အပိုင်း ၁၂၉
"ဆရာမပုက ကုချင်းတီးခတ်တာတော်တယ်။ ဘာလို့အလောတကြီး ဒီမင်းသားက သူ့ကို လူရိုင်းတွေတီးတဲ့ တူရိယာမျိုး တီးခတ်ပြသခိုင်းနေတာလဲ"
"ကောင်းပြီ ဘယ်လိုပဲဖြစ်ဖြစ် သူမအတွက် တီးဖို့ခက်ခဲနေဦးမှာပဲ"
မော့ရုံရီကမျက်ခုံးပင့်သည်။
"ဒါ့အပြင် မိန်းကလေးလုရဲ့ဖျော်ဖြေမှုက လူရိုင်းဆိုတာထက် သာတယ်"
"ရီ... နင်အနိုင်ရချင်ရုံသက်သက်နဲ့ လုပ်နေတာမဟုတ်လား နင်က လုယောင်ယောင်အတွက် ရပ်တည်ပေးစရာ မလိုပါဘူး။ သူမရဲ့ ဒီဗုံတီးပြီးကပြတာက လက်ခံနိုင်စရာကိုမရှိဘူး"
မည်သို့ပင်ဆိုစေ သူမက အနိုင်ရသည်ဟု ခံစားနေရသည်။
လျန်ကျန်းက လောင်းကြေးအကြောင်းကြားသောအခါ မော့ရုံရီကို လှည့်ကြည့်သည်။
"အရှင့်သား ကျွန်မနိုင်မယ်လို့ အရှင့်သားက လောင်းထားတာလား"
"ငါ့ရဲ့အသက်ကို ကယ်တင်ပေးတဲ့အတွက် သေချာတာပေါ့ ငါမင်းကိုပဲ နိုင်စေချင်တယ်။ မဟုတ်ရင်လည်း မင်းငါ့ကိုလျန်းထောင့်နှစ်ရာပြန်ပေးမလို့လား"
မော့ရုံရီက မပျော်မရွှင် ပြောသည်။ သူ၏နှုတ်ခမ်းများက မဲ့ကျနေကာ သူ၏တုတ်ခဲနေသော လက်မောင်းလေးများက ရင်ဘတ်ပေါ် ဖိကပ်ထားသည်။
"လျန်းထောင့်နှစ်ရာဟုတ်လား"
ယဲ့ကျန်းက ကြောင်သွားသည်။ ထိုပမာဏက ဟာသမဟုတ်ချေ။
"ကျွန်မသာ နိုင်ရင် ဘယ်လောက်ရမှာလဲ"
ယဲ့ကျန်းက မေးသည်။
"မင်းသမီးလျှိုဟွားက တခစ်ခစ်ရယ်သည်။
"ဒါပေါ့ ဆယ်ဆတစ်ဆလေ သူသာနိုင်ရင် သူက လျန်းတစ်သောင်းနှစ်ထောင်ပြန်ရလိမ့်မယ်။ လုယောင်ယောင် နင်ကဘာလို့မေးတာလဲ၊ နင့်ကိုယ်နင်အကယ်ဒမီကို ဝင်နိုင်မယ်လို့ထင်နေတုန်းပဲလား"
ယဲ့ကျန်းက ထိုစကားကိုကြားချိန်တွင် ဒေါသမထွက်ပဲ ပြုံးရုံသာလျှင်ပြုံးသည်။ သူမက သည်အခြေအနေကို တည်ငြိမ်စွာကိုင်တွယ်နေသည်။