173 01
အခန်း (၁၇၃)
"အဘွား ကျွန်တော်က အဲ့ဒီလိုဆိုလိုတာ မဟုတ်ပါဘူး"
လုလင်ကျစ်ကလည်း အလျစ်စလို စကားကို ပြန်ထိန်းသည်။
သူက မော့ရုန်ကျန်း၏ ပတ်ဝန်းကျင်မှလူများက လုယောင်ယောင်ဟာ ယခင်ဝမ်ဖေးယဲ့နှင့် တူနေကြောင်း သတိထားမိသွားမည်ကိုသာ စိုးရိမ်ခြင်းဖြစ်သည်။
"ယောင်ယောင်လေးက သန့်စင်ပြီး အကျင့်လက္ခဏာကောင်းတဲ့လူမျိုးပါ။ ဧကရာဇ်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားခဲ့ပြီး ရွှမ်းအာကို ဒေါသထွက်သွားစေခဲ့တယ်။ ဒါကတိုက်ဆိုင်မှုပဲ။ လုရှီမင်နဲ့ ဖေးရှီက ယောင်ယောင်ကို တစ်ခါမှ ကြမ်းကြမ်းတမ်းတမ်း ဆိုဆုံးမခဲ့ဖူးတာတောင် မဟုတ်ဘူး။ ဒါကိုရွှမ်းအာက ဘယ်လိုလုပ်ရဲတာလဲ။ သူမက ဒေါသကြီးလွန်းတယ်"
သခင်မလေလုဟာ လုဝူရှမ်းကို ပို၍ပင် ပြင်းပြင်းထန်ထန် အကဲဖြတ်လိုသော်လည်း ရုတ်တရက် တစ်ဖက်က ဝမ်ဖေးဖြစ်နေကြောင်း သတိရသွားပြီး ဆက်မပြောတော့ချေ။
လုလင်ကျစ်ကလည်း နားထောင်နေသည်။ သူ၏ညီမအကြောင်း သူကိုယ်တိုင်သိသည်။ လုဝူရှမ်းဟာ ရန်စမခံရလျှင် အလျင်စလိုလုပ်မည့်လူမျိုး မဟုတ်ချေ။
လုယောင်ယောင်၏ အလှတရားကို မနာလိုဖြစ်မှုနှင့် တော်ဝင်မင်းသမီး၏ သွေးထိုးမှုကြောင့် ဖြစ်သွားခဲ့ခြင်း ဖြစ်လောက်သည်။ ဝမ်းကွဲဖြစ်သူက ဧကရာဇ်၏ စိတ်ဝင်စားမှုကို ဖမ်းဆုပ်သွားနိုင်ကြောင်း ခံစားမိချိန်တွင် အလွန်ဒေါသထွက်သွားပြီး လုယောင်ယောင်ကို ပါးရိုက်ခဲ့ခြင်း ဖြစ်လောက်လေသည်။
သူ၏ညီမငယ်ဟာ မော့ရုန်ကျန်းဟာ အလှကြောင့် ဖြားယောင်းခံရမည့် လူမျိုးမဟုတ်မှန်း နားမလည်သေးချေ။
ဝမ်ဖေးယဲ့ကလည်း အရမ်းလှတာ မဟုတ်ဘူးလား။ ဒါပေမဲ့ ဧကရာဇ်က လျစ်လျူမရှု့ခဲ့ဘူးလား။
အဆုံးတွင် လုဝူရှမ်း၏ မလုံခြုံသလို ခံစားရမှုကသာ အခြေအနေအားလုံးကို ဆိုးရွားစေခဲ့ခြင်း ဖြစ်သည်။
နေပါအုံး ဘာဖြစ်လို့ ဒီလိုမလုံခြုံသလို ခံစားရတာလဲ။ ဧကရာဇ်က သူမကို ချစ်မြတ်နိုးပြီး အလိုလိုက်နေတာမျိုးဆိုရင် မော့ရုန်ကျန်းအနားကို ဘယ်မိန်းမကပ်ကပ် အခုလိုခြိမ်းခြောက်ခံရသလို ခံစားနေရစရာ အကြောင်းမရှိဘူး။