part 74

1.4K 133 2
                                    

Unicode
အပိုင်း(၇၄) မသွားချင်ဘူး (၂)
"ယောင်ယောင်"
လုရှန်းကျစ်က အပြုံးနှင့် အနားသို့ ချဉ်းကပ် လာသည်။
"အစ်ကိုကြီးက အစ်ကိုတို့ဆီကို လာလည်တယ်၊ အစ်ကိုတို့ကို တောင်ပေါ်ကို အတူ အမဲလိုက်ဖို့ လာခေါ်တာလေ။ ညီမလေး သွားချင်လား၊ မသွားချင်ဘူးလား"
မင်သက်ဖွယ် အလှည့်အပြောင်းကို ကြုံရသောအခါ ယဲ့ကျန်း အနေဖြင့် မတုံ့ပြန် လိုက်နိုင်ပေ။ လုရှန်းကျစ်က သူမ၏ မျက်နှာကို လက်ညှိုးလေးဖြင့် လာတို့ မှသာလျင် သူမ အသိ ဝင်လာခဲ့၏။
သူမ၏ နေ့ရက်များက လုလင်ကျစ် ရှိနေသမျှ ကာလပတ်လုံး ငြိမ်းချမ်း လိမ့်မည် မဟုတ်ပေ။
"ယောင်ယောင် အစ်ကိုကြီး ပြောတာကို ကြားလား၊ အကြီးဆုံး အစ်ကိုက ဒီမှာ ရောက်နေတယ်လေ"
သူမက ခပ်တိုးတိုး ရေရွတ်ပြီးနောက် လုလင်ကျစ်ကို တစ်ချက် ကြည့်သည်။ လုလင်ကျစ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြော၏။
"အကြီးဆုံး အစ်ကိုက ရေပူစမ်းမှာ ရေစိမ်ဖို့ ကျွင်းကျစ်ကို လာခေါ်တာပါလား"
လုလင်ကျစ် ပြန်မဖြေ နိုင်ခင်မှာပင် လုရှန်းကျစ်က ဦးစွာ ပြောသည်။
"ဟား ညီမလေး အစ်ကိုကြီး ပြောတာကို မကြားဘူးပဲ၊ အကြီးဆုံး အစ်ကိုက ကျွင်းကျစ်ကို လာတာ မဟုတ်ဘူး။ သူက တောင်ပေါ်မှာ အခြားသူတွေနဲ့ အမဲလိုက်ဖို့ ရောက်လာခဲ့တာ အစ်ကိုကြီးတို့ ကျွင်းကျစ်ကို သွားတယ် ကြားလို့ အစ်ကိုကြီးတို့ကို အခု တကူးကတ လာဖိတ်ခေါ် တာလေ။ အဖေက အစ်ကိုကြီးတို့ကို သွားခွင့် ပြုတယ်"
ငါ မသွားချင်ပါဘူး။
ယဲ့ကျန်း သူတို့နှင့် အမဲလိုက်လျှင် မော့ရုန်ကျန်းတို့ကို တွေ့ရပေလိမ့်မည်။
"အစ်ကို ညီမ ဒီနေ့ ဆရာမရှန်းနဲ့ သေချာ သင်ကြားဖို့ ရှိတယ်၊ စာမေးပွဲကလည်း ရက်အနည်းငယ်ဆို ကျင်းပတော့မှာ ဆိုတော့ ညီမ ထပ်ပြီး အချိန်ဖြုန်းလို့ မဖြစ်တော့ဘူး ထင်တယ်။ မဟုတ်ရင် ညီမ ညီမရဲ့ လျန်း ၁၀၀ ရှုံးသွားတော့မှာပေါ့
"ဘာကို လျန်းတစ်ရာလဲ"
လုလင်ကျစ်က စပ်စု လာသည်။
ဝမ်းဗိုက်ကို လက်ဖြင့် ဖိပြီးနောက်တွင် လုရှန်းကျစ်က အော်ရယ်သည်။ သူ၏ ညီမက သူ၏ နာမည် သုံးပြီး သူ့ကို လောင်းခိုင်းထာား၏။
