Part 103

1K 95 2
                                    

Unicode

အပိုင်း (၁၀၃)
ကျော်ကြားသောမိသားစုမှ သခင်မလေးများအတွက် ရုပ်ရည်က အဓိကမဟုတ်ပေ။ ဒါက စရိုက်လက္ခဏာဖြစ်၏။ လုယောင်ယောင်က နယ်မြို့တွင် သီးသန့်ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။
သူမမှာ ပါရမီမရှိဘဲ စာလည်းမတတ်ဘဲ စာမေးပွဲကို ဘယ်လိုများဖြေမှာတဲ့လဲ၊ ဒီရုပ်ရည်တစ်ခုတည်းနဲ့လား။
သခင်မကြီးလုက ထိုစကားကိုကြားသော်လည်း ဂရုမစိုက်ပေ။ သူမက ယဲ့ကျန်းကို လှည့်ကြည့်ပြီးရယ်၏။
“တို့ရဲ့ယောင်ယောင်က ဒီလောက်ဉာဏ်ကောင်းတာ၊ သေချာပေါက် အကယ်ဒမီစာမေးပွဲကို အောင်လိမ့်မယ်”
ချန်းလီပင်းက ထပ်ဖြည့်ပြောသည်။
“ဟုတ်တာပေါ့ တတိယညီမလေးက အကယ်ဒမီဝင်ခွင့်စာမေးပွဲကို သေချာပေါက် အောင်မြင်သွားမှာ၊ ဒါက အကယ်ဒမီရဲ့ အစောပိုင်းနှစ်ပဲဆိုတော့ စည်းမျဉ်းတွေအများကြီး မရှိဘူးပဲ”
ယဲ့ကျန်းက ဖျော့တော့စွာ ပြုံးသည်။
ဟုတ်တယ်၊ အကယ်ဒမီက အစပိုင်းတည်ထောင်ခဲ့ချိန်ကနဲ့ ကွာခြားသွားပြီ၊ အဲဒီအချိန်က အမျိုးသမီးအကယ်ဒမီဆိုတာ စည်းမျဉ်းတွေ ကန့်သတ်မှုရှိတာမှ မဟုတ်တာ၊ အမျိုးသမီးတွေအားလုံးက ကုန်သည်တွေပဲဖြစ်ဖြစ်၊ အထက်တန်းလွှာတွေပဲဖြစ်ဖြစ် လိုအပ်ချက်နဲ့ပြည့်မီရင် သင်ကြားလို့ရတယ်၊ ဒါပေမဲ့ အခုတော့ …။
ယဲ့ကျန်းက နှာခေါင်းရှုံ့သည်။ အကယ်ဒမီက ကျောင်းသူများလက်ခံရာတွင်  အဆင့်အတန်းကို အဓိကကြည့်၏။ သာမန်လူများကသာ ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လိုအပ်သောအရင်းအမြစ်များကို ထောက်ပံ့နိုင်လိမ့်မည် ဆိုလျှင်ပင် တော်တန်ရုံဝင်ခွင့်ရရန် မဖြစ်နိုင်ပေ။ အကယ်ဒမီကလည်း သာမန်လူများကို မလိုအပ်သည်ကလည်း သေချာနေ၏။
တော်ဝင်ကုန်သည်ဆိုသော သူတို့၏နောက်ခံကြောင့်  လုညီအစ်မများက ကျောင်းသို့ ဝင်ခွင့်ရခဲ့ကြခြင်း ဖြစ်၏။ သို့တိုင်အောင် အကယ်ဒမီသို့ ခြေလှမ်းဝင်လိုက်သည်နှင့် သူတို့ သိမ်ငယ်ခဲ့ရသေးသည်။
