Part 148

783 73 1
                                    


ယဲ့ကျန်း

အခန်း ၁၄၈

ယဲ့ကျန်းက အထက်ဆင့်မှ သူမ၏အဆောင်ထဲသို့ ခြေချလိုက်ရုံ ရှိသေးသည်။ သိုက်မေ့က အလျင်စလို ရောက်လာပြီး ချန်းညီအစ်မများထဲမှတစ်ယောက်က သူမနှင့် တွေ့ခွင့်တောင်းလာသည်ဟု ဆိုသည်။

"ဘယ်ချန်းညီအစ်မလဲ"

ယဲ့ကျန်းက သံသယဖြစ်ဖြစ်ဖြင့် ကြည့်လိုက်ချိန်တွင် သိုက်မေ့က လျင်မြန်စွာ ဖြေလာသည်။

"ချန်းမိသားစုရဲ့ ဒုတိယသခင်မလေးပါ"

"ချန်းလီပင်းလား"

ယဲ့ကျန်းကလည်း တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်သည့်အတွက် ချိုမြိန်စွာ ပြုံးလိုက်သည်။

"ကျေးဇူးပြုပြီး သူမကို ဖိတ်ခေါ်လိုက်ပါ"

ချန်းညီအစ်မများက လုမိသားစုအတွင်းတွင် အချိန်တစ်ခုကြာ နေထိုင်နေပြီး သူတို့၏မိသားစုက စီစဉ်ပေးထားသော စံအိမ်များသို့ မပြန်သွားကြသေးချေ။ ဒီကိစ္စရဲ့ နောက်ကွယ်က ရည်ရွယ်ချက်က ဘာလဲ။

ယဲ့ကျန်းက နားမလည်ချင်ပေ။ ချန်းချုံပင်းက လုလင်ကျစ်ကို စိတ်ဝင်စားနေတာ ရှင်းလင်းနေတောပဲ။ နောက်ပြီး သူ့အကြောင်းတွေလည်း အမြဲတမ်း မေးနေတယ်။ ဒါပေမဲ့ သခင်မကြီးလုက သူမရဲ့မြေးကို ချန်းချုံပင်းနဲ့ လက်မထပ်စေချင်တာလည်း အသိသာချည်းပဲ။

ထိုအကြောင်းကို တွေးမိသောအခါ သူမက တစ်စုံတစ်ရာကို နားလည်လိုက်သည်။ လုလင်ကျစ်က အဆင့်မြင့်အရာရှိ ဖြစ်လာချိန်တွင် သူ၏ဇနီးဖြစ်သူက သူ၏ဒီနေရာကို ခိုင်မြဲအောင် ဆက်ရှိနေနိုင်ရန် ထောက်ပံ့ပေးရမည့် တော်ဝင်သွေးပိုင်ဆိုင်ထားသူ ဖြစ်သင့်လေသည်။ လုမိသားစု၏ လက်ရှိအခြေအနေတွင် အလိုအပ်ဆုံးက အထက်တန်းလွှာမိသားစုများနှင့် ခိုင်မာသည့် ပေါင်းစပ်မှုမျိုး ဖန်တီးရန်ဖြစ်သည်။ သို့မှသာလျှင် သူတို့၏မြို့တော်အတွင်းတွင် ရှိသည့် အဆင့်အတန်းက မြင့်မားလာပေလိမ့်မည်။ ကံဆိုးစွာဖြင့် ချန်းချုံပင်းက အထက်တန်းလွှာ မိသားစုမှ မဟုတ်သလို ချန်းလီပင်းကလည်း အလားတူသာလျှင် ဖြစ်သည်။

နတ်ဆေးသမားတော် ယဲ့ကျန်းOpowieści tętniące życiem. Odkryj je teraz