170 01
အခန်း (၁၇၀)
ယဲ့ကျန်းက ရှက်ရွံ့သလို ဟန်ဆောင်ပြီးနောက် မယ်တော်ကြီး၏ အကြည့်ကိုရှောင်ပြီး ညင်သာစွာပြောသည်။
"မယ်တော်ကြီး ဒီအရာရှိရဲ့သမီးက မင်းသားငယ် ရက်အနည်းငယ် အအေးမိနေတယ်လို့ကြားတော့ စိုးရိမ်သွားမိပါတယ်။ မင်းသားငယ်ရဲ့ ခွင့်ပြုချက်နဲ့ သွေးကြောစမ်းခွင့် ရခဲ့တာပါ"
ထိုအခိုက် မယ်တော်ကြီးကို နူးညံ့သော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။
"မင်းသားငယ်ရဲ့ သွေးကြောတွေက အရမ်းအားနည်နေလို့ အဲ့ဒီအကြောင်းပြချက်ကြောင့် အရှင်မင်းကြီးက..."
သူမ၏စကား မဆုံးခင်မှာတင် လျိုဟွားက ဝင်ဖြတ်ပြောသည်။
"နင်းကဘယ်လို အတင့်ရဲပြီး မြင့်မြတ်တဲ့ မင်းသားရဲ့သွေးကြောကို စမ်းရဲတာလဲ။ နင်က ဆေးဝါးအကယ်ဒမီကိုတောင် မဝင်ရသေးဘူး။ ကိုယ့်ကိုယ်ကို တော်ဝင်သမားတော်ထက် သာတယ်များ ထင်နေတာ"
မယ်တော်ကြီးက လျိုဟွားကို သဘောမကျသလို ကြည့်ပြီး အသိအမှတ်ပြုမှု မပေးချေ။ သူမက ယဲ့ကျန်းကိုသာ ဆက်ပြောသည်။ သူမသား၏ ကျန်းမာရေးက သူမအတွက် အရေးအကြီးဆုံး ကိစ္စဖြစ်သည်။
"အဲ့ဒီနောက် ဘာဆက်ဖြစ်သွားလဲ။ မင်းအခြေအနေကို သိခွင့်ရခဲ့လား"
"မယ်တော်ကြီး ဒီအရာရှိရဲ့သမီးက ဆေးပညာအနည်းငယ်ပဲ နားလည်သဘောပေါက်ထားခဲ့တာပါ။ ဒီအရာရှိရဲ့သမီး ပြောတာမှားသွားခဲ့ရင် မယ်တော်ကြီးက ခွင့်လွှတ်ပေးမှာပါလား"
မယ်တော်ကြီး၏ နှလုံးသားက ယဲ့ကျန်း၏ နှိမ့်ချမှုကြောင့် နူးညံ့သွားသည်။
"အိုက်ကျားက မင်းကိုအပြစ်မတင်ပါဘူး"
"မယ်တော်ကြီး ဒီသခင်မလေးအထင် မင်းသားငယ်က အအေးမိနေတာမဟုတ်ဘဲ ဝမ်းဗိုက်မှာ အသားပိုရှိနေတယ်လို့ ထင်ပါတယ်။ ဒါကြောင့် သူနာကျင်မှုကို ဆက်တိုက် ခံစားနေရတာပါ"
ယဲ့ကျန်းကပြောသည်။
မယ်တော်ကြီး၏မျက်နှာက ပျက်ယွင်းသွားသည်။ မင်းသားငယ်ဟာ အမြဲတစေ ဗိုက်အောင့်သည်ဟု ပြောသည်။ သို့သော် အကြောင်းပြချက်ကို ရှာလေတိုင်း သူ့တွင် နှလုံးရောဂါ ရှိနေသည်ဟုသာ ပြောနေလေ့ရှိသည်။