part 18

1.9K 190 1
                                    

Unicode

အပိုင်း ၁၈ တပည့် (၂)
ထိုင်ခုံပြောင်းပြီးနောက် ဖေးရှီက သူမ၏စာအုပ်များကိုချကာ ယဲ့ကျန်း၏ လက်များကို ကိုင်၏။
“ယောင်ယောင် သခင်မကြီးက သမီးကို ဖိအားပေးတာမျိုးရှိလား၊ ဒါမှမဟုတ် ဒါက သမီးရဲ့ရွေးချယ်မှုလား”
သခင်မကြီးလုက တစ်ခါတစ်ရံတွင် ဖိအားပေးလွန်းသည်။ ဖေးရှီက သူမ၏သမီးကို အခြားသောလုသခင်မလေးများ၏ ခြေရာကို နင်းလျက် ဖိအားပေးခံရမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
လုယောင်ယောင်က လွတ်လပ်စွာ နေတတ်ကာ နယ်မြို့လေးမှလာသော တောရိုင်းမလေးဖြစ်သည်။ ဖေးရှီအနေဖြင့် သူမ၏သမီးပျော်ရွှင်မှုနှင့် စိတ်ဝင်စားမှုအားလုံးကို လမ်းကြောင်း မပြောင်းစေချင်ပေ။
“သမီးကိုယ်တိုင် သွားချင်တာပါ အမေ”
ယဲ့ကျန်းက ဖေးရှီ၏လက်ကို ပြန်လည်ဖိဆုပ်လိုက်သည်။
“နယ်မြို့မှာ အမျိုးသမီးအကယ်ဒမီမှ မရှိတာ၊ သမီးငယ်ငယ်ကတည်းက သမီးသင်ယူလေ့လာတဲ့ကိစ္စတွေကို ဘာမှ ကန့်သတ်ထားခဲ့တာမဟုတ်ဘူး၊ တကယ်လို့ သွားချင်တယ်ဆိုရင် ရပါတယ်၊ ဒါပေမဲ့ အကယ်ဒမီမှာ လေ့လာတာက ကွာခြားတဲ့ကိစ္စတစ်ခုပဲ၊ ပိုပြီးလည်းရှုပ်ထွေးတယ်”
ဖေးရှီက သူမ၏သမီး အကယ်ဒမီသို့ ဝင်ချင်သောခံစားချက်ကို နားလည်သည်။ အပျော်ရှာခြင်း ဖြစ်မည်ကို စိုးရိမ်နေ၏။ ထို့ကြောင့် သူမကိုယ်သူမ ပြဿနာရှာမိမည်ကို စိုးရိမ်၍ ကြိုတင်သတိပေးခြင်းလည်း ဖြစ်သည်။
ကြည့်ရသည်မှာ သူမညီမ၏ဆော့ကစားတတ်သော သဘာဝက ဖေးရှီကို သံသယဝင်စေဟန်ရသည်။ ထို့ကြောင့် ယဲ့ကျန်းက သူမ၏ဆုံးဖြတ်ချက်ကို နားလည်လက်ခံလာအောင် ပြောပြရန် ဆုံးဖြတ်ထားလိုက်တော့၏။
“အမေ သမီးတို့က နောင်ကျ နယ်မြို့ကို ပြန်တော့မှာ မဟုတ်တော့ဘူးလေ၊ အစ်ကိုကြီးက အခုဆိုရင် လက်ထောက်စစ်ဝန်ကြီး ဖြစ်နေပြီ၊ သေချာပေါက် သူ အနာဂတ်မှာ ရာထူးတိုးခံရအုံးမှာပဲ၊ သမီးအနေနဲ့ အစ်ကိုကြီးက အနာဂတ်မှာ ရုံးပိုင်းဆိုင်ရာလုပ်ငန်းတွေ၊ ပြည်တွင်းဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ဆောင်ရမယ်လို့ နားလည်နေတယ်၊ အဲဒီအချိန်ကျရင် သေချာပေါက် သူ သမီးကို ဒီနေရာမှာ ထားရစ်ခဲ့ရမှာပဲလေ၊ သမီးက တောထဲမှာဆက်နေဖြစ်လို့ ဘယ်ရပါ့မလဲ၊ သမီးကိုယ်တိုင် သက်တံ                                                                                                                                                                                                                                                                                                                                                                                                                   ရောင် နေ့ရက်တွေကို ဖန်တီးဖို့အချိန်လိုအပ်သေးတာပေါ့၊ ဒါမှ ကိုယ်တိုင်နေရောင်ကို ခံစားရမှာလေ၊ သမီး အသက် ၁၅ နှစ်ရောက်နေပြီ၊ သမီးအကယ်ဒမီမှာ လေ့လာချင်တယ်၊ ဒါက အသက် ၂၀ ကျော် မိန်းကလေးတစ်ယောက် လုပ်နိုင်စွမ်းရှိတာမျိုး မဟုတ်တော့ဘူးလေ”
ယဲ့ကျန်းက အနားမှ စာအုပ်အပုံလိုက်ကိုကြည့်ကာ ပြောသည်။
“အဲဒါအပြင် သမီးငယ်ငယ်ကတည်းက ဆေးပညာကို လေ့လာခဲ့သေးတာပဲ၊ သမီးအနေနဲ့ ဆေးဝါးအကယ်ဒမီကျောင်းတော်ကို သွားတာက အဆင်ပြေမယ်လို့ ထင်တယ်၊ သမီးရဲ့လုပ်နိုင်စွမ်းရည်ကို စစ်ဆေးကြည့်လို့ရနေတာပဲ”
မြို့တော်သို့ ရောက်ပြီး တစ်လတောင် မကြာသေးသောအချိန်တွင် လုယောင်ယောင်က သူမ၏ခေါင်းထဲတွင် ရှင်းလင်းသောအကြံများ ရှိနေခဲ့လေပြီ။
တစ်ယောက်ယောက်ကများ ဒီအကြံတွေ ပေးလိုက်တာလား။
“သမီးကို တစ်ယောက်ယောက်က ပြောလိုက်တာလား၊ သမီးရဲ့လုပ်နိုင်စွမ်းအားကို တစ်ယောက်ယောက်က မေးခွန်းထုတ်လို့လား”
ဖေးရှီ၏အသံက လေးလံလာသည်။
ကျောစိမ့်သွားသော ယဲ့ကျန်းက သူမညီမ၏ စိတ်နေသဘောထားကို မေ့လျော့သွားခဲ့ခြင်းဖြစ်၏။ လုယောင်ယောင်က သူမကိုယ်တိုင် ထင်မြင်ချက်ချသည်က ရှားသည်။ သူမက အမြဲ သတိလက်လွတ်နေတတ်ကာ ပညာရေးတွင်လည်း စိတ်ဝင်စားခဲ့ခြင်းမရှိပေ။
“ဘယ်သူကမှ ဘာမှမပြောပါဘူး၊ ဒါပေမဲ့ သမီး အစ်မနှစ်နဲ့စတုတ္ထညီမတို့ကို မြင်တော့ သမီးက အရာမဝင်သလို ခံစားရလို့ပါ”
ယဲ့ကျန်းက ကြမ်းပြင်ကိုကြည့်ရင်း ထိုအကြောင်းပြချက်ကို ပေးလိုက်သည်။
