Part 115

955 92 1
                                    

Unicode

အပိုင်း (၁၁၅)
လုရှန်းကျစ်က သူမ၏လက်ကိုဆွဲကာ ပြောသည်။
“အစ်ကိုကြီးတို့ သူ့ရဲ့ဘုတ်ပြားကစားပွဲကို မဖျက်နိုင်ရင်တောင်မှ ဒီအတိုင်း မဖျက်နိုင်ဘူးလို့ပဲ သတ်မှတ်လိုက်ရအောင်၊ အစ်ကိုကြီးက သူ့ရဲ့ကျောင်းသား မဟုတ်လည်း ဘွဲ့ထူးတစ်ခုတော့ ရနိုင်ပါသေးတယ်၊ ညီမလေး ကိုယ့်ကိုယ်ကို ဖိအားမပေးပါနဲ့”
“အစ်ကိုကြီး ညီမ ဒါကိုဖိအားလို့လည်း မခံစားရပါဘူး”
ယဲ့ကျန်းကလည်း လုရှန်းကျစ်က အခြေအနေကို နားလည်မှုလွဲသွားကြောင်း သိသည့်အတွက် ပြုံးလိုက်သည်။
“ညီမ ဒီဘုတ်ပြားကစားပွဲကို ဖျက်နိုင်သွားပြီ”
“ဘာ”
လုရှန်းကျစ်က အံ့အားတကြီးအော်သည်။
“ဒါဆို သူ နားကြားမှားတာလား”
ရွှီလောင်က လုရှန်းကျစ်ကို အပေါ်အောက် စုန်ချည်ဆန်ချည် ကြည့်ပြီးနောက် အေးစက်စွာ နှာခေါင်းရှုံ့သည်။
“ဒါက ငါ့တပည့် ဖြစ်ချင်တယ်ဆိုတဲ့ကောင်လေးလား ဟမ့်၊ ငါတော့ လက်မခံနိုင်ပါဘူး”
စက္ကန့်ပိုင်းအတွင်းတွင်ပင် လုရှန်းကျစ်က ရှက်သွားသည်။ သူ့ကြောင့် သူ့ညီမ မျက်နှာပျက်ရသည်ဟု တွေးလိုက်မိသည်။ ယဲ့ကျန်းက နူးညံ့သောလေသံဖြင့် ပြောလိုက်သည်။
“ရပါတယ်၊ တကယ်တော့ အစ်ကိုကြီးရဲ့စကားကလည်း မှားတာမဟုတ်ပါဘူး၊ ညီမကသာ ဒီအရှင်ရွှီရဲ့စကားက မယုံကြည်ရဘူးဆိုတာ သိရင် ဒီဘုတ်ပြားတစ်ခုလုံးကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် လုပ်ခဲ့လိုက်တယ်”
ရွှီလောင်က သူမကို စိုက်ကြည့်သည်။
“သခင်မလေး ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးမနေပါနဲ့၊ ငါက မင်းကို အနိုင်ပေးခဲ့တာလေ”
ရွှီလောင်က သူ၏ကိုယ်မှာ ခပ်မတ်မတ်ထိုင်လိုက်သည်။
“ကျွန်မကလည်း လိမ်တာကို အထင်သေးတယ် အရှင်ရွှီ၊ ကျွန်မကိုယုံ၊ ကျွန်မကသာ ရှင့်ကို အနိုင်ပေးချင်ရင် ရှင်လုံးဝ မရှုံးစေရဘူး”
ယဲ့ကျန်းက ချက်ချင်းပင် ဆုံးဖြတ်ချက်ပြတ်သားသောလေသံမျိုးဖြင့် ပြောလိုက်သည်။
“လာ ဒါဆို နောက်တစ်ပွဲ ကစားကြမယ်”
ရွှီလောင်က ဝင်းလဲ့တောက်ပနေသော မျက်ဝန်းများဖြင့် ထိုသခင်မလေးကို စိုက်ကြည့်လိုက်သည်။ ယဲ့ကျန်းကလည်း တတ်စွမ်းရှိသမျှ ထုတ်သုံးထားသည်ဟု သူ မယုံပေ။ သူက သူ၏ခွန်အားရှစ်မှတ်ခန့် ထုတ်သုံးထားပြီးလေပြီ။ သူ အနိုင်ရနိုင်ခြေရှိ၏။ သို့သော် သည်အချိန်တွင် သူကိုယ်တိုင် မသေချာတော့ဟုပင် ခံစားလိုက်ရသည်။
