Part 187

639 63 3
                                    

187 01

အပိုင်း ၁၈၇

ယဲ့ကျန်းက ယခင်ကလည်း အကြီးဆုံးသခင်မလုနှင့်ဆုံဖူးသည်။ ကိစ္စအချို့ ပါဝင်ပတ်သက်နေပြီး အမာရွတ်လိုမျိုး စိတ်တွင် ထင်ကျန်ရစ်နေလောက်အောင် ထိုတွေ့ဆုံမှုထဲမှ တစ်ခုဟာ ကောင်းမွန်နေခြင်းမရှိပေ။ ထို့ကြောင့် သူမအနေနှင့် တတိယအိမ်တော်စုထံသို့ အကြီးဆုံးသခင်မလုဟာ ရန်ငြှိုးနက်ရှိုင်းစွာရှိကြောင်း သတိထားမိခဲ့သည်။ အရေးကြီးသောကိစ္စကြောင့်သာမဟုတ်လျှင် သူမဟာ ဖေးရှီထံ ဘယ်သောအခါမှ လာရောက်လည်ပတ်လိမ့်မည်မဟုတ်ချေ။

သေချာနေသောကိစ္စတစ်ခုဟာ တစ်စုံတစ်ယောက်ဟာ သခင်မလုကို ပြောခဲ့လောက်လေသည်။ သူမ စိတ်ကျေနပ်သလိုမျိုး သွားလာလှုပ်ရှားနိုင်စွမ်းမရှိမည်ကို သူမက ထိတ်လန့်နေခဲ့သည်။ မိသားစုညစာပွဲများဟာလည်း သက်သေပြမှုများ ဖြစ်ခဲ့သည်။ သူမဟာ အမြဲတစေဖျားနာမှုကြောင့် လူအများရှေ့ ပေါ်ထွက်မလာခဲ့သည်မှာလည်း ကြာလှပြီဖြစ်သည်။

ဒါဆိုရင် ဘာကိုဖုံးကွယ်ထားတာလဲ၊ ဒါက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး၊ လုလင်ကျစ်က ထွက်ခွာသွားတဲ့ ဒီလိုအခြေအနေမျိုးမှာ သခင်မလုက မိသားစုကို တည်ရှိမှုပြလာတယ်။

အခြေအနေအလှည့်အပြောင်းများဟာ တိုက်ဆိုင်မှုမဟုတ်ကြောင်း ယဲ့ကျန်းက နားလည်နေသည်။ လုဝူရွှမ်းနှင့်ပတ်သက်နေလောက်သည်။

သခင်မလုက ဘာလို့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားတာလဲ၊ ဘာလို့မိသားစုကိစ္စတွေကို ကိုင်တွယ်ချင်လာတာလဲ။ အများဆုံးအနေနဲ့ ဘာလို့ ငါ့အကြောင်းကို လာမေးနေတာလဲ၊ သူ ဘာလုပ်ချင်နေတာလဲ။

ယခုအချိန်အထိ လုကျင်းဟာ ယဲ့ကျန်းကို မျက်စိထောင့်ထောက်ကြည့်နေသည်။ သူမ၏မျက်နှာတွင် မည်သည့်အပြောင်းအလဲကိုမျှ မမြင်ရသောအခါ ထပ်ပြောပြလာသည်။

"တတိယအစ်မ အကြီးဆုံးသခင်မလုက တတိယဒေါ်လေးကို ဘာမေးတယ်လို့ ထင်လဲ"

ယဲ့ကျန်းက ညင်သာစွာပြုံးသည်။

"တို့က ဘယ်လိုသိမှာလဲ စတုတ္ထညီမ တို့က အိမ်တော်ကိုမပြန်တာ နှစ်ရက်တောင်ကြာခဲ့ပြီ"

နတ်ဆေးသမားတော် ယဲ့ကျန်းजहाँ कहानियाँ रहती हैं। अभी खोजें