ယဲ့ကျန်းကမူ အကယ်ဒမီ မည်သို့ပြောင်းလဲသွားခြင်းကို သဘောမကျပေ။ သို့တိုင်အောင် သူမက ကျောင်းသူတစ်ယောက်ဖြစ်အုံးပေမည်။
ဆေးဝါးအကယ်ဒမီက အကယ်ဒမီမှ အစိတ်အပိုင်းတစ်ခု ဖြစ်၏။ ထို့ကြောင့် သူမ လူအများနှင့်ယှဉ်လျှင် တော်ဝင်နန်းတော်သို့ ဝင်ခွင့်ရမည်မှာသေချာနေ၏။
“သမီး ဝင်ခွင့်ရရ၊ မရရ သမီး အကောင်းဆုံးကြိုးစားမှာပါ”
ယဲ့ကျန်းက သခင်မကြီးလုကိုပြောသည်။
သခင်မကြီးလုက ပြုံးကာ ခေါင်းညိတ်လိုက်၏။
“ဒါပေါ့၊ တို့တွေရဲ့တတိယသမီးပျိုလေးက ဘာလုပ်လုပ် အဆင်ပြေအောင် လုပ်နိုင်မယ်ဆိုတာ ယုံကြည်ချက်ရှိတယ်၊ မြို့တော်က ဘယ်လောက်များတဲ့ သခင်မလေးတွေကများ ဆရာမရှန်းရဲ့ကျောင်းသူ ဖြစ်နိုင်လို့လဲ၊ မင်းက အားလုံးထက်သာတယ်”
ယဲ့ကျန်းက ရယ်သည်။
“အဖွားပြောတာ မှန်တယ်”
“တတိယညီမ တတိယညီမပြောတဲ့ အလှဆီဆိုတာကရော”
ချန်းလီပင်းက ယဲ့ကျန်းပြောထားသော အလှဆီအကြောင်းကို အလွန်စိတ်ဝင်စားနေသည်။ အခြားသူများကလည်း ကြည့်လာကြ၏။ သူမပြောမည့်စကားကို စိတ်ဝင်စားနေကြ၏။
တစ်ဖန် ယဲ့ကျန်းက သိုင့်မေ့ယူလာပေးသော အလှဆီပုလင်းများကို ယူပြလိုက်သည်။ အားလုံးပေါင်း လေးပုလင်းရှိ၏။ သူမက တစ်ပုလင်းဆီတိုင်းတွင် လင်းချွမ်ကို အစက်တစ်စက်၏အနည်းငယ်စီ ထည့်ထားသည်။ သက်ရောက်မှုက ပြင်းထန်၏။
“ကျွန်မ မတော်တဆနဲ့ ဒီအလှဆီရဲ့ဖော်စပ်ညွှန်းကို ဖတ်မိသွားတာ၊ အစကတော့ ဒီအတိုင်း ပျင်းလို့လုပ်လိုက်ရုံပဲ၊ မမျှော်လင့်ထားဘဲ ဒီလောက်ကောင်းတဲ့ သက်ရောက်မှု ရှိနေတယ်လေ”
ယဲ့ကျန်းက ရှင်းပြသည်။
“ဒါပေမဲ့ လူတိုင်းအပေါ် သက်ရောက်မှုရှိမယ်လို့တော့ မပြောနိုင်ဘူးပေါ့”
သို့တိုင်အောင် ချန်းလီပင်းက စိတ်ဝင်စားနေသေးသည်။ သူမ၏အကြည့်က ထိုပုလင်းများမှပင် မခွာတော့ပေ။
“ကြည့်ရတာ တတိယညီမအတိုင်း သက်ရောက်မှုရှိမဲ့ပုံပဲ၊ တို့များကိုလည်း သက်ရောက်မှုရှိမှာပါ”
ယဲ့ကျန်းက သူမကို ကြင်နာစွာကြည့်သည်။ သို့သော် သူမကို ပေးမည်ဟုမဆိုပေ။
သခင်မကြီးလုက ထိုကောင်မလေးများကို ကြည့်ပြီးနောက် အပြုံးနှင့်ပြောသည်။