ယဲ့ကျန်းက ခေါင်းကို ပေါ့ပါးစွာခါသည်။
“မကစားဘူး၊ တော်လောက်ပြီ”
သူမက ကျောက်တုံးအပိုင်းအစတစ်ခုကို ယူလျက် အလယ်တည့်တည့်တွင် တင်လိုက်သည်။ ရွှီလောင်၏ စောင့်ကြပ်နေသော ကျောက်တုံးများက ရုတ်တရက် သတိလက်လွတ်ဖြစ်သွားချိန်တွင် ယဲ့ကျန်း၏သေစေနိုင်သောအကွက်က ဝင်ရောက်လာ၏။
သူမ၏လက်ထဲတွင် ကျောက်တုံးပြားအနည်းငယ်သာ ရှိသည်။ သူမက သည်လိုတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်နှင့် ရွှီလောင် ရှုံးနိုင်ခြေက များသွားတော့၏။
ရွှီလောင်၏မျက်နှာရှိအမူအရာက ပြောင်းလဲသွားကာ ယဲ့ကျန်းအား အံ့အားတကြီး ကြည့်သည်။
“မင်း …”
“ဘယ်လိုလဲ”
ယဲ့ကျန်းက ပြုံးသည်။
“ငါ သူ့ကို ငါ့တပည့်အဖြစ် လက်ခံနိုင်တယ်၊ ဒါပေမဲ့ အခြေအနေ တစ်ခုရှိတယ်”
ရွှီလောင်က ရုတ်တရက်ပြောသည်။
ယဲ့ကျန်း၏မျက်နှာရှိအမူအရာက ပြောင်းလဲသွားပြီး စိတ်ဝင်တစား ဖြစ်သွားတော့၏။
“ဘာအခြေအနေများပါလဲ”
တစ်ချိန်တည်းတွင်ပင် လုရှန်းကျစ်၏ မျက်ဝန်းများကလည်း တောက်ပလာတော့သည်။ ရွှီလောင်၏ကျောင်းသားဖြစ်လျှင် ကွာခြားသွားမည်ဖြစ်ကြောင်း သူ ကောင်းစွာနားလည်နေခဲ့၏။ သို့သော် သူ့အရှေ့တွင် သူ့ညီမကို နှိမ့်ချနေသည်ကို သူ မမြင်လိုသော်လည်း သည်အခွင့်အရေးက မည်မျှကောင်းမှန်း သူ နားလည်နေလေသည်။ သူ၏ အကန့်အသတ်ကား ယောင်ယောင် မသိမ်ငယ်စေရန်ဖြစ်၏။
ယောင်ယောင်ကသာ မသိမ်ငယ်ရဘဲ အနိုင်ရလျက် သည်အခွင့်အရေးကို ရယူပေးနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ သို့ရာတွင် သည်ဆရာက သူ့ညီမအား အခြေအနေတစ်ခု မေးမြန်းလာသောအခါ သူကိုယ်တိုင်ပင် မသက်မသာဖြစ်သွား၏။ ထိုအရာက သူ လက်မခံနိုင်မည်ကို သူ စိုးရိမ်သွားသည်။
“မဖြစ်နိုင်ဘူး”
လုရှန်းကျစ်က ရွှီလောင် ဘာမှပင် ဆက်မပြောနိုင်ခင်မှာပင် ငြင်းကာ ယဲ့ကျန်းကို ကြည့်ပြီးပြောသည်။
“ယောင်ယောင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခမခံနဲ့၊ မင်း ဒီလိုလုပ်ဖို့အထိ မလိုပါဘူး”
“ယောင်ယောင်”
ရွှီလောင်က သူ ယခုကြားလိုက်သော သည်သခင်မလေး၏နာမည်က တစ်စုံတစ်ယောက်၏ ငယ်နာမည်နှင့် ရင်းနှီးနေကြောင်း သူခံစားလိုက်မိ၏။
“မင်း ညီမရဲ့နာမည်က ယောင်ယောင်လား”
