Part 179

635 66 2
                                    

အခန်း ၁၇၉ ဝေဟင်ကဘာလုပ်နိုင်လဲ။

ကောင်းရွှယ်ပင်း၏ ဒေါသတကြီးဖြစ်နေသော အမှုအရာကို မြင်သောအခါ ဇွန့်ဝမ်နှင့် ချမ်းကျင်းရီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ ဒီတစ်ချိန်တွင်လည်း ဘလိုပြဿနာလာရှာမည်ကို နားမလည် နိုင်ကြတော့ချေ။

"လုယောင်ယောင် "

ကောင်းရွှယ်ပင်းက ယဲ့ကျန်းကို လှမ်းအော်သည်။

"မိန်းကလေးကောင်း တို့ဘာများကူညီပေးရမလဲ"

ယဲ့ကျန်းကလည်း ယဉ်ကျေးစွာသာ ပြန်ဖြေသည်။

ဇွန့်ဝမ်နှင့် ချမ်းကျင်းရွီတို့က ကောင်းရွှယ်ပင်း တစ်ယောက်တည်း ရောက်လာခြင်းမဟုတ်သည့်အတွက် အံ့ဩ သွားသည်။ ဒီတစ်ချိန်တွင် သူမဟာ ရွှီဝှေးရွီနှင့် မင်းသမီးလျိုဟွားကို ခေါ်လာသည်။

ယဲ့ကျန်းက မဖိတ်ခေါ်ထားသော ဧည့်သည်များကို မြင်ရသည့်တိုင်အောင် တောက်ပစွာပြုံးနေသေးသည်။

အနားသို့ရောက်လာသည်နှင့် ကောင်းရွှယ်ပင်းက လက်ညှိုးထိုးပြီး ဒေါသတကြီး အော်သည်။

" နင်ဘလိုတောင်လုပ်ရဲတာလဲ အရှက်မရှိဘူး နင်ငါ့ကိုဒီလိုဆိုးရွားတဲ့နည်းလမ်းနဲ့ မောင်းထုတ်မယ်လို့ မထင်ထားမိဘူး။ လုယောင်ယောင် ဟွန်း နင်အရမ်းတော်တယ်ထင်နေတာလား"

ယဲ့ကျန်း၏အမူအရာကမူ အပြစ်ကင်းစင်နေသေးသည် ။

"မိန်းကလေးကောင်း တို့လည်း မင်းကတို့နဲ့တစ်ခန်းတည်းမနေချင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းမေးခဲ့ပြီးပါပြီ၊ တို့မှာလည်း ဒါကိုဖြေရှင်းနိုင်တဲ့နည်းလမ်းရှိတယ်လို့ ပြန်ပြောခဲ့တာဘဲမဟုတ်ဘူးလား "

"ရွှယ်ဘင်းရေ မင်းမျှော်လင့်မထားဘူး မဟုတ်လား။ ဒီမိန်းကလေးက ကုန်သည်မိသားစုက မွေးလာတာ ၊ ဒီတော့ ပိုက်ဆံနဲ့ဖြေရှင်းရတာကို သဘောကျတယ် အကယ်ဒမီမှာတောင်မှ ကုန်သည်စွမ်းရည်တွေကို သုံးနေတုန်းဘဲ လေ"

လျိုဟွားက စိတ်အချဉ်ပေါက်စွာ ပြောလာသည်။

ရွှီဝှေးရွီကမူ လျိုဟွား၏အနားတွင် တိတ်ဆိတ်နေသည်။ သူမဟာ မင်းသမီးနှင့် ဆိုးဆိုးရွားရွားမိတ်ဆွေဖြစ်ခင်က တည်းက မင်းသမီးပြောသမျှဟာ မှန်ကန်ခြင်းရှိရှိ မရှိရှိနာခံပြုံးပြရမလိုဖြစ်နေသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now