part 68

1.4K 112 4
                                    

Unicode

အပိုင်း (၆၈) သူမ၏နာမည်အပေါ် မကောင်းသတင်းဖြန့်ခြင်း (၂)
“အော် တတိယညီမက မသိဘူးလား၊ အပတ်တိုင်း ကဗျာစာဖတ်ပွဲကိုတက်တဲ့ သခင်မတွေနဲ့ သခင်မလေးတွေအားလုံးက မေးမေး(ညီမ)က ဆေးဝါးအကယ်ဒမီကျောင်းတော်ကို ဝင်ရောက်နိုင်စွမ်းရှိမရှိ ဆိုပြီး လောင်ကြေးထပ်ထားကြတာလေ”
လုဖန်းက ယဲ့ကျန်းကို ခပ်တိုးတိုးပြောသည်။
လျှာထုံသွားသော ယဲ့ကျန်းက ခေါင်းကိုသာခါလျက် ပြောစရာစကားရှာဖွေနေရ၏။
“အနိုင်ရတဲ့သူတွေက သူတို့ရွေးချယ်ပြီးလောင်းထားတာရဲ့ဆယ်ဆ ပြန်ရမှာ၊ ဒါပေမဲ့ ဝေးပါတယ်၊ ဘာလို့လဲဆိုတော့ သခင်မလေးတွေအားလုံးက နင်ကျမယ်လို့ လောင်းထားကြလို့ပဲ”
လုကျင်းက လှောင်ချင်နေသော မျက်နှာထားဖြင့်ပြောသည်။
အိမ်တော်တွင်ဆိုလျှင် လုယောင်ယောင်က လူတိုင်း၏အချစ်ခံ ဖြစ်သည်။ သို့သော် မြို့တော်တွင် သည်လိုမဖြစ်စေရပေ။
ယဲ့ကျန်းက နာကျင်သွားဟန်လုပ်လိုက်သည်။
“တို့သိပြီ၊ တို့ အခုသွားရတော့မယ်၊ အခုက နေ့လယ်တောင်ရောက်တော့မယ် တို့ပြန်လာမှပဲ၊ မင်းတို့ကို လာတွေ့တော့မယ်”
ဥယျာဉ်ထဲမှ ထွက်ပြီးနောက် ယဲ့ကျန်းမျက်နှာရှိအပြုံးက တောက်ပသွားသည်။ ဒါက အနားတွင်ခစားနေသော သိုင့်မေ့ကိုပင် စိတ်ရှုပ်သွားစေခဲ့၏။ သူမ သည်လိုတုံ့ပြန်မည်ဟု မမျှော်လင့်ထားပေ။
တတိယသခင်မလေးက ဒီလိုအရှက်ကွဲပြီး လောင်းကြေးထပ်ခံရတာကို စိတ်လှုပ်ရှားသွားတာလား။
ဖေးရှီနှင့်ဆရာမရှန်းတို့က ရထားလုံးတစ်စီးနှင့် သွားကြမည်ဖြစ်သည်။ လုရှီမင်နှင့်လုရှန်းကျစ်တို့ကမူ အရှေ့တွင် မြင်းစီးကြမည်ဖြစ်၏။ သူတို့အားလုံးက အချို့သော အရေးကြီးကိစ္စများအားလုံးကို ပြောနေကြသည်။ ယဲ့ကျန်းတွင်လည်း အမြင်ကောင်း မရှိသည့်အတွက် သူမက အနောက်မှ ရထားလုံးတစ်စီးဖြင့် သီးသန့်လိုက်မည်ဟု ဆိုထားရ၏။
ဖေးရှီသည် နဂိုက သူမ၏သမီးဖြစ်သူနှင့်စီးချင်သည်။ သို့သော် ဆရာမရှန်းက ပြောစရာရှိသည်ဟုဆိုပြီး ပြောလာခဲ့သဖြင့် အတူထိုင်လိုက်ရခြင်းဖြစ်သည်။
“တို့ကို ပြောပါ၊ မင်းမှာ ဘာများပြောစရာရှိလို့လဲ၊ ယောင်ယောင့်အကြောင်း များလား”
