part 65

1.4K 125 1
                                    

Unicode

အပိုင်း (၆၅) ခင်ပွန်းနှင့်ဇနီးကြားမှ ပြေငြိမ်းမှု(၁)
ဖေးရှီက ယဲ့ကျန်း ရေပူစမ်းကို သွားချင်တာကို သဘောတူသည်။ သို့သော် လုရှီမင်၏ သဘောတူညီမှုကို တောင်းခံရမည်ဖြစ်သည်။ သူ့ကိုပင် ဖိတ်ခေါ်သင့်လျှင် ဖိတ်ခေါ်မိလောက်သေး၏။ ယဲ့ကျန်း ထွက်သွားပြီးနောက်တွင် သူမ ယောက်ျားဖြစ်သူ၏ခြံဝန်းထဲသို့သွားပြီး ရှာရန်ဆုံးဖြတ်လိုက်သည်။ သဘာဝကျကျပင် သူမ အစပိုင်းတွင် တုံ့ဆိုင်းသွားခဲ့သေးသည်။ သူတို့ကြားတွင် တိတ်ဆိတ်မှုက ကြီးစိုးသွားခဲ့၏
သို့သော် သူမက အရှေ့ဘက်ခြံဝန်းသို့သွားကာ စကားအနည်းငယ် ပြောလိုက်ပြီးနောက်တွင် သူမ၏စိတ်ထဲတွင် သူကသာ မလိုက်လာချင်လျှင် သူမ သမီးနှင့်သားကိုခေါ်ပြီး ရေပူစမ်းတွင်သာ ရက်အနည်းငယ် သွားနေရန် ဆုံးဖြတ်လိုက်တော့သည်။
အရာရှိတစ်ယောက်ဖြစ်လာပြီးနောက် လုရှီမင်က လုလင်ကျစ်နှင့်ကွဲထွက်သော သီးသန့်ခြံဝန်းတစ်ခုတွင် နေနေလေသည်။ အရာရှိများနှင့် စီးပွားရေးကိစ္စများ ဆောင်ရွက်ရန် လိုအပ်နေသေး၏။ သို့ရာတွင် စုံတွဲကြားမှ နားလည်မှုကြောင့် ထိုခြံဝန်းက သူမယောက်ျားဖြစ်သူ၏ အိမ်သီးသန့်ကဲ့သို့ပင် ဖြစ်နေလေသည်။
ဖေးရှီက ခြံဝန်းအဝသို့ ရောက်သောအခါ ရွှယ်လျှိုကို မြင်ရ၏။
စားစရာဗန်းကို ကိုင်ထားသော သူမက ကြော့ရှင်းရည်မွန်စွာဖြင့် လမ်းလျှောက်နေကာ သူမ၏ တင်များကို ညင်သာစွာ လွှဲယမ်းနေခဲ့သည်။
သူမက မည်သို့ပင်ကြည့်ကြည့် အစေခံတစ်ယောက်နှင့်မတူပေ။ သူမ၏အဝတ်အစားများအရ ဖေးရှီထက်ပင် သားနားနေသေး၏။
ရွှေရောင်ပိုးသားဝတ်စုံကို ဝတ်ဆင်ထားပြီး ခမ်းနားကြော့ရှင်းစွာ ပြင်ဆင်ထားသောသူမက ညမီးအမှိန်အောက်တွင်ပင် တောက်ပနေသေး၏။ သူမက ငယ်ရွယ်ခြင်းမရှိတော့သည့်တိုင်အောင် ဖေးရှီ၏ရင်ကို လေးလံစေလောက်အောင် ကြည့်ကောင်းနေသေးသည်။
ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲ၊ သူ့ဇနီးမယားက ခြံဝန်းရှေ့ကိုတောင် နေ့တိုင်း မလာဖြစ်ပေမဲ့ ဒီမိန်းမကတော့ နေ့တိုင်းရောက်နေခဲ့တယ်။
