Part 110

1K 92 1
                                    

Unicode

အပိုင်း (၁၁၀)
နောက်တစ်ရက်တွင် လုရှန်းကျစ်က ယဲ့ကျန်းကို မနက်စောစောလာခေါ်ပြီး ရွှီလောင်နှင့်သွားတွေ့ရန် ပြောသည်။
“အစ်ကိုကြီး ညီမ အရှင်ရွှီနဲ့မတွေ့ချင်ပါဘူး၊ ညီမ မိန်းကလေးတစ်ယောက်လေ သူ ညီမကို လက်ခံမှာမဟုတ်ဘူး”
ယဲ့ကျန်းက ပြောသည်။
“အစ်ကိုကြီး ကြားထားတဲ့အတိုင်းဆိုရင် အရှင်ရွှီမှာ ထူးဆန်းတဲ့ စိတ်နေသဘောထားရှိတယ်၊ လူတွေက သူက တစ်ခုခုကို တွေးနေတယ်လို့ အမြဲတမ်း ထင်နေမိတတ်ကြတယ်၊ ဘာပဲဖြစ်ဖြစ် သူက အဖိုးကြီးတစ်ယောက်လေ၊ သာမန်လူတွေနဲ့တော့ ကွာခြားတာပေါ့၊ ဖြစ်နိုင်တာက ညီမလေးကိုတောင် ကျောင်းသူအဖြစ် လက်ခံလောက်တယ်”
လုလင်ကျစ်က ရယ်လျက်ပြောသည်။
အကြည့်များဖြင့် ယဲ့ကျန်းက မျက်ခုံးကိုပင့်ကာ သူ့အားကြည့်သည်။
“ညီမကို ခေါ်လာခဲ့ခိုင်းတာ လုလင်ကျစ်များလား"
လုရှန်းကျစ်၏မျက်နှာရှိအပြုံးက ပျောက်သွားပြီး ခပ်တင်းတင်း ဆူတော့၏။
“ယောင်ယောင် မင်းပြောနေတာ မင်းရဲ့အကြီးဆုံးအစ်ကိုနော်၊ ဒီလိုနောက်ပိုင်း မရိုမသေထပ်ခေါ်တာ ကြားရမယ်ဆိုရင်တော့ အမေ့ကိုပြောပြီး ဆူခိုင်းရလိမ့်မယ်”
လုရှန်းကျစ်က ယဲ့ကျန်းအား ပထမဆုံးအကြိမ် သည်လိုပြောလာခြင်း ဖြစ်သည့်အတွက် သူမ မင်သက်သွားခဲ့ရ၏။
“ယောင်ယောင် အစ်ကိုကြီးက ညီမလေးကို ဆူချင်လို့မဟုတ်ပါဘူး၊ ဒါပေမဲ့ စိတ်ထားကောင်းဖို့ အရေးကြီးတယ်၊ ဒီစိတ်နေသဘောထားအပြုအမူက ဆိုးရွားနေတယ် လေ၊ ညီမလေး အနာဂတ်မှာအကယ်ဒမီမှာ တက်တာပဲဖြစ်ဖြစ်၊ လက်ထပ်သွားတာပဲ ဖြစ်ဖြစ် ဒီအတိုင်း ဆက်ဖြစ်နေရင် မကောင်းဘူး”
လုရှန်းကျစ်က သူ့ညီမ၏အမူအရာကို မြင်လိုက်သည်နှင့် ချက်ချင်းဆိုသလို အေးစက်မှုက ပျော့ပျောင်းသွားပြီး သင်ပြပေးတော့သည်။
ယဲ့ကျန်းက တိတ်ဆိတ်စွာသာ နားထောင်သည်။ သူမ၏ လုလင်ကျစ်အပေါ် ထားသောအပြုအမူက ထူးဆန်းကြောင်း သူမသည်လည်းသိ၏။ မည်သို့ပင်ဆိုစေ လက်ရှိအချိန်တွင် သူမက လုယောင်ယောင်ဖြစ်နေသည့်တိုင်အောင် လုယောင်ယောင်အစစ် မဟုတ်ပေ။ ထို့ကြောင့် လုလင်ကျစ်ကို မြင်ချိန်တိုင်း သွေးများ ဆူပွက်လာပြီး ထိုသူ့အား ချက်ချင်းဆိုသလို သတ်ပစ်လိုက်ချင်၏။
“ညီမ သိပါပြီ”
ယဲ့ကျန်းက ခပ်တိုးတိုးပြောသည်။ သူမ ပြုံးပြီးဆက်ပြော၏။
“ညီမ နောက်ကျရင် အကြီးဆုံးအစ်ကိုနဲ့ စကားသေချာပြောလိုက်ပါ့မယ်”
လုရှန်းကျစ်က သက်ပြင်းချပြီး သူမ၏ခေါင်းကိုပုတ်၏။
“ယောင်ယောင် အခု နယ်စပ်မြို့မှာ မဟုတ်တော့ဘူးနော်၊ ညီမလေးအနေနဲ့ ဆန္ဒရှိတဲ့အတိုင်း လုပ်ချင်တာကိုလုပ် သွားချင်တာကို သွားလို့မရတော့ဘူးနော်၊ အရာအားလုံးက ကွာခြားသွားပြီ”
“အင်း”
ယဲ့ကျန်းက တိတ်ဆိတ်စွာသာ တုံ့ပြန်လိုက်သည်။ မနေ့က တစ်မိသားစုလုံး၏အရှေ့တွင် သူတို့အား လျှိုရှီက အရှက်ခွဲခဲ့၏။ အနာဂတ်တွင် ပို၍ အလှည့်အပြောင်း ဖြစ်နိုင်သေးသည်။ ထို့ကြောင့် သူမသည်လည်း သတိထားရပေမည်။