သူ လုလင်ကျစ်ကို အားလုံး ပြောပြ လိုက်သည်။ ယဲ့ကျန်း၏ နာမည်ကို သုံးပြီး အောင်မြင်မှု ရှုံးနိမ့်မှု အကြောင်းကို လောင်းကြေး ထပ်နေကြောင်း သူ ပြောပြ လိုက်၏။ ထို့ကြောင့် သူမ ကိုယ်တိုင်ကလည်း သူ့ ပိုက်ဆံများကို သုံးကာ လောင်းကြေး ထပ်ထားခြင်း ဖြစ်သည်။
သူ့ ညီမက တကယ်ကို စိတ်သဘောထား ကြီးတာပဲ။ ဒီလို အခြေအနေမျိုးမှာ ပိုက်ဆံ ၁၀၀ ကိုတောင် ရင်းနိုင်သေးတယ်
"ယောင်ယောင်က မသွားချင်ဘူး ဆိုမှတော့ အစ်ကိုကြီးတို့ မတတ်နိုင်ဘူးပေါ့၊ အစ်ကိုကြီး စတုတ္ထညီလေးနဲ့ အမဲလိုက်ပြီး တတိယ ညီမအတွက် ယုန်တစ်ကောင် ယူလာလိုက်မယ်"
လုလင်ကျစ်က ယဲ့ကျန်းကိုလည်း သူတို့နှင့်အတူ မလိုက်စေချင်ပါပေ။ အထူးသဖြင့် မော့ရုန်ကျန်းက ရှိနေ၏။ သူ ကျွင်းကျစ်သို့ လာခဲ့သည်မှာ လုရှန်းကျစ်ကို အဖော်ခေါ် ရန်သာ ဖြစ်သည်။ ယဲ့ကျန်းကလည်း ဧကရာဇ်အနားတွင် ရှိနေခဲ့မည် ဆိုလျှင် မဖြစ်နိုင်တော့ချေ။
သူမ မြို့တော်သို့ ပြန်လည် ရောက်ရှိကာစက ပုံရိပ်ဖြင့်ဆိုလျှင် ပြဿနာ မရှိနိုင်ပေ။ ထိုအချိန်က သူမက အသားမည်းပြီး ပိန်ပါးကာ ဆွဲဆောင်မှု လုံးဝ မရှိပေ။ ထိုသို့ဆိုလျှင် သူ လိုလိုချင်ချင်ဖြင့် သူမကို ခေါ်သွားလောက်၏။ သို့သော် ယခု အခါကမူ ကွာခြားသွားခဲ့ချေပြီ
သူမက လုဝူရှန်းလောက် မဖြူသေးသော်လည်း အလွန် ချစ်မြတ်နိုးဖွယ် ကောင်းသော မျက်ဝန်း တစ်စုံကို ပိုင်ဆိုင်ထားသည်။ ထပ်ပေါင်းဆိုရသော် သူမ၏ သေးသွယ်သော ပုံရိပ်လေးက အမျိုးသမီးဆန်မှုများကို ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်သည်။ ရိုးရှင်းစွာ ဆိုရသော် လုလင်ကျစ် အနေဖြင့် ဧကရာဇ်ကို မယုံပေ။
သူ့ရဲ့ ဒီရိုးရှင်းတဲ့ ညီမကို မြင်ရုံနဲ့တင် မော့ရုန်ကျန်းက ဆွဲဆောင်ခံရခြင်း ရှိမရှိ ဘယ်သူ သိမှာလဲ။
အများဆုံး အနေဖြင့် သူ့ညီမ လုဝူရှန်းက ဆိုးရွားသော စရိုက် ရှိသည်။ ဧကရာဇ်ကသာ သူမကို ချစ်မြတ်နိုးလျှင် ယဲ့ကျန်း အနေဖြင့် နန်းတော် အတွင်းသို့ ဝင်ရောက်သောအခါ ကောင်းမွန်သော ဘဝကို ပိုင်ဆိုင် ရလိမ့်မည် မဟုတ်ပေ။ ကြောက်မက်ဖွယ် အကောင်းဆုံး ကိစ္စက ယခင် ဝမ်းဖေးယဲ့နှင့် တူနေကြောင်းကို သိသွားကြမည့် ကိစ္စ ဖြစ်သည်။