ထိုအမျိုးသမီးတွင် နည်းလမ်းများစွာ ရှိနေခဲ့သည်။ သခင်မကြီးလုကို သွား၍အဖော်ပြုခြင်းက လုရှီမင်ကို သူမဘက် ဆွဲသွင်းနိုင်ရန်အတွက်ဖြစ်သည်။ ထို့အပြင် လုရှီမင်၏ခြံဝန်းအတွင်းသို့ ဝင်ရန်အတွက်ကိုပင် အခွင့်အရေး ရရှိသွားခဲ့သည်။
“တတိယသခင်မ”
ရွှယ်လျှိုက စာကြည့်ဆောင်၏အပြင်ဘက်တွင် ရပ်နေရာမှ ဖေးရှီ ရောက်လာကြောင်း မြင်သောအခါ ချက်ချင်းပင် ရိုသေစွာ ဦးညွတ်လာသည်။
အစေခံကောင်လေးက ချက်ချင်းပင် နောက်လှည့်ပြီးနောက် ဖေးရှီကို နှုတ်ဆက်လာသည်။ ထို့နောက် အထဲသို့ဝင်သွားကာ လုရှီမင်ကို သူ၏ဇနီးက တွေ့ခွင့်တောင်းနေကြောင်း သွားပြော၏။
ဖေးရှီရောက်လာခြင်းက ရွှယ်လျှိုကို အံ့ဩစေသေးသည်။ ါ
ဘယ်လိုဖြစ်ပြီး ဒီလိုမြင့်မြတ်ဟန်ဆောင်နေတဲ့ မိန်းမက ရုတ်တရက်ကြီး လာလည်ချင်သွားတာလဲ၊ စိတ်ပြောင်းသွားတာလား။
“တတိယသခင်မ တတိယသခင်မ တတိယအရှင်ကို လာတွေ့တာလား၊ နှမြောစရာကောင်းတာက သူက အရမ်းအလုပ်များနေတော့ ဘယ်သူ့ကိုမှ ဝင်ခွင့်ပြုမယ်မထင်ဘူး”
ရွှယ်လျှိုက ဖေးရှီအား သနားဟန်ဖြင့် စိတ်ပျက်လက်ပျက် ပြောသည်။
“တတိယသခင်မ စောင့်နေရမှာကို ကျွန်မ စိုးရိမ်မိပါတယ်”
ဖေးရှီက သူမကို ပေါ့ပါးစွာ ကြည့်သည်။ သူမ ဇနီးမယားဖြစ်ကြောင်းကိုပင် ထိုမိန်းမက သတိထားမိဟန်မရပေ။
“ဟုတ်လား၊ သခင်မရွှယ်လျှိုက နေ့တိုင်းနီးပါး လာစောင့်ရလောက်အောင် စိတ်ရှည်နေတာပဲ”
ထိုစကားကို ကြားသောအခါ ရွှယ်လျှိုက ဖြူဖျော့သွားသည်။ သူမ သူ့ကို နေ့တိုင်းလာတွေ့သော်လည်း သူက တစ်ခါမှ သူမကို ဝင်ခွင့်မပြုခဲ့ပေ။
ဖေးရှီက ဒါကိုလာလှောင်နေတာလား။
မဟုတ်ရင် ဘာလို့ ဖေးရှီက လွန်ခဲ့တဲ့ရက်တွေတုန်းက အရမ်းကို နာကျင်နေတဲ့ပုံစံ လုပ်ပြနေတာလဲ၊ သူ့ယောက်ျားကို သူများ ခိုးသွားခဲ့သလိုနဲ့။
သူမက သူတို့၏ ဇနီးမယားဆက်ဆံရေးတွင် ပြဿနာတက်နေခြင်းကို အခွင့်ကောင်းယူလိုသည်။ သို့သော် သူမ မည်သို့ကြိုးစားစေကာမူ အသုံးမဝင်ဖြစ်ရသည်။ သူမ အလွန်စိတ်ပျက်ရ၏။
