Part 95

1.1K 89 2
                                    

Unicode

အပိုင်း (၉၅) ဆုလာဘ် ၂
ဧကရာဇ်က သူမအား ထိုမျှလက်ဆောင်များစွာ ချီးမြှင့်လာမည်ဟု ယဲ့ကျန်း မမျှော်လင့်မိပေ။ နန်းတော်၏ဘရိုကိတ်များအပြင် သူက သူမအား ရွှေထည် ၁၂၀ ကိုပေးအပ်လာခြင်းက အနည်းငယ်ပင် မူးဝေသွားစေခဲ့သေး၏။
ဒါက မော့ရုန်ရီ သူမအား ဆုလာဘ်ချီးမြှင့်မည်ဟု ကတိပေးလာသည့်အတိုင်း ဖြစ်သည်။ နန်းတော်အတွင်းသို့ ဝင်ရောက်ရမည့် အခွင့်ကောင်းကြီးရှိနေလေရာ သည်လိုကြင်နာမှုမျိုးကို ယဲ့ကျန်း အခွင့်အရေးမယူလိုခဲ့ပေ။
သို့တိုင်အောင် မော့ရုန်ကျန်းက ရွှေထည် ၁၂၀ ကို ပေးပြီး သည်ကျေးဇူးကို ဖြတ်တောက်လာခဲ့၏။
ငါ့ရဲ့အကြံအစည်ကိုများ သူ ကြိုသိနေတာလား။
“အမေ ပြောထားတဲ့အတိုင်း ဧကရာဇ်က ညီမလေးကို ချီးမြှင့်လိုက်တယ်ဆိုမှတော့ ညီမလေးပဲ သိမ်းထားလိုက်ပါ၊ အကြီးဆုံးအစ်ကိုနဲ့အမေက ညီမလေးအစား ကျေးဇူးတင်ပြီးပြီ”
လုရှန်းကျစ်က ယဲ့ကျန်းကို အပြုံးနှင့်ပြောလာသည်။
ယဲ့ကျန်းက ခေါင်းညိတ်သည်။ ရွှေထည် ၁၂၀ ကိုသိမ်းပြီးနောက် ပြောလိုက်၏။
“အင်း ညီမ သိမ်းထားမယ်”
“ဧကရာဇ်ရဲ့ရှေ့မှာ ညီမ ဘာမှမပြောမိဘူးမဟုတ်လား”
လုရှန်းကျစ်က မေးသည်။
ယဲ့ကျန်း၏မျက်နှာက မည်းမှောင်သွားပြီးပြောလိုက်၏။
“အစ်ကိုကြီးရဲ့အထင်မှာ ညီမက ပြဿနာတွေပဲ ရှာတတ်တဲ့ တောရိုင်း ကလေးမလေးလား”
ယဲ့ကျန်းက ရင်နာသွားဟန် လုပ်လိုက်သည်။
လုရှန်းကျစ်က ရယ်ကာအခြေအနေကို ဖြေလျော့ရန် တွေးလိုက်၏။
“မဟုတ်ရပါဘူး၊ ဒါက ညီမလေးဧကရာဇ်နဲ့ ပထမဆုံးတွေ့တဲ့အကြိမ် မဟုတ်လား၊ သေချာပေါက် ထိတ်လန့်နေမှာပေါ့၊ အကြီးဆုံးအစ်ကိုက ညီမ ဧကရာဇ်နဲ့ဘာတွေ ပြောခဲ့သလဲဆိုပြီး စိုးရိမ်နေတာ”
ယဲ့ကျန်းက နှာခေါင်းရှုံ့သည်။
“ဧကရာဇ်က မေးတာရှိရင် ညီမ ဖြေရမှာပဲ၊ ဘာများပြောရဲရမှာလဲ”
သူမ ဧကရာဇ်ကို ပထမဆုံးအကြိမ် မြင်ခဲ့ချိန်က အမှန်ထိတ်လန့်ခဲ့သည်။ သို့ရာတွင် လွန်ခဲ့သော နှစ်နှစ်လုံးလုံး မော့ရုန်ကျန်း၏ဝန်းကျင်တွင် အထီးကျန်ဝိညာဉ်တစ်ကောင်အဖြစ် လေလွင့်ခဲ့ပြီးသား ဖြစ်သည်။ သူ့ကို သူစိမ်းဟုပင် သူမ မခံစားမိတော့ပေ။ သည်အတိုင်း ပထမဆုံးအကြိမ် အချင်းချင်း စကားစပြောမိရုံသာလျှင် ဖြစ်၏။ သည်အတိုင်း အနည်းငယ် စိတ်အချဉ်ပေါက်သလို ခံစားရ၏။