ဒီလို ဆိုရင် သူ ဘယ်လို ရှင်းပြရမှာလဲ
ထိုကဲ့သော ကိစ္စများက လျစ်လျူရှု ခံထားရမည် ဆိုလျှင်ပင် ကပ်ဘေး ဆိုက်လာ နိုင်သေးသည်။
ယဲ့ကျန်းက ပြုံးပြီးနောက် လုရှန်းကျစ်ကို ကြည့်သည်။
"အစ်ကိုကြီး သွားပါ၊ ညီမ ကျွင်းကျစ်ကပဲ စောင့်နေပါ့မယ်
လုရှန်းကျစ်သည် သူ့ညီမက မသွားချင်ကြောင်း မြင်သောအခါ သူက မဆွဲဆောင်တော့ပေ။
"ကောင်းပြီ အစ်ကိုကြီးတို့ အခု သွားမှ ဖြစ်တော့မယ်။ ညီမလေးရဲ့ အစ်ကိုကြီးက အားလုံး ပြီးတာနဲ့ ပြန်လာခဲ့မယ်"
နေ့လယ်ခင်းတွင် နေက အလွန် ပူသည်။ လုလင်ကျစ်က လုရှန်းကျစ်ကို တောင်တန်းသို့ ခေါ်သွားကာ အခြားသော အမျိုးသားများနှင့် ပူးပေါင်းစေ၏။ ထိုနေရာတွင် ဧကရာဇ်ကလည်း ရှိသည်။ သူတို့ ရောက်လာသောအခါ ထန်းကျန့်က တတိယ ညီမ မပါလာကြောင်း သတိထားမိပြီး စိတ်ပျက်စွာ မေးလိုက်၏။
"ရှန်းကျစ် မင်းရဲ့ ညီမ မလာဘူးလား"
"အမတ်ထန်း ငါ့ညီမက ဆရာမရှန်းနဲ့ လေ့ကျင့်ဖို့ လိုအပ်တယ်၊ ကံဆိုးစွာနဲ့ သူမက ဒီနေ့ မလာနိုင် ခဲ့ဘူး။ မင်း မင်းရဲ့ ငွေရောင် ကြာပွတ်ကို ပြန်လိုချင်ရင် နောက်ထပ် တစ်ကြိမ်ကို စောင့်တာ ကောင်းလိမ့်မယ်"
အခြားသော အမျိုးသားများက လုရှန်းကျစ်နှင့် ရင်းနှီးခြင်း မရှိလျှင်တောင် အခြေအနေကို နားလည် ကြသည်။ ထိုထဲမှ အမျိုးသား တစ်ယောက် ကသာလျင် ထူးခြားသော လေထု အခြေအနေကို ပိုင်ဆိုင်ထားပြီး စိတ်ဝင်စားမှုကို ဖမ်းဆုပ် ခံထားရဟန်ဖြင့် လုရှန်းကျစ်ကို စိုက်ကြည့် လာခဲ့၏။
ဒီလူက ဘယ်သူလဲ။
သူက တည်ငြိမ်စွာ ရပ်ပြီးနောက် ထန်းကျန့် အနားသို့ သွားလိုက်သည်။
မော့ရုန်ကျန်း၏ မျက်ဝန်းများက နစ်မြုပ်သွားသည်။ မနေ့ညက သူ ဆုံခဲ့သော တစ်ယောက်က ထန်းကျန့် ပြောသော တတိယသခင်မလေး ဖြစ်လောက်သည်ေ
သူမက လုမိသားစုရဲ့ သခင်မလေး ဆိုမှတော့ သူ လုံးဝ စိတ်ဝင်စားလို့ မဖြစ်တော့ဘူးပဲ
လုဝူရှန်း တစ်ယောက်ကတင် အတွင်း နန်းဆောင်တွင် ရှိနေခဲ့လေပြီ။ နောက်ထပ် လုမိသားစုကသူများအား နန်းတော် အတွင်းသို့ ဝင်ရောက်ခွင့် ပြု၍ မဖြစ်နိုင်တော့ပေ။ ထို့သိုဆိုလျှင် လုမိသားစုက ရောင့်တက် လာပေလိမ့်မည်။
...
Zawgyi

နတ်ဆေးသမားတော် ယဲ့ကျန်းWo Geschichten leben. Entdecke jetzt