ဖေးရှီက ရယ်သည်။ သူမ၏သမီးငယ်က သည်လိုတွေးမည်ဟု  မထင်ထားမိပေ။ သို့သော် သည်လိုခံ စားရသည်ဆိုကတည်းက ဖေးရှီအနေဖြင့် အချို့သံသယများကို ဖြေလျော့လိုက်တော့၏။
“အမျိုးသမီးအကယ်ဒမီအတွက် ဝင်ခွင့်စာမေးပွဲက လွယ်ကူတာတော့မဟုတ်ဘူး၊ သမီးအနေနဲ့ ငယ်ငယ်ကတည်းက မသင်ခဲ့ရတဲ့အရာတွေ အများကြီးရှိတယ်၊ သမီး စာမေးပွဲကိုမအောင်ရင် ဘယ်လိုလုပ်မလဲ”
“အရင်က သမီးက မသင်ချင်ခဲ့တာလေ၊ အဆုံးမှာတော့ ကံကောင်းမှုကိုမူတည်ပြီး ဝိရိယရှိရှိနဲ့ ကြိုးစားအားထုတ်ဖို့ မျှော်လင့်ရတာပဲ၊ သမီး လဝက်လောက် ကြိုးစားလေ့ကျင့်ဖို့ အချိန်ရပါသေးတယ်”
ယဲ့ကျန်း၏ ဆုံးဖြတ်ချက်ပြတ်သားသော အသံနှင့်အတူ ရှက်ရွံ့စွာ ဆက်ပြောလိုက်သည်။
“အမေ သမီးက ဉာဏ်ကောင်းတယ်လို့ အမေပဲ ပြောခဲ့တာ မဟုတ်လား၊ သမီးသာ သေချာပေါက် ရွေးချယ်လိုက်ရင်အောင်မှာပါ”
ဖေးရှီက ခေါင်းညိတ်သည်။
“ကောင်းပြီ အမေ သမီးကို လေ့ကျင့်ပေးဖို့ လူတစ်ယောက်ရှာပေးမယ်”
သူမ၏သမီးတွင် အမြင်ကောင်းရှိလာခြင်းက သူမကို ပျော်ရွှင်စေသည်။ သူမ၏သမီးကို သတ္တိမရှိသောသူ၊ အခွင့်အရေးကို လက်လျှော့တတ်သောသူ မဖြစ်စေလိုပေ။ ရလဒ်က ဒုတိယမြောက်ဖြစ်သည်။ သူမ သမီးကြိုးစားချင်စိတ်ရှိခြင်းက ပထမအချက်ဖြစ်၏။ ဒါကသာ အရေးကြီးဆုံးဖြစ်သည်။
“ကျေးဇူးတင်ပါတယ်၊ အမေ”
ယဲ့ကျန်းက ဖေးရှီ၏လက်မောင်းကို ပွေ့ဖက်လိုက်သည်။ သူမ၏မျက်နှာတွင် ပျော်ရွှင်သောအပြုံးက ရှိနေခဲ့ကာ ပါးများကပင် နီရဲနေ၏။
“သမီးအသက် ဘယ်လောက်ပဲကြီးကြီး အမေ့အတွက်ကလေးပါပဲ”
ဖေးရှီကလည်း သူမ၏သမီးကို ပွေ့ဖက်ထားလိုက်သည်။
“သမီး ဒီစာအုပ်တွေ ဖတ်ချင်တယ်ဆိုရင် အရှေ့ဘက်အခန်းက စာအုပ်တွေကို ယူခိုင်းလို့ရသေးတယ်”
“ဟုတ်ကဲ့အမေ”
လက်ရှိအချိန်တွင် ယဲ့ကျန်းက ဆေးဝါးနှင့်သက်ဆိုင်သော စာအုပ်များကို ဖတ်ရှုရန် လိုအပ်နေချေပြီ။ သူမက လုယောင်ယောင်၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသည့်တိုင်အောင် အတွေ့အကြုံက မရှိသေးပေ။ ထို့ကြောင့် သူမ လုပ်နိုင်စွမ်းမဲ့မည်ကို စိုးရိမ်နေတော့၏။ ထို့အပြင် လုယောင်ယောင်က သူမကိုယ်သူမ လေ့လာခြင်းတွင် တွန်းအားပေးထားခြင်း မရှိသည့်အတွက် ဆေးဝါးပညာတွင်လည်း စိတ်ဝင်စားခဲ့ခြင်း မရှိပေ။ ပြောပြရန်ပင်မလိုလောက်အောင် သူမ၏ဗဟုသုတက အလွန်နည်းပါးသည်။
