Part 185

671 63 1
                                    

185 01

အပိုင်း ၁၈၅

ကုသဆေးရှာခြင်း ၂

"ဒီကျောင်းသူက အဖြေစာရွက်ကို အရင်အပ်ခဲ့တဲ့တစ်ယောက်ပဲ၊ သူမက မိတ်ဆက်စာအုပ်ထဲမှာပါတာထက် ပိုပြီးဆေးပင်တွေအကြောင်းကို အသေးစိတ်နီးပါး ဖော်ပြပေးနိုင်တယ်"

ချီကျင်း၏နှုတ်ခမ်းတွေက ကော့တက်လျက်ပြုံးသွားသည်။ ယဲ့ကျန်း၏အဖြေစာရွက်ဟာ သူမလက်ထဲတွင်ရှိနေသည်။ သူမက ဂရုတစိုက်ဖတ်ရှုနေပြီး တစ်လုံးချင်းစီကို အသေးစိတ်လေ့လာသည်။ သူမ၏အကြည့်ဟာလမ်းပေါ်တွင် ထိုမိန်းကလေးနှင့်ဆုံခဲ့သောနေ့ထံသို့ ပြန်ရောက်သွားသည်။ လှပသောမျက်နှာလေး၊ သန့်စင်သောအရှိန်အဝါ၊ တည်ငြိမ်သောမျက်ဝန်းများနှင့် ထိုမိန်းကလေးဟာ အလိုလိုနှစ်သက်လိုစိတ်ကို ဖြစ်ပေါ်လာစေသည်။

"ဒါက ဝမ်ဖေးလုရဲ့ညီမပဲ၊ သူမက နယ်မြို့မှာကြီးပြင်းလာတာ၊ ဒါပေမယ့် ဒီလိုမျိုး ပါရမီပါနေမယ်ဆိုရင်တော့ ဘယ်လောက်ကောင်းလိုက်မလဲ"

ချီကျင်းက ပြောသည်။ ချင်ဖူကျစ်ကလည်းပြုံးလိုက်သည်။

"ဒီကျောင်းသူက နှိမ့်ချပြီးနေတတ်တယ်၊ ထောင်လွှားတာမျိုးလည်းမရှိဘူး၊ ဒါပေမယ့် သူမက ဘယ်လိုအခြေအနေရှိမလဲ၊ ဘယ်လိုစရိုက်ရှိမလဲဆိုတာကို စောင့်ကြည့်ရမယ်၊ တကယ်လို့ ပုံမှန်အတိုင်းတည်ငြိမ်ပြီး အခုမြင်ရသလိုမျိုး ပါရမီကောင်းမယ်ဆိုရင်တော့ မျိုးစေ့ကောင်းပဲ"

"အင်း"

ချီကျင်းကလည်း ခေါင်းငြိမ့်သည်။ ထိုနေ့ဟာ သူမ၏စိတ်ထဲတွင် လတ်ဆတ်ကာ ထင်ရှားနေသေးသည်။ လုယောင်ယောင်ဟာ ချီကျင်း၏မြေးငယ်လေးရှီအာကို လမ်းများပေါ်တွင် ကယ်တင်ခဲ့ပြီး သူ၏နာကျင်မှုကို အချိန်တိုအတွင်းပျောက်ကင်းအောင် လုပ်ပေးနိုင်ခဲ့သည်။ နောက်ရက်များတွင် ရှီအာဟာ မည်သည့်နာကျင်မှုကိုမျှ မခံစားရတော့ချေ။ ယခင်ကထက် ပို၍သက်သာသွားသည်။

သူမဟာ ကိစ္စတစ်ခုလုံးကို အလွန်အာရုံစိုက်နေမိသည်။ သိချင်စိတ်လည်းပြင်းပြနေမိ၏။ ထို့ကြောင့်လုယောင်ယောင်က သူ့ကိုတစ်ခုခုများ စားခိုင်းသေးသလောဟု မေးမြန်းခဲ့သေးသည်။ ရှီအာ၏တိုးတက်မှုဟာ ထိုမိန်းကလေးနှင့် သက်ဆိုင်ခြင်းရှိမရှိ သူမက သိချင်စိတ်ပြင်းပြနေခဲ့သည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now