Part 192

575 65 3
                                    

အပိုင်း ၁၉၂

ဟွမ်ဖူရှန်းဟာ လူတိုင်းအသိအမှတ်ပြုထားသော မိသားစုကြီးတစ်ခုမှ ဂုဏ်ယူရသောသမီးဖြစ်သည်။ သူမက လှပပြီးဉာဏ်ကောင်းကာ အဆင့်အတန်း မြင့်မားသော ဒေါ်လေးကို ပိုင်ဆိုင်ထားသည့်အတွက် အဆက်အသွယ်အလွန်ရှိသည်ဟု ဆိုနိုင်လေသည်။ ပြောရလျှင် လွှမ်းမိုးနိုင်စွမ်းကြီးမားသော မိသားစုကြီးတစ်ခုမှ မာနကြီးသော သခင်မလေးတစ်ယောက်ဟုပင် ဆိုနိုင်သေးသည်။

ပြောရန်ပင်မလိုလောက်အောင် ယဲ့ကျန်းဟာ ဟွမ်ဖူရှန်း၏မျက်ဝန်းထဲသို့ တစ်ကြိမ်သော်မျှ မဝင်ခဲ့ချေ။ သူမက ယဲ့ကျန်း၏ပါရမီအရပင်ဖြစ်စေ၊ ယဲ့ကျန်း၏ လူမှုအသိုင်းအဝိုင်းအဆင့်အတန်းအရပင်ဖြစ်စေ အမြဲတစေ အထင်သေးလေသည်။ သို့သော် ယဲ့ကျန်းဟာ ထိုသို့ရက်စက်သောစကားများကို ပြောလိုက်ချိန်တွင် သူမ အလိုလို အနောက်သို့ ကျုံ့မိသွားလေသည်။ သူမ၏သွေးကြောများကို ဖြတ်သန်းလာသော ဖော်ပြ၍မရနိုင်သည့် ကြောက်လန့်မှုမျိုးကို သူမက ခံစားလိုက်ရသည်။

ထိုမိန်းကလေးဟာ ထာဝရတည်ရှိလောက်သော သာမန်နှင့်ကွဲထွက်နေသည့် အလှတရားမျိုးကို ပိုင်ဆိုင်ထားသည်ဆိုသော စကားလုံးကလွဲပြီး အခြားစကားလုံးနှင့်ပင် ရည်ညွှန်း၍မရလောက်အောင် လှပသော်လည်း သူမအား အမူအရာ ပြောင်းလောက်အောင် ထိုသို့ခြိမ်းခြောက်ရဲသေးသည်။ ထို့နောက် ချက်ချင်းဆိုသလို သူမ၏အမူအရာက ပြန်ကောင်းလာတော့သည်။

ဟွမ်ဖူရှန်း၏နှလုံးသားထဲတွင်လည်း နောင်တတရားက လွှမ်းခြုံသွားသည်။

ငါ ဒီလိုလူကို ရန်စလို့မရနိုင်ဘူးလား။

သို့ရာတွင် သူမက ချက်ချင်းဆိုသလို အတွေးကိုဖယ်ရှားလိုက်သည်။

ငါ ဘာလို့နောင်တရနေတာလဲ၊ လုယောင်ယောင်က မြင့်မြတ်တဲ့မိသားစုက လာတာမှမဟုတ်တာ၊ ငါ ဒီလိုမိန်းကလေးတစ်ယောက်ကို ဘာကြောက်နေစရာရှိလဲ။

သူမက ပြန်ပြောတော့မည့်အချိန်တွင် ယဲ့ကျန်းဟာ သူမကို ကျော်ဖြတ်သွားပြီဖြစ်သည်။ လေထဲတွင် မွှေးပျံ့သော သစ်သီးရနံ့က မွှေးပျံ့လာသည်။ ဟွမ်ဖူရှန်းက ကြည့်လိုက်သောအခါ သူမက ဆေးခြင်းတောင်းကိုကိုင်ထားကြောင်း မြင်လိုက်ရသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းKde žijí příběhy. Začni objevovat