Part 135

824 78 1
                                    

အပိုင်း ၁၃၅

"အဘွား သမီးနောက်မှ အဘွားကိုကပြမယ်"

သခင်မကြီးလုက ခေါင်းညိတ်ကာ ပြုံးသည်။ ထို့နောက် လုလင်ကျစ်ကိုမေးသည်။

"မင်းသမီး သူ့အာဏာကို သုံးတယ်။ မင်းအနေနဲ့ ယောင်ယောင့်အတွက် တရားမျှတမှုလုပ်ပေးရမယ်။ တကယ်လို့ အကယ်ဒမီရဲ့ အကြောင်းကြားစာသာ မရခဲ့ဘူးဆိုရင် ..."

"ကျွန်တော်ဂရုစိုက်လိုက်ပါမယ်"

လုလင်ကျစ်ကလည်း တည်တင်းစွာပြောသည်။

ယဲ့ကျန်းက မျက်မှောင်ကြုတ်သည်။ တစ်ခါတစ်ရံတွင် အချို့သောအကြောင်းပြချက်များကြောင့် အကယ်ဒမီမှ အကြောင်းကြားစာကို မရနိုင်သည့် ကိစ္စမျိုးလည်း ဖြစ်နိုင်သေးသည်။ ဖြစ်နိုင်ခြေက နည်းသော်လည်း လျှိုဟွား၏ဝှက်ဖဲများကို မသိနိုင်သေးချေ။

"ဒီကိစ္စကို မင်းသားငယ်ကိုယ်တိုင် စောင့်ကြည့်နေခဲ့တာဆိုတော့ မင်းသမီးက အရူးအလုပ်တွေမလုပ်ရဲတော့ပါဘူး"

"မင်းသားငယ်ဟုတ်လား"

သခင်မကြီးလုက သံသယဝင်သွားသည်။

ဘယ်ကနေ မင်းသားငယ်က ပါလာတာလဲ။

"ယောင်ယောင်က တစ်ခါက မင်းသားငယ်ကို ကယ်တင်ခဲ့ဖူးတယ်။ ဒါကြောင့် ယောင်ယောင့်ကို ကျေးဇူးတင်စိတ် ခံစားနေရတာဖြစ်မှာပါ"

လုလင်ကျစ်ကပြုံးပြီးနောက် အဘွားဖြစ်သူကို ထိုမတော်တဆကိစ္စအကြောင်း သတိပေးလိုက်သည်။

"အဘွား ဒီဆရာမနှစ်ယောက်က ယောင်ယောင့်အတွက် ခက်ခဲအောင်လုပ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီနှစ်ယောက်လုံးက အကယ်ဒမီကနေ ကျောင်းအုပ်ရဲ့အမိန့်နဲ့ ထုတ်ပယ်ခံလိုက်ရပါပြီ"

ထိုအခါ ယဲ့ကျန်း၏မျက်လုံးက အံ့အားတကြီးတောက်ပသွားပြီး လုလင်ကျစ်ကို ကြည့်သည်။ သူမက မယုံကြည်နိုင်တော့ချေ။

"မမြန်လွန်းဘူးလား"

"သူတို့က မင်းသားငယ်နဲ့ ငြင်းခုန်ခဲ့ကြတယ်။ မော့ရုံရီက ဘယ်လိုများလွှတ်ပေးမှာတဲ့လဲ"

သူက ရည်ရွယ်ချက်ရှိရှိနဲ့ အသေးစိတ်က အချက်အလက်ကို ချန်ထားရစ်ခဲ့တာပဲ။ ယဲ့ကျန်းကတွေးသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းOnde as histórias ganham vida. Descobre agora