ဒါက ယဲ့ရီချင်ရဲ့သမီးနာမည်နဲ့ တူမနေဘူးလား၊ ဘယ်လောက်တောင် ထူးဆန်းလွန်းတဲ့ တိုက်ဆိုင်မှုလဲ။
ယဲ့ကျန်းက ခေါင်းညိတ်သည်။
“ဟုတ်ပါတယ်၊ ကျွန်မ နာမည်က လုယောင်ယောင်ပါ”
“မင်းလည်း ငါ့ကျောင်းသူ လုပ်မယ်ဆိုရင် ငါ မင်းကို လက်ခံမယ်”
ရွှီလောင်က ပြောသည်။
လုရှန်းကျစ်၏မျက်ဝန်းက တောက်ပသွားတော့၏။ သည်အခြေအနေက လက်ခံနိုင်ဖွယ်ရှိသည်။
“မဖြစ်နိုင်ဘူး၊ ကျွန်မ မနက်ဖြန်ကျရင် ဆေးဝါးအကယ်ဒမီကျောင်းတော်မှာ ဝင်ခွင့်စာမေးပွဲ ဖြေတော့မှာ ဒီတော့ ရှင့်ရဲ့ကျောင်းသူမဖြစ်နိုင်ဘူး”
ယဲ့ကျန်းက အနာဂတ်တွင် သူ ဂီတ၊ ကော့၊ စာပေနှင့် ဆေးရေးပန်းချီ နယ်ပယ်များကိုသာလျှင် သင်ယူချင်ရုံမကလေဘဲ ဆေးပညာစွမ်းရည်တွင် ထူးချွန်လိုသည်။
ထိုနယ်ပယ်များအားလုံးက ကျွမ်းဝင်ပြီးသားဖြစ်ကာ သည်ဆေးပညာစွမ်းရည်ကသာ လစ်လပ်နေခဲ့၏။ သို့မှသာ သူမ နန်းတော်အတွင်းသို့ ဝင်နိုင်ပေလိမ့်မည်။ ရွှီလောင်က သူမအား သည်နယ်ပယ်တွင် မသင်ပေးနိုင်ပေ။
ရွှီလောင် မျက်လုံးပြူးသွားသည်။
“ဆေးဝါးအကယ်ဒမီကျောင်းတော်က ဘယ်နေရာကို မင်းက သွားချင်တာလဲ”
ယဲ့ကျန်းက တည်ငြိမ်စွာဖြေသည်။
“ကျွန်မက ကျွန်မအမေရဲ့ဆေးပညာမျိုးရိုးကို လက်ခံထားတယ်လို့ ပြောရတော့မှာပဲ၊ ဒါကြောင့် ငယ်စဉ်ကတည်းက လေ့ကျင့်ခဲ့ဖူးပါတယ်၊ အရှင်ရွှီ အရှင်ရွှီက တမင်သက်သက်ညစ်နေတယ်လို့ ကျွန်မတော့ ထင်တာပဲ၊ ကျွန်မအစ်ကိုက ဘာများမှားနေလို့လဲ၊ သူ့ကိုသာ ကျောင်းသားအဖြစ် လက်ခံလိုက်မယ်ဆိုရင် ကျွန်မ မကြာခဏလာပြီး ရှင်နဲ့အတူ ကော့ကစားပေးမှာပေါ့”
လုရှန်းကျစ်က ချောင်းဟန့်တော့သည်။ သူ သူ့ညီမအား ဆွဲဆောင်ပြီး ရွှီလောင်၏ကျောင်းသူဖြစ်ရန် သိမ်းသွင်းလိုသော်လည်း သူ့ညီမက ဆန္ဒမရှိလောက်ပေ။ ထို့အပြင် ဒါက ဆေးဝါးအကယ်ဒမီကျောင်းသို့ သွားသည်ထက်ပိုကောင်းနေသေး၏။
ထိုအဖိုးကြီး၏နှုတ်ခမ်များက ကော့တက်သွားသည်။ သူမ ထည့်ပြောသော ကစားလုံးတစ်လုံးကို သူ သိလိုက်ရ၏။
သူ့မိတ်ဆွေက သူ့ကို ဒီလိုဘယ်နှစ်ကြိမ်လောက်တောင် ခေါ်ခဲ့ဖူးသလဲ၊ ဒီသခင်မလေးက ယဲ့ရီချင် သူ့ကို လှောင်နေတဲ့စကားလုံးကိုတောင် သိနေတယ်။
အစပိုင်းတွင် ဒါက ဘာကိုဆိုလိုကြောင်း သူ မသိခဲ့ပေ။ နောက်ပိုင်းတွင်မူ ဒါက လှောင်ရယ်သော စကားလုံးဖြစ်ကြောင်း သူ သိခဲ့ရ၏။
ဒါပေမဲ့ တိုက်ဆိုင်လွန်းမနေဘူးလား။
...
