Part 142

815 74 1
                                    

အပိုင်း ၁၄၂

"အခုလက်ရှိ အနေအထားမျိုးနဲ့ လုမိသားစုက ဘယ်သူကများ ငါ့ကို ဆိုးရွားတဲ့ အခြေအနေမျိုး ရောက်အောင် လုပ်နိုင်မှာလဲ၊ ဘယ်သူကမှ ငါ့အစစ်အမှန်ကို မသိကြဘူးလေ၊ နောက်ပြီး လုရှီမင်နဲ့ ဖေးရှီတောင်မှ ငါက ယဲ့မိသားစုက သမီးဆိုတာ သိတာမှ မဟုတ်တာ။

ဒီလိုအခြေအနေမျိုးနဲ့ ဘယ်သူကများ ငါ့ကိုရန်ငြိုးထားမှာတဲ့လဲ၊ ငါ့ကို မနာလိုဖြစ်နေတဲ့ လုမိသားစုသခင်မလေးတွေကတော့ ခြွင်းချက်ပေါ့"

ထို့အပြင် သူမက ယဲ့မိသားစု၏အသွေးအသားများကို နင်းခြေပြီး ရှာဖွေရရှိလာသည့် လုလင်ကျစ်သယ်ဆောင်လာသော အောင်မြင်ကျော်ကြားမှုများ အားလုံးကို ပျော်ရွှင်စွာ ခံစားနေချိန်လည်း ဖြစ်သည်။

"သခင်မလေး သခင်မလေး လုမိသားစုနဲ့ဆက်ပြီး နေချင်တုန်းပါပဲလား၊ ဒီအစေခံက သခင်မလေးဆီကို ပြန်လာချင်ပါတယ်"

ဟုန်လင်းက အသနားခံသည်။

လက်ရှိအချိန်တွင် သူမ၏သခင်မလေးက အရှင်လတ်လတ်ရှိနေသေးပြီး အရာအားလုံးကို ယခင်အတိုင်း ပြန်ဖြစ်ချင်နေသည်။ သူမ၏ခံစားမှုနှင့်အတူ သခင်မလေးယဲ့ကို သူမက ကာကွယ်ပေးနိုင်သည်။

"ဒီလိုဆိုရင်လည်း နည်းလမ်းမရှိဘူး"

ယဲ့ကျန်းက သူမ၏ယခင်အစေခံကို ကြည့်လိုက်သည်။

"လုလင်ကျစ်က နင့်ကို အရင်က မြင်ဖူးထားတယ်၊ သူက နင်သာ ငါ့အနားမှာ ရှိနေတာကိုသိရင် သေချာပေါက် သံသယဝင်လာမှာပဲ၊ ဒါ့အပြင် ငါက အမျိုးသမီးအကယ်ဒမီက ဆေးဝါးအကယ်ဒမီကျောင်းတော်ကို တက်ရောက်တော့မှာ မိုလို့ နင်က အပြင်ဘက်က ငါ့ရဲ့မျက်စိတွေ၊ နားတွေ ဖြစ်ပေးရမယ်"

ဟုန်လင်းက မေးလိုက်သည်။

"သခင်မလေးက ဒီအစေခံကို ဘာလုပ်စေချင်တာပါလဲ"

ယဲ့ကျန်းက ပတ်ဝန်းကျင်ကို တစ်ချက်ကြော့ရှင်းစွာကြည့်ပြီးနောက်တွင် ပြောလိုက်သည်။

"ငါ အရင် ဒီစီးပွားရေးလုပ်ငန်းကို စတင်ခဲ့တာက အရင်ဧကရာဇ်သွမ့်ဟွေး၊ ချီရန်လင်းခြေရာကို နင်းချင်လို့ပဲ၊ ဒါကြောင့် ဒီလိုစီးပွားရေးလုပ်ငန်းကို စချင်ခဲ့တာ၊ ဒါက ငါ့ကျော်ကြားမှုကိုမြှ င့်တင်နိုင်တယ်လို့ ငါ ယူဆခဲ့လို့ပဲ၊ ဒါပေမဲ့ အခုတော့ ငါ့မှာ ဒါပဲရှိတော့တယ်"

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now