
ယဲ့ကျန်းက ပြုံးထားကာ လုကျင်ကို ကျေနပ်ခွင့် မပေးပေ။
"အစ်ကိုကြီးရဲ့ စတေးမှုကို နင် ထည့်ပြီး စဉ်းစားထားသင့်တယ်၊ သူ့မှာ စစ်ဝန်ကြီး အဆင့်ကို ရောက်ဖို့အတွက် အများကြီး ခက်ခဲ ပင်ပန်းထားရတာ၊ လက်ထောက် စစ်ဝန်ကြီး ဆိုတာက အကယ်ဒမီရဲ့ စည်းမျဉ်းတွေကို သာမန်ကာလျှံကာ လစ်လျူရှုလို့ ရတဲ့ အဆင့်အတန်း မဟုတ်ဘူး။ နင့်ကို အထဲကို ပို့ပေးဖို့လား၊ ဖြစ်နိုင်ပါ့မလား။ ဒီလို ဆိုရင် လုမိသားစုက မြို့တော်မှာ ဟာသပြက်လုံး တစ်ခု ဖြစ်သွားမဲ့ အပြင် အစ်ကိုကြီးရဲ့ ဂုဏ်သိက္ခာကလည်း ဆွဲချခံရလိမ့်မယ်"
ယဲ့ကျန်းက လုလင်ကျစ်ကို ထည့်ပြောလိုက်သည်နှင့် ထိုသူ၏ လုပ်ဆောင်နိုင်မှုများကို ကြားပြီး စိတ်ထဲတွင် ရွံ့လာမိသည်။
သေချာတာပေါ့၊ သူ့ရဲ့ နေရာအတွက် သူ ဘယ်လောက်တောင် ကြိုးစားခဲ့ရသလဲ၊ လူပေါင်း ရာကျော်ကို သတ်ဖြတ်ခဲ့ပြီး အကောက်ကြံ လိမ်ညာ လှည့်စားခဲ့တာလေ။ ဒီလို မြောက်မြားလှတဲ့ လူတွေရဲ့ သွေးချွေးနဲ့ သူ အခုလို ရပ်တည် နေနိုင်တာ။ ငါတောင်မှ သူ့လက်ထဲမှာ သေခဲ့ရတာပဲ။
"စတုတ္ထညီမက ဘာကို စိုးရိမ်နေတာလဲ။ တစ်ခုခုကို စိုးရိမ် နေတယ်ဆိုရင် သေချာပေါက် တို့က နားထောင်ပေးမှာပေါ့။ ဒါပေမဲ့ စိတ်အေးအေး ထားပါ။ တို့က အစ်ကိုကြီးကို အရှက်ရအောင် လုပ်ပါ့မလား"
မနာလိုမှုများအပြင် လုကျင်း အခြားအရာများကို မယုံကြည်နိုင်တော့ပေ။ ယဲ့ကျန်းက ကျရှုံးသွားမည် ဆိုလျှင်ပင် ဒါက သူမအတွက် သတင်းကောင်း ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သူမ အောင်မြင်သွားလျှင်ပင် လုမိသားစု၏ လုကျင်း ရရှိထားသော အာရုံစိုက်မှု အားလုံးကို ခိုးယူ သွားမည် ဖြစ်၏။ ကျရှုံး သွားပြန်လျှင်လည်း သူမကပါ သိက္ခာ ကျရအုံးပေမည်။
ထို့ကြောင့် ယဲ့ကျန်း လုံးဝ မကြိုးစားသည်က အကောင်းဆုံးဟု လုကျင်းကတော့ မြင်သည်။
လုကျင်း၏ မျက်နှာက ပျက်သွားသည်။
"ဒီတော့ နင် အခုအချိန်အထိ အကယ်ဒမီကို ဝင်ချင် နေတုန်းပဲလား"
သူမက ဒေါသတကြီး မေးလိုက်၏။
"တို့က ဘာလို့ မဝင်ချင်ရမှာလဲ။ စတုတ္ထညီမကတောင် အမျိုးသမီး အကယ်ဒမီထဲမှာ ရှိနေတာ မဟုတ်လား၊ တို့က ဘာလို့ မရရမှာလဲ"
ယဲ့ကျန်းက စိုးရိမ်သော လေသံဖြင့် မေးလိုက်သည်။
ငါ ရှုံးနိမ့်သွားရင် ငါ ကလဲ့စားချေဖို့ ကျရှုံသွားတယ်လို့ သတ်မှတ်လို့ ရတယ်။
သူမဘာသာ တွေးလိုက်သည်။
"နင်..."
လုကျင်းက ပြောသည်။ သူမ၏ အသံက တုန်ယင်လာ၏။
"နင် ဝင်ခွင့်ကို အောင်မယ်လို့ ယုံကြည်မှု ရှိနေလို့လား၊ အနုပညာ ၆ မျိုးဆိုတာ နင် ဘာများ နားလည်ထားလို့လဲ။ အဖွားနဲ့ အစ်ကိုကြီးက နင့်ကို ကူညီပေးမယ်ဆိုရင်တောင်မှ နင် ဘယ်တော့မှ အကယ်ဒမီမှာ ရှင်သန်ပြီး ဆေးဝါး ပညာရှင်တစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး။ တကယ်ပဲ နင့်ကိုယ်နင် ဘယ်သူများ ထင်နေတာလဲ၊ တောကြိုအုံကြားက မိန်းမရဲ့။ နင်က မိသားစုရဲ့ ဂုဏ်သိက္ခာကို ချနင်းချင်နေတာပဲ"
လုကျင်း၏ စိတ်သဘောထားက ဆိုးရွားသထက် ဆိုးရွားလာခဲ့ကာ ယဲ့ကျန်းကို တိုက်ခိုက်တော့မည့် အချိန်တွင် လုဖန်းက ရှေ့တက်လာကာ တားသည်။
လုမိသားစု တစ်ခုလုံး  သူနဲ့အတူ ကျရှုံးသွားမှာ မကြောက်လို့ ပြဿနာ ရှာရဲသေးတာလား။
ယဲ့ကျန်းက ပေါ့ပါးစွာ ပြောသည်။
"စတုတ္ထညီမ ညီမလေးက စိုးရိမ်တာ များနေပါပြီ"
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now