Part 188

673 71 1
                                    

188 01

အပိုင်း ၁၈၈

သို့ရာတွင် အခြေအနေများဟာ တစ်ခြားတစ်ဖက်ခြမ်းတွင်မူ မတူချေ။

လက်ရှိအချိန်တွင် အင်ပါယာနန်းတော်ထဲတွင် လေထုအခြေအနေဟာ တင်းကြပ်နေသည်။ လူတိုင်းဟာ မသက်မသာဖြစ်နေကြသည်။

မင်းသားငယ်လေး၏အခြေအနေဟာ ရုတ်တရက်ဆိုးရွားလာသည်။ မယ်တော်ကြီးဟာ ချီကျင်းကို ကုသရန်အတွက် ဆင့်ခေါ်ခဲ့ပြီး ကြိုးစားခဲ့သည့်တိုင်အောင် မော့ရုန်ရီ၏ဖျားနာမှုဟာ သက်သာသွားခြင်းမရှိခဲ့ချေ။

မော့ရုန်ရီဟာ ဝမ်းတွင်းအသားပိုရှိနေပြီး နာကျင်မှုကို ဆက်တိုက်ခံစားနေခဲ့ရသည်။ အခြေအနေဟာ ဆိုးရွားလာပြီး ဝမ်းအတွင်းတွင်ရှိသော ထိုအသားပိုကြောင့် ဆက်တိုက်နာကျင်မှုကို ပြင်းထန်စွာခံစားနေခဲ့ရသည်။ ကိုယ်တွင်းအင်္ဂါများရှိနေသည့်နေရာ၏ ကန့်သတ်ချက်ကြောင့် ပွတ်တိုက်မိကာ ဆက်တိုက်နာကျင်မှုကို ခံစားနေရခြင်းဖြစ်သည်။ ထို့အပြင် ကုသနည်းလမ်းကို ရှာတွေ့ခဲ့သော်လည်း တည်ရှိနေသောနေရာကို အတိအကျသိရမှသာ အပြည့်အဝ ကိုင်တွယ်နိုင်အုံးမည်ဖြစ်သည်။ ကိုယ်တွင်းအင်္ဂါများက ဆက်တိုက်ပွတ်တိုက်နေပြီး ထိုအသားပိုနှင့်ထိခိုက်ရာမှ ဖြစ်ပေါ်လာသော ဒဏ်ရာက ကိုယ်တွင်းအင်္ဂါများကို ဒဏ်ရာများ ဆက်တိုက်ဖြစ်ပေါ်လာစေသည်။ ထိုသို့ဖြင့် ထိုနာကျင်မှုကို မင်းသားငယ်ဟာ မခံစားနိုင်တော့သည်အထိ ဖြစ်လာတော့သည်။

တိုက်ဆိုင်စွာဖြင့်ချီဟာ ပိတ်ဆို့နေပြီး သွေးကြောများ၏ထုံးနေမှုဟာ အသည်းနှင့်အရွက်ကို ပျက်စီးစေသည်။ ထိုအချိန်တွင် ကိုယ်တွင်းအင်္ဂါစနစ်တစ်ခုလုံးဟာ ဝရုန်းသုန်းကားဖြစ်သွားတော့သည်။ ပြောရလျှင် ချီ၏ကြံ့ခိုင်မှုလိုအပ်ချက်ကြောင့် ထိုရောဂါဟာ စတင်ဖြစ်ပွားလာခြင်းဟု ဆိုနိုင်လေသည်။

ဖြစ်ပွားမှုကို ဆုံးဖြတ်ပြီးသည်နှင့် ဖျားနာမှုဟာ ခက်ခဲမှုမရှိဘဲ ကုသနိုင်သွားသင့်သည်။ ချီကျင်းဟာ မင်းသားငယ်ကို မှန်ကန်သောဆေးများ ဖော်စပ်ကာ တိုက်သည်။ သို့တိုင်အောင် သူ့တွင် မည်သည့်တိုးတက်မှုမျှ ပြသမလာခဲ့သေးချေ။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now