“မင်းတို့ညီအစ်မတွေ တစ်ပုလင်းဆီ ယူလိုက်ကြ၊ ငါက အိုနေပါပြီ၊ ဒီအရာတွေနဲ့ မသင့်တော်တော့ပါဘူး”
“ကျေးဇူးတင်ပါတယ် ဒေါ်လေး”
ချန်းလီပင်းက အပြုံးဖြင့်ကျေးဇူးတင်သည်။ သူမက တစ်ပုလင်းယူ၏။
လုဖန်းနှင့်လုကျင်းတို့ကလည်း အချင်းချင်းကြည့်ပြီးနောက် သခင်မကြီးလုက ပြုံးပြနေကြောင်း မြင်သောအခါ သူတို့လည်း ပြုံးလျက် ကျေးဇူးတင်ကြောင်းပြောကာ ယူလိုက်ကြသည်။
ပိုင်ရှင်ဖြစ်သော ယဲ့ကျန်းကမူ အမေ့လျော့ခံထားရသည်။ ကောင်မလေးများအားလုံး ပျော်နေကြောင်း မြင်သောအခါ သခင်မကြီးလုက မတ်တတ်ထရပ်ကာ ထွက်သွားရန်ကြံစည်၏။
“အားလုံးပဲ ကိုယ့်အိမ်ကိုပြန်ပြီး ညကျမှ အတူတကွပြန်လာကြတော့”
“အဖွား သမီးတို့ သေချာပေါက် ပြန်လာပါ့မယ်”
လုကျင်းက ထိုသို့ပြောလျက် မတ်တတ်ထရပ်ကာ ဦးညွတ်ပြီးနောက် ထွက်သွားသည်။
အားလုံး ထွက်သွားကြောင်းမြင်သောအခါ ယဲ့ကျန်းက သူမ၏ လက်မောင်းကြားထဲတွင် ထည့်ဖွက်ထားသော ပုလင်းငယ်လေးနှစ်လုံးကို ထုတ်လိုက်သည်။ တစ်ခုက ဖြူဖွေးနေပြီး အခြားတစ်ခုက အပြာဖျော့ရောင်ဖြစ်၏။
သူမက သခင်မကြီးလုအနားသို့ ကပ်သွားပြီးနောက်ပြောသည်။
“အဖွား ဒီအဖြူရောင်ပုလင်းက မျက်နှာကို လိမ်းရတဲ့အလှဆီ၊ ဒီအပြာရောင်ကတော့ အဖွားရဲ့ကျန်းမာရေးအတွက်၊ အဖွား တစ်နေ့တစ်ကြိမ် သောက်ရမယ်နော်၊ ဒါက အဖွားအတွက် သေချာသိမ်းထားပေးတာ၊ သူတို့ ရသွားတာထက် ကောင်းတယ်”
သည်မြေးမ၏ ချစ်စဖွယ်အပြုအမူကြောင့် စိတ်လှုပ်ရှားသွားသောသခင်မကြီးက ယဲ့ကျန်းကို ဖက်ပြီး ချီးကျူးနေတော့သည်။ သူမ၏သည်မြေးမက သိတတ်သည်။ နှလုံးသားထဲတွင်ပင် သည်အဖွားကိုမှတ်ထား၏။
ယဲ့ကျန်းက ပြုံးကာ ခေါင်းငုံ့ထားသည်။ သူမက အလွန်လိမ္မာသော မြေးမလေးတစ်ယောက်နှင့် တူနေ၏။
အစကမူ သူမ လုမိသားစုက သူမ၏ညီမအပေါ် ကြင်နာမှုအပေါ် ပြန်ပေးဆပ်လိုသည်။ ဒုတိယအချက်အနေဖြင့် သည်သခင်မကြီးလုကို သူမ၏ အထောက်အပံ့အနေဖြင့် ရယူလို၏။
...

နတ်ဆေးသမားတော် ယဲ့ကျန်းTempat cerita menjadi hidup. Temukan sekarang