ဖေးရှီက စိုးရိမ်ပူပန်စွာ ပြောသည်။ ဆရာမရှန်းက ဖေးရှီ၏အမူအရာကို ဂရုတစိုက်အကဲခတ်ပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာမေးသည်။
“ငါတဲ့တိုးပြောတဲ့အတွက်တော့ စိတ်မရှိပါနဲ့၊ ငါက မလိုအပ်တဲ့စကားတွေကို ဘယ်တော့မှ မပြောတတ်ဘူး”
ဖေးရှီ၏ရင်က တင်းကျပ်သွားသည်။ သူမ၏မျက်နှာကမူ ပုံမှန်အတိုင်း ပြုံးနေသေး၏။
“ဘာကိစ္စများလဲ”
“ယောင်ယောင်က တကယ်ပဲ နင့်ရဲ့သမီးလား”
ဆရာမရှန်းက တိုက်ရိုက်မေးသည်။
သည်ဖြစ်နိုင်ခြေကို သူမ သံသယဝင်သည့်အတွက် အပြစ်မတင်နိုင်ပေ။ အကြောင်းမူကား သူမ လုယောင်ယောင်နှင့် နေ့ရက်တိုင်းလိုလို အတူရှိလေလေ ယဲ့ကျန်းနှင့်ပိုတူလေလေဟု ခံစားရလေလေ ဖြစ်သောကြောင့်ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က အတူကုန်ဆုံးခဲ့ပြီးနောက် သူမ၏ရှေ့တွင် ရပ်နေသည်က လုယောင်ယောင် မဟုတ်ဘဲ ယဲ့ကျန်းဟုပင် ပို၍ သေချာလာခဲ့၏။
“ဘာလို့မေးလာတာလဲ၊ ယောင်ယောင်က ကျွန်မသမီးပါ၊ ကျွန်မကိုယ်တိုင် နယ်မြို့မှာ မွေးထားခဲ့တာ”
သေချာတာပေါ့ ငါ့သမီးမဟုတ်ဘူး။
သူမ ထိုသို့ပြောချင်သော်လည်း ဖေးရှီက လုံးဝပြောလိမ့်မည်မဟုတ်ပေ။
ဘာလို့ လူတွေအားလုံးထဲမှာမှ ဆရာမရှန်းက ငါ့ကို ဒီလိုလာမေးရတာလဲ၊ ယောင်ယောင်ရဲ့အမျိုးတွေကိုများ သိထားလို့လား။
ချွေးပြန်လာသော ဖေးရှီက ရထားလုံးတံခါး မပိတ်ထားရန်ကိုသာ မျှော်လင့်နေမိတော့သည်။
“ဒီအတိုင်း ယောင်ယောင်က ငါ့ရဲ့မိတ်ဆွေတစ်ယောက်ရဲ့သမီးနဲ့ အရမ်းကိုတူတယ်လို့ ခံစားမိရုံပါပဲ”
“သူတို့မိသားစုမှာ ပျောက်နေတဲ့သမီး ရှိနေလို့များလား”
ဖေးရှီက မေးသည်။
လုယောင်ယောင်၏မိသားစုဆိုလျှင် ပို၍ဆိုးသည်။ သူမ၏ခံစားချက်က ပို၍ဆိုးသွား၏။ သူမ၏သမီး သူမအား ထားရစ်ခဲ့မည်ဆိုသည့်ဖြစ်နိုင်ခြေကို မတွေးရဲပေ။
“မကြားမိပါဘူး”
ဆရာမရှန်းက ခေါင်းကိုခါသည်။
ငါများ အတွေးလွန်သွားလို့လား။
ပခုံးအနည်းငယ်တုန်ခါသွားသော ဖေးရှီက စိတ်အေးသွားသည်။
“လူတူမရှား ဖြစ်တတ်ပါတယ်၊ ဆရာမရှန်းလည်းသိနေတာပဲ”
သက်ပြင်းချပြီးနောက် ဆရာမရှန်းက ခေါင်းညိတ်သည်။
“နင်ပြောတာမှန်ပါတယ်၊ သူတို့က တော်တော်လေးကိုတူတယ်၊ ယောင်ယောင်က ငါ့မိတ်ဆွေဟောင်းရဲ့ သမီးလိုမျိုး ဉာဏ်ကောင်းတယ်၊ ဖြစ်နိုင်တာက အနာဂတ်မှာ သူမက ဒီထက်ပိုတော်သွားအုံးမှာပါ”