Zawgyi
အပိုင္း (၁၁၅)
လုရွန္းက်စ္က သူမ၏လက္ကိုဆြဲကာ ေျပာသည္။
“အစ္ကိုႀကီးတို႔ သူ႕ရဲ႕ဘုတ္ျပားကစားပြဲကို မဖ်က္နိုင္ရင္ေတာင္မွ ဒီအတိုင္း မဖ်က္နိုင္ဘူးလို႔ပဲ သတ္မွတ္လိုက္ရေအာင္၊ အစ္ကိုႀကီးက သူ႕ရဲ႕ေက်ာင္းသား မဟုတ္လည္း ဘြဲ႕ထူးတစ္ခုေတာ့ ရနိုင္ပါေသးတယ္၊ ညီမေလး ကိုယ့္ကိုယ္ကို ဖိအားမေပးပါနဲ႕”
“အစ္ကိုႀကီး ညီမ ဒါကိုဖိအားလို႔လည္း မခံစားရပါဘူး”
ယဲ့က်န္းကလည္း လုရွန္းက်စ္က အေျခအေနကို နားလည္မႈလြဲသြားေၾကာင္း သိသည့္အတြက္ ၿပဳံးလိုက္သည္။
“ညီမ ဒီဘုတ္ျပားကစားပြဲကို ဖ်က္နိုင္သြားၿပီ”
“ဘာ”
လုရွန္းက်စ္က အံ့အားတႀကီးေအာ္သည္။
“ဒါဆို သူ နားၾကားမွားတာလား”
႐ႊီေလာင္က လုရွန္းက်စ္ကို အေပၚေအာက္ စုန္ခ်ည္ဆန္ခ်ည္ ၾကည့္ၿပီးေနာက္ ေအးစက္စြာ ႏွာေခါင္းရႈံ႕သည္။
“ဒါက ငါ့တပည့္ ျဖစ္ခ်င္တယ္ဆိုတဲ့ေကာင္ေလးလား ဟမ့္၊ ငါေတာ့ လက္မခံနိုင္ပါဘူး”
စကၠန႔္ပိုင္းအတြင္းတြင္ပင္ လုရွန္းက်စ္က ရွက္သြားသည္။ သူ႕ေၾကာင့္ သူ႕ညီမ မ်က္ႏွာပ်က္ရသည္ဟု ေတြးလိုက္မိသည္။ ယဲ့က်န္းက ႏူးညံ့ေသာေလသံျဖင့္ ေျပာလိုက္သည္။
“ရပါတယ္၊ တကယ္ေတာ့ အစ္ကိုႀကီးရဲ႕စကားကလည္း မွားတာမဟုတ္ပါဘူး၊ ညီမကသာ ဒီအရွင္႐ႊီရဲ႕စကားက မယုံၾကည္ရဘူးဆိုတာ သိရင္ ဒီဘုတ္ျပားတစ္ခုလုံးကို အစိတ္စိတ္အႁမႊာႁမႊာ ျဖစ္ေအာင္ လုပ္ခဲ့လိုက္တယ္”
႐ႊီေလာင္က သူမကို စိုက္ၾကည့္သည္။
“သခင္မေလး ကိုယ့္ကိုယ္ကို အရမ္းအထင္ႀကီးမေနပါနဲ႕၊ ငါက မင္းကို အနိုင္ေပးခဲ့တာေလ”
႐ႊီေလာင္က သူ၏ကိုယ္မွာ ခပ္မတ္မတ္ထိုင္လိုက္သည္။
“ကြၽန္မကလည္း လိမ္တာကို အထင္ေသးတယ္ အရွင္႐ႊီ၊ ကြၽန္မကိုယုံ၊ ကြၽန္မကသာ ရွင့္ကို အနိုင္ေပးခ်င္ရင္ ရွင္လုံးဝ မရႈံးေစရဘူး”