မိနစ်အနည်းငယ်ကြာပြီးနောက် လုရှီမင်ကို အကြောင်းသွားကြားသော အစေခံကောင်လေးက အနားသို့ ရောက်လာကာ ဖေးရှီကို ခပ်တိုးတိုးပြောသည်။
“တတိယသခင်မ တတိယသခင်က သခင်မကို ဝင်လာခိုင်းလိုက်ပါတယ်”
ဖေးရှီက ညင်သာစွာခေါင်းငြိမ့်ပြီးနောက် ဟိုင်ထန်းကို အပြင်တွင် စောင့်ဆိုင်းခိုင်းလိုက်သည်။ ထို့နောက် သူမ၏ ခေါင်းကိုမော့ကာ ရွှယ်လျှို၏ဘေးနားမှ ဖြတ်ကာ ဝင်သွား၏။ ထို့နောက် ရွှယ်လျှိုအနားသို့ ရောက်သွားသောအခါ တစ်ခဏခန့်ရပ်သည်။
“သခင်မ ကျွန်မ တတိယအရှင်အတွက် စွပ်ပြုတ်ပြင်ဆင်လာတာ၊ ကျွန်မကို အထဲဝင်ပြီး စွပ်ပြုတ်ကို ပေးခိုင်းရင် ပိုကောင်းမယ်လို့ ထင်ပါတယ်”
“တတိယသခင်က ကျန်းမာရေးကောင်းတယ်၊ ဒါပေမဲ့ မိန်းကလေးရွှယ်လျှို ဘာလို့ အပြင်မှာ အအေးခံပြီး နေနေတာလဲ၊ မိန်းကလေးရွှယ်လျှိုကပဲ စွပ်ပြုတ်သောက်သင့်တဲ့သူလို့ တို့တော့ ထင်တာပဲ”
ဖေးရှီက တခစ်ခစ်ရယ်လိုက်သည်။
ရွှယ်လျှို၏မျက်နှာက ဖြူဖျော့သွားတော့၏။ သူမက အထဲသို့ ဝင်လိုသော်လည်း အစေခံကောင်လေးနှင့် ဟိုင်ထန်းတို့က တားသည်။
“အမျိုးသမီးရွှယ်လျှို တတိယသခင်က အမျိုးသမီးကို ဝင်ခွင့်မပြုပါဘူး”
စာကြည့်ဆောင်၏တံခါးက ပြန်ပိတ်သွားသည်။ ဟိုင်ထန်းက မနှစ်မြို့သလို ကြည့်ပြီး ခပ်တိုးတိုးပြော၏။
“အရှက်ကို မရှိဘူး”
ရွှယ်လျှိုက ဟိုင်ထန်းကို မကြည်မသာကြည့်သည်။ သူမ တစ်နေ့ မျက်နှာသာ ပေးခံရသောအခါ  သည်အစေခံမကို ဒုက္ခပြန်ပေးမည်ဟု ကျိန်ဆိုလိုက်၏။
စာဖတ်ဆောင်အတွင်းတွင် လုရှီမင်က စိတ်လှုပ်ရှားသော အမူအရာမျိုးဖြင့် ဖေးရှီ၏ပခုံးကို သိုင်းဖက်လာသည်။
“နောက်ဆုံးတော့ ကိုယ့်ရဲ့ဇနီးက ကိုယ့်ကို လာတွေ့ချင်သွားပြီပဲ”
တူညီသော စိတ်လှုပ်ရှားမှုမရှိသည့် ဖေးရှီက သူ့ကို ဒေါသတကြီးသာကြည့်သည်။
“ရှင်က ကျွန်မသာ လာမတွေ့ဘူးဆိုရင် ဘာလဲ အပြင်က တစ်ယောက်ကို လာပြီး ခစားခိုင်းတော့မလို့လား”
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now