Part 155

977 94 2
                                    

အခန်း ၁၅၅

လုဝူရွှမ်း၏ နန်းတော်ဟာ အလွန်အမင်း ခမ်းနားလွန်းချိန်တွင် မယ်တော်ကြီး၏နန်းတော်ကမူ သူမကိုယ်တိုင်အတိုင်း နှိမ့်ချစွာ ရိုးရှင်းနေသည်။

အဓိကခန်းမထဲသို့ လျှောက်ဝင်လိုက်ပြီးနောက် မယ်တော်ကြီးဟာ တည်ငြိမ်အေးဆေးသော ကြင်နာတတ်သည့်အပြုံးဖြင့် ခန်းမ၏ထိပ်တွင် ငြိမ်းချမ်းစွာ ထိုင်နေကြောင်း မြင်ရသည်။ သူမဟာ ဖြောင့်မတ်ပြီး ကြင်နာလွန်းသူဖြစ်သည်။

ယဲ့ကျန်းက ဝမ်ဖေးဘဝတွင် မယ်တော်ကြီးနှင့် ထိတွေ့ဆက်ဆံရန် အခွင့်အရေးများများစားစား မရှိခဲ့ချေ။ ပြောရလျှင် သူမကိုယ်တိုင်ကပင် တော်ဝင်နန်းတော်မြေပြင်မှ ခေါင်းမာစွာ မခွာခဲ့ခြင်းလည်း ဖြစ်သည်။

ယခင်ဧကရာဇ်က ငယ်ရွယ်သော အမျိုးသမီးများကို အမြဲတစေ ရှာဖွေနေခဲ့ပြီး မယ်တော်ကြီးကို နန်းတော်အတွင်းတွင် တစ်ယောက်တည်း ချန်ထားရစ်ခဲ့သည်။ သူမဟာ ယခင်ဧကရာဇ်၏ မျက်နှာသာပေးမှုကို ဆုံးရှုံးခဲ့ပြီး နောက်ပိုင်းတွင် မင်းသားငယ်မော့ရုန်ရီကို မွေးဖွားပေးနိုင်ခဲ့သည်။ ပြောရလျှင် သူမဟာ နန်းတော်ထဲတွင် ပိတ်မိနေသလိုမျိုး တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်ခဲ့ရခြင်းလည်း ဖြစ်လေသည်။ သူမ၏ခင်ပွန်းဖြစ်သူဟာလည်း သူမကို စိတ်ဝင်စားမှု မရှိသည့်အတွက် လာရောက်လည်ပတ်ခဲသည်။

အမှန်အတိုင်းဆိုရသော် ယဲ့ကျန်းဟာ မယ်တော်ကြီးနှင့် ပွဲတော်များတွင် နှစ်ကြိမ်သုံးကြိမ်ခန့်သာ မြင်တွေ့ခဲ့ဖူးလေသည်။ ထို့အပြင် သူတို့နှစ်ယောက်လုံးဟာလည်း အဝေးမှသာ မြင်တွေ့ဖူးကြခြင်း ဖြစ်သည်။

သူမက မယ်တော်ကြီးနှင့် အနီးကပ်ထိုင်ကာ စကားပြောခဲ့ဖူးချိန်က မော့ရုန်ကျန်းနှင့် လက်ထပ်ခါစအချိန်တွင် ဖြစ်သည်။

ယဲ့ကျန်းဟာ သူမ၏ယခင်ယောက္ခမဖြစ်သူ မယ်တော်ကြီးက သခင်မကြီးလုနှင့် စကားပြောနေခြင်းကို တိတ်ဆိတ်စွာသာ စောင့်ကြည့်နေသည်။ မယ်တော်ကြီးက ငယ်သေးသည်။ အသက်လေးဆယ်နှောင်းပိုင်းသာလျှင် ရှိနေသေး၏။ သူမ၏အသားအရေဟာ ဖြူဖွေးပြီး သွေးရောင်လွှမ်းနေကာ ရုပ်သွင်ဟာလည်း နူးညံ့ချောမောနေဆဲဖြစ်သည်။ ခန့်ညားချောမောသော မော့ရုန်ကျန်းနှင့် မော့ရုန်ရီတို့ နှစ်ယောက်လုံးဟာ သူမထံမှ အလှများကို ဆက်ခံထားခဲ့ဟန် ရသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now