ယဲ့က်န္းက ခ်က္ခ်င္းပင္ ဆုံးျဖတ္ခ်က္ျပတ္သားေသာေလသံမ်ိဳးျဖင့္ ေျပာလိုက္သည္။
“လာ ဒါဆို ေနာက္တစ္ပြဲ ကစားၾကမယ္”
႐ႊီေလာင္က ဝင္းလဲ့ေတာက္ပေနေသာ မ်က္ဝန္းမ်ားျဖင့္ ထိုသခင္မေလးကို စိုက္ၾကည့္လိုက္သည္။ ယဲ့က်န္းကလည္း တတ္စြမ္းရွိသမွ် ထုတ္သုံးထားသည္ဟု သူ မယုံေပ။ သူက သူ၏ခြန္အားရွစ္မွတ္ခန႔္ ထုတ္သုံးထားၿပီးေလၿပီ။ သူ အနိုင္ရနိုင္ေျခရွိ၏။ သို႔ေသာ္ သည္အခ်ိန္တြင္ သူကိုယ္တိုင္ မေသခ်ာေတာ့ဟုပင္ ခံစားလိုက္ရသည္။
ယဲ့က်န္းက ေခါင္းကို ေပါ့ပါးစြာခါသည္။
“မကစားဘူး၊ ေတာ္ေလာက္ၿပီ”
သူမက ေက်ာက္တုံးအပိုင္းအစတစ္ခုကို ယူလ်က္ အလယ္တည့္တည့္တြင္ တင္လိုက္သည္။ ႐ႊီေလာင္၏ ေစာင့္ၾကပ္ေနေသာ ေက်ာက္တုံးမ်ားက ႐ုတ္တရက္ သတိလက္လြတ္ျဖစ္သြားခ်ိန္တြင္ ယဲ့က်န္း၏ေသေစနိုင္ေသာအကြက္က ဝင္ေရာက္လာ၏။
သူမ၏လက္ထဲတြင္ ေက်ာက္တုံးျပားအနည္းငယ္သာ ရွိသည္။ သူမက သည္လိုတိုက္ကြက္ကို ထုတ္ေဖာ္လိုက္သည္ႏွင့္ ႐ႊီေလာင္ ရႈံးနိုင္ေျခက မ်ားသြားေတာ့၏။
႐ႊီေလာင္၏မ်က္ႏွာရွိအမူအရာက ေျပာင္းလဲသြားကာ ယဲ့က်န္းအား အံ့အားတႀကီး ၾကည့္သည္။
“မင္း …”
“ဘယ္လိုလဲ”
ယဲ့က်န္းက ၿပဳံးသည္။
“ငါ သူ႕ကို ငါ့တပည့္အျဖစ္ လက္ခံနိုင္တယ္၊ ဒါေပမဲ့ အေျခအေန တစ္ခုရွိတယ္”
႐ႊီေလာင္က ႐ုတ္တရက္ေျပာသည္။
ယဲ့က်န္း၏မ်က္ႏွာရွိအမူအရာက ေျပာင္းလဲသြားၿပီး စိတ္ဝင္တစား ျဖစ္သြားေတာ့၏။
“ဘာအေျခအေနမ်ားပါလဲ”
တစ္ခ်ိန္တည္းတြင္ပင္ လုရွန္းက်စ္၏ မ်က္ဝန္းမ်ားကလည္း ေတာက္ပလာေတာ့သည္။ ႐ႊီေလာင္၏ေက်ာင္းသားျဖစ္လွ်င္ ကြာျခားသြားမည္ျဖစ္ေၾကာင္း သူ ေကာင္းစြာနားလည္ေနခဲ့၏။ သို႔ေသာ္ သူ႕အေရွ႕တြင္ သူ႕ညီမကို ႏွိမ့္ခ်ေနသည္ကို သူ မျမင္လိုေသာ္လည္း သည္အခြင့္အေရးက မည္မွ်ေကာင္းမွန္း သူ နားလည္ေနေလသည္။ သူ၏ အကန႔္အသတ္ကား ေယာင္ေယာင္ မသိမ္ငယ္ေစရန္ျဖစ္၏။