ဖေးရှီကလည်း ဆရာမရှန်းက သံသယများကို ဖယ်ရှားလိုက်ကြောင်းမြင်သောအခါ သူမ၏အပြုံးက နက်ရှိုင်းသွားသည်။
“ဒါက ဆရာမရှန်းကြောင့်ပါပဲ၊ ဒီလိုဆရာမကောင်းရှိမှတော့ ကျွန်မတို့ရဲ့ယောင်ယောင်က ပိုထူးချွန်သွားပြီပေါ့”
“နင်သာ မထွက်သွားခဲ့ရင် နင်လည်း ဆေးဆရာတစ်ယောက်ဖြစ်နေပြီလေ”
ဆရာမရှန်းက သူမကိုကြည့်ကာ ပြောသည်။
“အတိတ်တွေက ထည့်ပြောဖို့ မလိုအပ်တော့ပါဘူး”
ဖေးရှီက ခေါင်းခါကာ ရယ်သည်။
သူမ လုရှီမင်နောက်သို့ တုံ့ဆိုင်းမနေဘဲ လိုက်သွားခဲ့သည်။ သူမက သူ့ကို မြို့တော်တွင် ဆက်နေပြီး သည်လို မတရားမခံရစေလိုပေ။ သူတို့အားလုံး နယ်မြို့တွင် နှစ်ပေါင်းများစွာ နေခဲ့ကြ၏။ ပြောရလျှင် အတိတ်ဘဝက အလွန်ကျေနပ်ဖွယ် ကောင်းခဲ့သည်။ ထိုသို့ရိုးရှင်းသော နည်းလမ်းများနှင့် နေထိုင်ရခြင်းက သူမကိုပို၍ပင် ဆန္ဒရှိစေသေး၏။
လူတိုင်းတွင် ကိုယ်ပိုင်အကြောင်းပြချက်များရှိသည်။ သည်နည်းအားဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်များက ဖြစ်ပေါ်လာ၏။ ဆရာမရှန်းကလည်း ဖေးရှီ၏ရွေးချယ်မှုကို နားလည်သည်။ သူမကိုယ်တိုင်ကလည်း အကယ်ဒမီမှ ထွက်ခဲ့ပြီး လှည့်လည်သွားလာရခြင်းကို နှစ်သက်ခဲ့သည်သာလျှင်ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သူမ၏ဘဝအကြောင်း ပြန်တွေးမိသောခါ ဖေးရှီက ရယ်တော့သည်။ ယခင်ကဆိုလျှင် သူမ၏အိပ်မက်ကို သူမ၏ချစ်ရသော အမျိုးသားကြောင့် လက်လျော့ဖြစ်လိမ့်မည်ဟု မထင်ခဲ့ဖူးပေ။
သူမ၏ကလေးများ၏ မျက်နှာကို ပြန်တွေးမိပြီးနောက် သူမ ဘယ်တော့မှ သည်ရွေးချယ်မှုကို နောင်တမရဟု ကျိန်ဆိုလိုက်၏။
“ယောင်ယောင်က ကျွန်မရဲ့စိတ်အားထက်သန်မှုကို အမွေရပြီး ဆေးဝါးအကယ်ဒမီ ကျောင်းတော်မှာ လေ့လာချင်သွားတာဖြစ်ရမယ်၊ ဒီကလေးမလေးသာ တော်ဝင်ဆေးဆရာတစ်ယောက် ဖြစ်လာခဲ့ရင် ငါ့ရဲ့ထောက်ပံ့မှုတွေအားလုံး ရရှိသွားမှာပါပဲ”
ဆရာမရှန်းက အပြင်သို့ ခေါင်းလှည့်ကြည့်သည်။ လုယောင်ယောင်က တော်ဝင်ဆေးဆရာ မဖြစ်လာရန် သူမ ပို၍မျှော်လင့်မိသေး၏။ သူမအတွက် လုယောင်ယောင်ကို ပို၍ဖြစ်လာစေချင်သည်မှာ …။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now