သူမက အစေခံများကို ဆင့်ခေါ်ပြီးနောက် စာအုပ်အားလုံးကို သယ်စေသည်။ ထို့နောက် ဖေးရှီကို နှုတ်ဆက် အနမ်းပေးလိုက်၏။
တကယ်ကို ငါ့ညီမက ကံကောင်းတာပဲ၊ ဒီလောက်ချစ်တတ်တဲ့ အမေကို ပိုင်ထားတယ်၊ ယဲ့ကျန်းမှာ မရှိတဲ့ အမေလိုမျိုးပေါ့။
သူမ၏စကားများအတိုင်း ဖေးရှီက ယဲ့ကျန်းကို ညွှန်ကြားပေးရန်အတွက် ကြီးကြပ်သူတစ်ယောက်ကို ရှာဖွေနေခဲ့၏။
အမျိုးသမီးအကယ်ဒမီမှ သူမ၏သူဌေးနှင့် သဘောထားတိုက်ဆိုင်မှု မရှိသော တစ်စုံတစ်ယောက် ဖြစ်သည်။ ကောလာဟလများအရ သူမက သူမထုတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် အလုပ်မလုပ်သောသူများကို စာသင်ပေးရန် ခက်ခဲသည်ဟုဆိုကြ၏။
ထိုသို့ဖြစ်နေသည့်တိုင်အောင် သူမက အကယ်ဒမီတွင် အလွန်ကျော်ကြားရုံသာမက ကျင်းတိုင်းပြည်တစ်ခုလုံးတွင်ပင် ကျော်ကြားခြင်းဖြစ်၏။
အထက်တန်းလွှာမိသားစုက သခင်မကြီးတွေ ဘယ်လောက်များများ သူတို့ရဲ့သမီးတွေကို သင်ပေးဖို့ သူတို့ရဲ့ဆရာမတွေဖြစ်စေဖို့ ဒီလူကို ဖိတ်ခေါ်နေကြသလဲ။
သေချာပေါက် ပမာဏက အလွန်များသည်။
သူမသည်လည်း ယဲ့ကျန်းငယ်လေးပြန်ဖြစ်သွားပြီး ဆရာကိုပထမဆုံးအကြိမ် တွေ့ရတော့မည်ဟု ခံစားရသည်။
ကျောက်တုံးလို အေးစက်တဲ့ဆရာမရှန်း အရင်က အကယ်ဒမီမှာ သူမကို သင်ပေးခဲ့တဲ့သူ။
ဖေးရှီက သူမအကြောင်းပြောလာသည်နှင့် ယဲ့ကျန်း ကြောင်သွားကာ အချိန်အတန်ကြာသည်အထိ စကားမပြောနိုင်တော့ပေ။
ဒါပေမဲ့ ဘယ်လိုဖြစ်လို့လဲ၊ ဘယ်လိုဖြစ်လို့ ဆရာမက လုယောင်ယောင်ကို သီးသန့်သင်ကြားပေးဖို့ လက်ခံလိုက်ရတာလဲ၊ အဲ့ဒါတွေမကဘဲ ဖေးရှီက ပထမဆုံးသင်ကြားမဲ့ကဏ္ဍကိုတောင် ပြင်ဆင်လိုက်နိုင်သေးတယ်။
“ဆရာမရှန်းရဲ့ စည်းမျဉ်းတွေက ဒီထဲမှာရေးထားတယ်၊ မင်း သေချာပေါက် ကြည့်ထားလိုက်ပါ”
ဖေးရှီက သည်နေ့တွင် အလွန်ယဉ်ကျေးနေသည်။
