Part 158

795 89 1
                                    

အပိုင်း ၁၅၈

ယဲ့ကျန်းက သဘောတကျ ရယ်သည်။

"ဒီငွေပမာဏ အနည်းငယ်လောက်က အရှင့်သားအတွက် ထူးထူးခြားခြား သက်ရောက်မှု ရှိမှာမှ မဟုတ်တာ.. အရှင့်သားနဲ့ လျိုဟွားက ဝမ်းကွဲတွေလေ။ ဒါကြောင့် ဒီလို ပြဿနာရှာတာမျိုးတော့ လုပ်လို့ မရနိုင်ဘူးပေါ့ မဟုတ်လား"

"ဟာသပဲ"

မော့ရုန်ရီက ပြုံးသည်။

"လျိုဟွားက နန်းတော်ထဲကို ဝင်ရောက်တော့မဲ့ ကိစ္စကြောင့်သာ မဟုတ်ရင် မယ်တော်ကလည်း ဒီလို လုပ်မှာ မဟုတ်ဘူး"

"မင်းသမီးလျိုဟွားက နန်းတော်ထဲကို ဝင်တော့မှာလား"

ယဲ့ကျန်းက ပြုံးလိုက်သည်။ အရာအားလုံးသည် မျှော်လင့်ထားသည်ထက် စောစွာ ဖြစ်လာသည်။ သူမ၏ယခင်ဘဝတွင် တော်ဝင်မင်းသမီးလျိုဟွား၏ မိခင်ဟာ သူမ၏သမီးကို နန်းတော်ထဲ ပို့လိုခဲ့သည်။ သို့သော် မော့ရုန်ကျန်းက သူမအား လျစ်လျူရှုခဲ့သည်။ တစ်နှစ်နီးပါး ကြာသွားမှသာလျှင် လျိုဟွား၏အဆင့်အတန်းက မယ်တော်ကြီး၏ တောင်းဆိုမှုကြောင့် ဇနီးဘွဲ့ကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မော့ရုန်ရီက ဆက်အော်သည်။

"ကိစ္စမရှိဘူး ငါ ငါရဲ့ငွေတွေပဲ ပြန်လိုချင်တယ်"

ယဲ့ကျန်းက လက်ထဲမှ ဆေးခွက်ကို ကမ်းပေးပြီးနောက် ပြောသည်။

"အရှင့်သားက ဒါကို သောက်မယ်ဆိုရင် ဒီအစေခံက ငွေတွေ ပြန်ရနိုင်မဲ့နည်းလမ်းကို သင်ပေးနိုင်ပါတယ်"

"ဘာနည်းလမ်းလဲ"

မော့ရုန်ရီက ချက်ချင်းမေးသည်။

"ဒါဆိုရင် ဒီဆေးကို အရင်သောက်ပါ"

ယဲ့ကျန်းက သူ့အား သူမလက်ထဲမှ ဆေးခွက်ကို ယူရန် အမူအရာပြသည်။

"ဒါက အချစ်ပဲစေ့လား"

အပြစ်ကင်းစင်သော မော့ရုန်ရီက ခါးသီးသော မျက်နှာထားဖြင့် မေးသည်။

"ပြောရရင် ဒီမင်းသားက မဖျားပါဘူး။ ဒီမင်းသားကသာ အမှန်တကယ် အအေးမိနေရင် နေ့တိုင်း အမျိုးမျိုးဆေးတွေ သောက်ပြီးတဲ့နောက်မှာ ပြန်ကောင်းသွားမှာပဲ မဟုတ်ဘူးလား။ ဘာကြောင့် တစ်ချိန်လုံး နာမကျန်းသလို ခံစားနေရမှာလဲ"

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now