ပထမဦးဆုံးစွာ သူမတွင် သူ့ကို မေးချင်သော မေးခွန်းများစွာရှိသည်ဟု ခံစားရသည်။ သို့သော် မမေးနိုင်ပေ။
လုရှန်းကျစ်က ပြောသည်။
“ဧကရာဇ်က ညီမကို ဘာမေးသေးလဲ”
ယဲ့ကျန်း၏စိတ်ထဲတွင် နှာခေါင်းရှုံ့နေ၏။ သူမ၏အစ်ကိုထံမှတစ်ဆင့် တမင်တကာ မေးမြန်းခိုင်းလိုက်ခြင်း ဖြစ်ရပေမည်။ လုလင်ကျစ် ဘာကိုကြောက်နေကြောင်း သူမ နားလည်နေသည်။
အာ မော့ရုန်ကျန်းက ငါက အရင် ငါနဲ့တူနေတာကို သတိထားမိသွားမှာကို သူ ကြောက်နေတာပဲ။
“ဘာမှ မမေးဘူး၊ ဒီအတိုင်း ယောင်ယောင်လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ကို သိသလားလို့ပဲ မေးတယ်”
ယဲ့ကျန်းက သံသယဖြစ်ဟန်ဖြင့် ပြောသည်။
“ညီမနဲ့နာမည်တူတဲ့လူများ အစ်ကိုကြီးသိလား”
လုရှန်းကျစ်က အံ့အားတကြီး မျက်လုံး ပြူးသွားသည်။
“ဧကရာဇ်က မင်းကို အဲဒီလိုမေးတာလား၊ အရင်တစ်ခေါက် ဧကရာဇ်နဲ့ ဆုံတုန်းကလည်း အစ်ကိုကြီးကို မင်းရဲ့နာမည်ကိုမေးတယ်၊ နောက်ပြီး မြို့တော်ကို ရောက်လာခဲ့ဖူးသေးသလားလို့လည်း မေးဖူးခဲ့တယ်”
မှန်ကဲ့သို့ တူညီသောတုံ့ပြန်မှုကို ကြည့်ပြီးနောက် ယဲ့ကျန်း ကြောင်သွားသည်။ မော့ရုန်ကျန်းက သူမကို သံသယဝင်နေ၏။
ဒါပေမဲ့ သူ ငါ့နာမည်ပြောင်ကိုတောင် မှတ်မိတာမဟုတ်ဘူးလေ၊ အခုတလောမှ သူ့ရဲ့စိတ်က ဘာဖြစ်သွားတာလဲ။
ဒါမှမဟုတ် တစ်စုံတစ်ယောက်က ငါ့နာမည်ခေါ်တာကို ကြားလိုက်လို့ သူ့ရဲ့မှတ်ဉာဏ် ပြန်နိုးထသွားတာလား၊ ဒီလိုနဲ့လွန်ခဲ့တဲ့ရှစ်နှစ်က ကိစ္စကို ပြန်သတိရသွားတယ်ပေါ့။
ယဲ့ကျန်းက စိတ်ထဲတွင် ရယ်နေမိသည်။ ကိစ္စများစွာက သူမ လိုချင်သည့်အတိုင်းဖြစ်လာ၏။
လွန်ခဲ့သော နှစ်နှစ်ခန့်က မဖြစ်ပျက်ခဲ့ဖူးသော ကိစ္စများအားလုံးက ဖြစ်လာခဲ့လေပြီ။ ထိုကိစ္စများအားလုံးက သူမ၊ သူမ၏အမြွှာညီအစ်မ၏ကိုယ်ထဲသို့ ဝိညာဉ်ကူးပြောင်းလာပြီးမှ ဖြစ်လာခဲ့ခြင်းဖြစ်၏။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now