ဆရာမရှန်းက အသက် ၂၅ ၊ ၂၆ ဖြစ်ကာ အရပ်ရှည်ပြီး ပိန်ပါးသည်။ သူမတွင် ကြည့်ကောင်းသော ရုပ်ရည်သွင်ပြင်များရှိ၏။ သူမက အလွန်လှသော သူတစ်ယောက်ဖြစ်သည်။ သူမနှင့် ကွာခြားသော ပတ်ဝန်းကျင်အခြေအနေ ရှိနေပြီး သူမက ချဉ်းကပ်ရခက်ခဲ၏။ သူမက မြို့တော်တွင် အလွန်ထူးချွန်သော ပါရမီရှင်ကျောင်းသူဖြစ်သည်။ အထက်တန်းလွှာမိသားစုတွင် မွေးဖွားလာခဲ့ပြီး နောက်ပိုင်း သူမက မုဆိုးမဖြစ်သွားခဲ့၏။ သူမ၏ယောက္ခမက သူမအပေါ် ကောင်းမွန်စွာ မဆက်ဆံတော့ကတည်းက အမျိုးသမီးအကယ်ဒမီသို့ ဝင်ရောက်ခဲ့ပြီး ဆရာမတစ်ယောက် ဖြစ်လာခဲ့ခြင်းဖြစ်သည်။
အံ့ဩရသည်မှာ ဖေးရှီက သူမနှင့်ကောင်းမွန်စွာ ဆက်ဆံနိုင်ခဲ့ခြင်း ဖြစ်သည်။ သူမကိုပင် ဆွဲဆောင်ကာ ယဲ့ကျန်း၏ဆရာမ ဖြစ်ရန်အတွက် အောင်မြင်စွာ သိမ်းသွင်းနိုင်ခဲ့၏။
ယဲ့ကျန်းက ရှေ့တက်ကာ ဂါဝရပြုသည်။ စည်းမျဉ်းများအတိုင်း ဦးညွှတ်လိုက်၏။
“ဆရာမကို ကျွန်မရဲ့ဆရာမအဖြစ် ရတာက ကျွန်မရဲ့ကံကောင်းမှုပါပဲ၊ လက်ဆောင်ငယ်လေးတော့ မပြင်ဆင်ထားမိတဲ့အတွက်တော့  ခွင့်လွတ်ပါ”
သူမက ယဲ့ကျန်းကို မြင်သောအခါ ဆရာမရှန်း၏မျက်ဝန်းက အံ့ဩသွားသည်။ သို့ရာတွင် ချက်ချင်းဆိုသလို ဖုံးကွယ်လိုက်၏။
“သခင်မလေးလု မင်းနဲ့ငါက ဆရာနဲ့တပည့်ဖြစ်သွားပြီ၊ ခေါင်းမော့ပါ”
သူမက သည်နေရာတွင် လုယောင်ယောင်ကို ဝင်ခွင့်စာမေးပွဲအောင်အောင် သင်ကြားပေးရန် ရောက်နေခဲ့ခြင်း ဖြစ်သည်။ သူမ၏ယောက်ျားကြောင့် ရောက်လာခဲ့ခြင်း မဟုတ်ပေ။ သူမက အကယ်ဒမီတွင် မကြည်သာသော စိတ်သဘောထား ပိုင်ဆိုင်ထားသူဆိုပြီး ကျော်ကြားသောအကြောင်းကိုလည်း သူမ နားလည်ထား၏။ ယဲ့ကျန်း ဆရာမရှန်း၏ တပည့်ဖြစ်စဉ်ကလည်း နေထိုင်ရ အလွန်ခက်ခဲခဲ့သည်။ နောက်ပိုင်းမှသာ သူတို့က မိတ်ဆွေအရင်းများကဲ့သို့ ရင်းနှီးသွားခဲ့ခြင်းဖြစ်၏။
ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး ဆရာမရှန်းလို အမြဲတမ်းမောက်မာတဲ့မိန်းမက လုယောင်ယောင်ကို သင်ကြားဖို့ လက်ခံခဲ့တာလဲ။
ယဲ့ကျန်းအနေနှင့် ဆရာမရှန်းကို ဖိတ်ခေါ်ရန် မည်မျှခက်ခဲကြောင်းကောင်းကောင်း နားလည်နေသည်။  သူမကို ရင်ဆိုင်ရန်ပို၍ခက်ခဲသေး၏။
ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး ဖေးရှီက ဒီလိုလုပ်နိုင်သွားတာလဲ။
...

နတ်ဆေးသမားတော် ယဲ့ကျန်းOnde histórias criam vida. Descubra agora