181 01
အပိုင်း (၁၈၁)
နှင်း(၁)
ကောင်းရွှယ်ပင်းက ယဲ့ကျန်းနှင့်အတူနေရမည့်အခန်းထဲမှ ရွှေ့လာရပြီးနောက်တွင် ဒေါ်လေးဝမ်၏ အခြားသောပြင်ဆင်ပေးထားသည့် အဆောင်တွင် သွားနေရသည်။ သံသယဝင်ရန်မလိုလောက်အောင် ထိုအဆောင်ဟာ သူမအတွက် အခြေအနေ ဆိုးရွားသွားလေသည်။ ထို့ကြောင့် သည်တစ်နေ့တာဟာ သူမအတွက်ပင်ပန်းရသော နေ့တစ်နေ့ဖြစ်သွားပြီး ရင်ထဲတွင် ခါးသီးနေတော့သည်။ အခြားတစ်ဖက်တွင် ယဲ့ကျန်းကမူ ကျေနပ်နေသည်။
အခန်းဝေမျှကာ အတူနေရမည့်အစား တစ်ယောက်တည်းသာနေလိုသည်။ သည်နည်းအားဖြင့် သူမအနေဖြင့် ဆေးပင်များကို လေ့လာခြင်းနှင့် အခြားသောကိစ္စများကို လုပ်ဆောင်ရာတွင် သံသယဝင်မခံရနိုင်တော့ချေ။ ကောင်းရွှယ်ပင်းကို နှင်ထုတ်ရန်အတွက် ငွေကြေးအမြောက်အမြားပေးဆပ်ခဲ့ရခြင်းက တန်သည်ဟု ထင်လိုက်သည်။
"ငါ့အမေသာ ငါ့ကိုကျောင်းဆောင်မှာနေခိုင်းရင် ဘယ်လောက်ကောင်းလိုက်မလဲ"
လက်ရှိအချိန်တွင် တစ်ယောက်ကိုတစ်ယောက် သဘောကျကာ ရင်းနှီးကျွမ်းဝင်သွားကြပြီဖြစ်သည့် အမျိုးသမီးသုံးယောက်ဟာ ညနေခင်းအေးစက်သော အချိန်တွင် လက်ဖက်ရည်ပူသောက်လျက် အနားယူနေကြသည်။
အခြားသောကျောင်းသူများကိုကြည့်ပြီး ဆွန်းဝမ်ဟာ မနာလိုဖြစ်နေသည်။ ယဲ့ကျန်းနည်းတူအခြားသူများဟာလည်း ကျောင်းဆောင်တွင်နေကြသည်။
"ဘာလို့ နင့်ရဲ့အမေက ကျောင်းဆောင်မှာ မနေခိုင်းတာလဲ"
ချန်းကျင်းယွီက ဆွန်းဝမ်ကို တစ်ချက်ကြည့်လိုက်ရင်း လက်ဖက်ရည်ကို ငဲ့လိုက်သည်။
တစ်ဖက်သူဟာ စိတ်လေးလံစွာဖြင့် သက်ပြင်းချသည်။ မည်သို့သော အတွေးများကို တွေးမိသည်မသိ သူမ၏မျက်နှာဟာလည်း ပျက်ယွင်းလာသည်။
"ငါ့ရဲ့အမေက ငါ့ကို ၁၅ နှစ်တောင် စောင့်ရှောက်ကြည့်ရှုလာခဲ့ပြီးပြီ၊ ငါ လက်မထပ်ခင်အထိ ဆက်လက်ကြည့်ရှုပေးအုံးမယ်ဆိုပြီး ခဏခဏပြောတယ်၊ ငါကသာ ကျောင်းဆောင်မှာနေမယ်လို့ပြောလိုက်ရင် ဒီစကားတွေကို ထပ်ပြောလာအုံးမှာ၊ အဲ့ဒီတော့ ငါကပဲ ထပ်ပြီးနှစ်သိမ့်ပေးနေရအုံးမယ်၊ အာ ငါ တကယ်ကိုဘယ်တော့မှ လွတ်လွတ်လပ်လပ်နေရမယ်မှန်း မသိတော့ပါဘူး"