ေယာင္ေယာင္ကသာ မသိမ္ငယ္ရဘဲ အနိုင္ရလ်က္ သည္အခြင့္အေရးကို ရယူေပးနိုင္မည္ဆိုလွ်င္ အေကာင္းဆုံးျဖစ္သည္။ သို႔ရာတြင္ သည္ဆရာက သူ႕ညီမအား အေျခအေနတစ္ခု ေမးျမန္းလာေသာအခါ သူကိုယ္တိုင္ပင္ မသက္မသာျဖစ္သြား၏။ ထိုအရာက သူ လက္မခံနိုင္မည္ကို သူ စိုးရိမ္သြားသည္။
“မျဖစ္နိုင္ဘူး”
လုရွန္းက်စ္က ႐ႊီေလာင္ ဘာမွပင္ ဆက္မေျပာနိုင္ခင္မွာပင္ ျငင္းကာ ယဲ့က်န္းကို ၾကည့္ၿပီးေျပာသည္။
“ေယာင္ေယာင္ ကိုယ့္ကိုယ္ကိုယ္ ဒုကၡမခံနဲ႕၊ မင္း ဒီလိုလုပ္ဖို႔အထိ မလိုပါဘူး”
“ေယာင္ေယာင္”
႐ႊီေလာင္က သူ ယခုၾကားလိုက္ေသာ သည္သခင္မေလး၏နာမည္က တစ္စုံတစ္ေယာက္၏ ငယ္နာမည္ႏွင့္ ရင္းႏွီးေနေၾကာင္း သူခံစားလိုက္မိ၏။
“မင္း ညီမရဲ႕နာမည္က ေယာင္ေယာင္လား”
ဒါက ယဲ့ရီခ်င္ရဲ႕သမီးနာမည္နဲ႕ တူမေနဘူးလား၊ ဘယ္ေလာက္ေတာင္ ထူးဆန္းလြန္းတဲ့ တိုက္ဆိုင္မႈလဲ။
ယဲ့က်န္းက ေခါင္းညိတ္သည္။
“ဟုတ္ပါတယ္၊ ကြၽန္မ နာမည္က လုေယာင္ေယာင္ပါ”
“မင္းလည္း ငါ့ေက်ာင္းသူ လုပ္မယ္ဆိုရင္ ငါ မင္းကို လက္ခံမယ္”
႐ႊီေလာင္က ေျပာသည္။
လုရွန္းက်စ္၏မ်က္ဝန္းက ေတာက္ပသြားေတာ့၏။ သည္အေျခအေနက လက္ခံနိုင္ဖြယ္ရွိသည္။
“မျဖစ္နိုင္ဘူး၊ ကြၽန္မ မနက္ျဖန္က်ရင္ ေဆးဝါးအကယ္ဒမီေက်ာင္းေတာ္မွာ ဝင္ခြင့္စာေမးပြဲ ေျဖေတာ့မွာ ဒီေတာ့ ရွင့္ရဲ႕ေက်ာင္းသူမျဖစ္နိုင္ဘူး”
ယဲ့က်န္းက အနာဂတ္တြင္ သူ ဂီတ၊ ေကာ့၊ စာေပႏွင့္ ေဆးေရးပန္းခ်ီ နယ္ပယ္မ်ားကိုသာလွ်င္ သင္ယူခ်င္႐ုံမကေလဘဲ ေဆးပညာစြမ္းရည္တြင္ ထူးခြၽန္လိုသည္။
