Part 161

807 90 1
                                    

161 01

အပိုင်း ၁၆၁

အစေခံနှစ်ယောက်က သူမ၏လက်များကို ဖမ်းချုပ်ထားသော်လည်း ယဲ့ကျန်း၏မျက်နှာတွင် ကြောက်လန့်မှုကို မပြချေ။

"ဒီလောက်လင်းချင်းနေတဲ့ ကောင်းကင်အောက်မှာ တော်ဝင်မင်းသမီးအနေနဲ့ အရာရှိတစ်ယောက်ရဲ့ သမီးကို ဒီနန်းဆောင်ထဲမှာ သတ်ဖို့ လွယ်ကူလွန်းပါတယ်။ ကျွန်မအနေနဲ့ စစ်နင်နန်းဆောင်က ဒီလိုအပြစ်ပေးလိမ့်မယ်လို့ မထင်ခဲ့မိဘူး"

သူမ၏ လက်ရှိအဆင့်အတန်းက ထိုလူများလောက် မြင့်မြတ်ခြင်း မရှိနေလျှင်ပင် လုရှီမင်ဟာ တော်ဝင်အရာရှိတစ်ယောက် ဖြစ်နေသေးပြီး လုမိသားစုဟာလည်း အထက်တန်းလွှာမိသားစု ဖြစ်လာကာစ ဖြစ်နေသည်။ သို့သော် ယခု တော်ဝင်မင်းသမီးက သူမအား သတ်ချင်နေသည်။

"ငါက ဒီနန်းဆောင်ကို တစ်ချက် ကြည့်လိုက်ဖို့ပဲ လိုတယ်။ နင့်ကို ဒီနန်းဆောင်ထဲ ခေါ်ပြီး အသေသတ်ပစ်လိုက်လို့ ရတယ်။ နင့်ရဲ့လုမိသားစုက နင့်လို မြေခွေးမကို ကယ်နိုင်မှာတဲ့လား"

တော်ဝင်မင်းသမီးက တော်ဝင်ကုန်သည်ဘဝမှ တက်လာသော လုမိသားစုကို အထင်သေးသည်။ သူမ၏အမြင်တွင် လုလင်ကျစ် ဆိုသည့် လက်ရှိဝန်ကြီးကပင် ဘာမှမဟုတ်ချေ။

"ဒါဆိုလည်း ကြိုးစားကြည့်ပါ"

ယဲ့ကျန်း၏ အနက်ရောင်လဲ့နေသော တောက်ပသည့် မျက်ဝန်းများက တော်ဝင်မင်းသမီးကို လှည့်ကြည့်သည်။ သူမ၏မျက်ဝန်းထဲရှိ အေးစက်မှုက ပတ်ဝန်းကျင်ရှိ လူတိုင်းကို အံ့ဩသွားစေခဲ့သည်။

ရှင်းလင်းနေသည်မှာ သူမဟာ ကုန်သည်မိသားစုမှ သမီးမျှသာ ဖြစ်ပြီး ထိုမျှ နိမ့်ကျသော နောက်ခံ ရှိထားသည့်တိုင် တော်ဝင်မင်းသမီးတစ်ယောက် ဖြစ်သော သူမထက်ပင် ပို၍ မြင့်မြတ်သည့် လေထုအရှိန်အဝါကို သယ်ဆောင်ထားခြင်းက မည်သူမျှ မမျှော်လင့်ထားသော အခြေအနေမျိုး ဖြစ်နေသည်။

လျိုဟွားက ယဲ့ကျန်းကို စိုက်ကြည့်သည်။ ဒီနေ့ ယဲ့ကျန်းက အကယ်ဒမီကို လာချိန်ကထက် ပို၍ လှပနေကြောင်း မြင်သောအခါ ဧကရာဇ်ကို ဆွဲဆောင်ရန် တမင်ဝတ်စားပြင်ဆင်လာသည်ဟု ထင်လိုက်သည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now