“အကြီးဆုံးအစ်ကိုက ညီမလေး မနက်ဖြန် စာမေးပွဲသွားဖြေမဲ့ အကြောင်းကိုတောင် တွေးနေသေးတာ၊ သူက ညီမလေးနဲ့အတူ လမ်းထွက်လျှောက်ချင်နေတာ၊ တကယ်လို့ ညီမလေး အရှင်ရွှီရဲ့လမ်းကြောင်းကို မသွားချင်ဘူးဆိုရင်တောင်မှ အပန်းဖြေတဲ့အနေနဲ့ အပြင်ထွက်ပြီး အနားယူသင့်သေးတယ်၊ မနက်ဖြန်အတွက် အရမ်းစိုးရိမ်နေဖို့ မလိုအပ်ပါဘူး”
လုရှန်းကျစ်၏အသံက ပျော့ပျောင်းသွား၏။
ယဲ့ကျန်းက ပြောသည်။
“ညီမ မသွားဘူး၊ ဆရာမရှန်းက ဒီနေ့ ထွက်သွားတော့မှာ၊ ညီမ လိုက်ပို့ရလိမ့်မယ်”
လုရှန်းကျစ်လည်း အံ့ဩသွားသည်။
“ဆရာမရှန်းက ဘယ်နေရာကို သွားမှာလဲ”
ညီမ မသိဘူး။
ယဲ့ကျန်းက ခေါင်းကို ညင်သာစွာခါပြီးပြောသည်။
“ဆရာမရှန်းက  ညီမကို မပြောဘူး”
“ကောင်းပြီလေ၊ ဒီလိုဆိုလည်း အကြီးဆုံးအစ်ကိုနဲ့ အစ်ကိုကြီးကပဲ အရှင်ရွှီရဲ့နေရာကို ခေါ်သွားပေးပါ့မယ်”
ထိုကိစ္စက ဆရာမရှန်း သူမ၏အိပ်ဆောင်မှ ထွက်လာသည်အထိ ကြာသွားသည်။
“ယောင်ယောင် သွားလိုက်ပါ”
ယဲ့ကျန်းက မျက်မှောင်ကြုတ်သည်။
“ဆရာမ”
“ငါက မြို့မှာနေခဲ့တာ၊ မင်း ငါ့ကို လိုက်ပို့ဖို့မလိုပါဘူး၊  ရွှီလောင်က အတော်ခွကျတဲ့အဖိုးကြီးပဲ၊ သူသာ မင်းကို ကိစ္စအနည်းငယ် သင်ပေးနိုင်မယ်ဆိုရင် အနာဂတ်အတွက် အကျိုးကျေးဇူး အများကြီးရပါလိမ့်မယ်”
ဆရာမရှန်းက သည်ဝမ်းကွဲနှစ်ယောက် ပြောနေသည့်စကားကို အဆောင်ထဲမှ ကြားခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် သူမက ထွက်သွားရန် ပြင်ဆင်လိုက်တော့၏။
လုရှန်းကျစ်က ရယ်သည်။
“ဆရာမရှန်း ပြောတာမှန်တယ် ညီမလေး၊ ဒါက ရှားပါးတဲ့အခွင့်အရေးပဲ သွားကြစို့”
မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် ယဲ့ကျန်းက ဆရာမရှန်းကို ကြည့်ပြီးနောက် တစ်ဖက်က ခေါင်းညိတ်ပြကြောင်း မြင်လိုက်ရလေရာ သူမ လက်ရမ်းပြလိုက်မိတော့၏။ သူမ နေချင်လျှင်ပင် တစ်ဖက် သွားခိုင်းနေလေပြီ။ သူမ ဆက်နေ၍မရပေ။
လုရှန်းကျစ်က ယဲ့ကျန်းကို အရှေ့ဘက်ခြံဝင်းထံသို့ ခေါ်သွား၏။ ထိုနေရာတွင် လုလင်ကျစ်က သူတို့အား ရထားလုံးအတွင်းတွင်ပင် ဝင်၍စောင့်နေခဲ့ချေပြီ။
“အကြီးဆုံးအစ်ကို”
လုလင်ကျစ်ကို သူမ မလေးစားဟု လုရှန်းကျစ် တွေးသွားမည်အား စိုးရိမ်ပြီး ရှောင်ရှားလိုသောအနေဖြင့် ခပ်ကျယ်ကျယ် နှုတ်ဆက်လိုက်သည်။
လုလင်ကျစ်ကလည်း သူမ ရောက်လာကြောင်းမြင်သည်။ သူ၏အပြုံးက နက်ရှိုင်းသွား၏။
“ယောင်ယောင် ဒီမှာ ရထားလုံးအသစ် ပြင်ထားတယ်၊ လာ သွားကြစို့”
သူမက လုလင်ကျစ်နှင့် ရထားလုံးတစ်စီးတည်း မစီးချင်ပေ။ သို့သော် သူမတွင် ရွေးချယ်စရာမရှိပေ။
...

နတ်ဆေးသမားတော် ယဲ့ကျန်းDonde viven las historias. Descúbrelo ahora