ထိုနယ္ပယ္မ်ားအားလုံးက ကြၽမ္းဝင္ၿပီးသားျဖစ္ကာ သည္ေဆးပညာစြမ္းရည္ကသာ လစ္လပ္ေနခဲ့၏။ သို႔မွသာ သူမ နန္းေတာ္အတြင္းသို႔ ဝင္နိုင္ေပလိမ့္မည္။ ႐ႊီေလာင္က သူမအား သည္နယ္ပယ္တြင္ မသင္ေပးနိုင္ေပ။
႐ႊီေလာင္ မ်က္လုံးျပဴးသြားသည္။
“ေဆးဝါးအကယ္ဒမီေက်ာင္းေတာ္က ဘယ္ေနရာကို မင္းက သြားခ်င္တာလဲ”
ယဲ့က်န္းက တည္ၿငိမ္စြာေျဖသည္။
“ကြၽန္မက ကြၽန္မအေမရဲ႕ေဆးပညာမ်ိဳးရိုးကို လက္ခံထားတယ္လို႔ ေျပာရေတာ့မွာပဲ၊ ဒါေၾကာင့္ ငယ္စဥ္ကတည္းက ေလ့က်င့္ခဲ့ဖူးပါတယ္၊ အရွင္႐ႊီ အရွင္႐ႊီက တမင္သက္သက္ညစ္ေနတယ္လို႔ ကြၽန္မေတာ့ ထင္တာပဲ၊ ကြၽန္မအစ္ကိုက ဘာမ်ားမွားေနလို႔လဲ၊ သူ႕ကိုသာ ေက်ာင္းသားအျဖစ္ လက္ခံလိုက္မယ္ဆိုရင္ ကြၽန္မ မၾကာခဏလာၿပီး ရွင္နဲ႕အတူ ေကာ့ကစားေပးမွာေပါ့”
လုရွန္းက်စ္က ေခ်ာင္းဟန႔္ေတာ့သည္။ သူ သူ႕ညီမအား ဆြဲေဆာင္ၿပီး ႐ႊီေလာင္၏ေက်ာင္းသူျဖစ္ရန္ သိမ္းသြင္းလိုေသာ္လည္း သူ႕ညီမက ဆႏၵမရွိေလာက္ေပ။ ထို႔အျပင္ ဒါက ေဆးဝါးအကယ္ဒမီေက်ာင္းသို႔ သြားသည္ထက္ပိုေကာင္းေနေသး၏။
ထိုအဖိုးႀကီး၏ႏႈတ္ခမ္မ်ားက ေကာ့တက္သြားသည္။ သူမ ထည့္ေျပာေသာ ကစားလုံးတစ္လုံးကို သူ သိလိုက္ရ၏။
သူ႕မိတ္ေဆြက သူ႕ကို ဒီလိုဘယ္ႏွစ္ႀကိမ္ေလာက္ေတာင္ ေခၚခဲ့ဖူးသလဲ၊ ဒီသခင္မေလးက ယဲ့ရီခ်င္ သူ႕ကို ေလွာင္ေနတဲ့စကားလုံးကိုေတာင္ သိေနတယ္။
အစပိုင္းတြင္ ဒါက ဘာကိုဆိုလိုေၾကာင္း သူ မသိခဲ့ေပ။ ေနာက္ပိုင္းတြင္မူ ဒါက ေလွာင္ရယ္ေသာ စကားလုံးျဖစ္ေၾကာင္း သူ သိခဲ့ရ၏။
ဒါေပမဲ့ တိုက္ဆိုင္လြန္းမေနဘူးလား။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now