part 60

1.5K 155 1
                                    

Unicode
အပိုင်း (၆၀) တိုဟူးကဲ့သို့ ဖြူဖွေးသောအသားအရေ(တစ်)
ယဲ့ကျန်းက နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။ သူမ၏အိမ်မက်ထဲတွင် သို့မဟုတ် သူမ၏မှတ်ဉာဏ်ထဲတွင် သူမလက်ထပ်ခါစ အချိန်သို့ ပြန်ရောက်သွားခဲ့၏။
နှစ်ပေါင်းများစွာ ဆန္ဒရှိလာပြီးနောက်တွင် နောက်ဆုံးတွင် ထိုကိစ္စက အမှန်တကယ် ဖြစ်တည်လာခဲ့ချေပြီ။ ချစ်ခြင်းတရားတွင် ပျော်၀င်ဖူးသူကသာလျှင် သူမ၏ခံစားချက်ကို နားလည်ပေလိမ့်မည်။
သူမ၏အဆောင်အသစ် အခန်းအသစ်ထဲမှ ကုတင်တွင် ထိုင်လျက် အခမ်းအနားပြီးသည့်အခါ မော့ရုန်ကျန်း ရောက်လာမည့်အချိန်ကို သူမစောင့်ဆိုင်းနေသည်။ သူမ ထိုနေ့က ဖျားနာခဲ့၍ သူကိုတောအုပ်ထဲတွင် လာမတွေ့နိုင်ခဲ့ကြောင်းသူမ သူကိုပြောရမည်။ နောက်ဆုံးတွင် သူမကသာ သူ့ကိုကယ်ခဲ့သော ကောင်မလေးဖြစ်ကြောင်း သူမ ပြောရမည်ပေ။ ထိုသို့တွေးကြည့်ရုံမျှဖြင့်ပင် ယဲ့ကျန်း၏ နှလုံးခုန်နှုန်းက ပျော်ရွင်မူများဖြင့် မြန်ဆန်လာတော့သည်။
သူ ၀င်လာပြီ။သူက အရပ်ရှည်ပြီး ခနွာကိုယ်က တောင့်တင်းသည်။ ဖြောင့်မတ်သောကိုယ်ဟန်ကို ပိုင်ဆိုင်ထားပြီး မျက်နှာတွင် ကွာခြားသောရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားပြီဖြစ်၏။ သူ သူမထံသို့ လမ်းလျှောက်လာနေပြီ။
...အို
ယဲ့ကျန်းက အသက်ရှူ အောင့်မိမတတ်ဖြစ်သွားသည်။ သူ၏တည်ရှိမူက ပြင်းထန်လွန်းလှကာ နီးကပ်လာလေလေ သူမ၏မျက်နှာက နီရဲလာလေလေဖြစ်သည်။
ယဲ့ကျန်းက အနီရောင်ပု၀ါအုပ်ထားသည့်အတွက် သူမ၏ပါးပြင်နီရဲနေခြင်းကို ဖုံးကွယ်ထားနိုင်သည့်အတွက် ကျေနပ်နေတော့သည်။
သူမ၏ရှေ့တွင် ရပ်ပြီးနောက် မော့ရုန်ကျန်းက ခေါင်းပေါ်မှပု၀ါကို ဆွဲဖယ်လိုက်သည်။ ထိုသို့လုပ်လိုက်မှသာ ယဲ့ကျန်းက သူ၏ မျက်နှာကိုတိုက်ရိုက်ကြည့်လိုက်၏။ သို့သော် သူမအမြင်မှားနေခြင်း မဟုတ်သော သူ၏မျက်နှာပေါ်ရှိ ရွံရှာသောအမူရာကို မြင်လိုက်ရသည်။
သူမကသူ၏လက်မောင်းမှ ၀တ်ရုံကိုဆွဲလိုက်လျက် သူမနှစ်ပေါင်းများစွာ ဂရုတစိုက် ထိန်းသိမ်းထားသောကျောက်စိမ်း တံဆိပ်ပြားကို ပြလိုခဲ့သည်။ သို့သော် သူမအံ့သြသွားရသည်မှာ မော့ရုန်ကျန်းက သူမ၏လက်ကို ရိုက်ထုတ်လိုက်ခြင်းဖြစ်သည်။ သူမ၏အသားရေက သူကို လောင်ကျွမ်းသွားစေမည့်အလား ...
သူ လုပ်ခဲ့၊ ပြောခဲ့သော အရာအားလုံးကို သူမ ပြီးပြည့်စုံအောင် မှတ်မိနေသည်။
တည်ငြိမ်သောလေသံဖြင့် သူက ပြောခဲ့သည်။
“ယဲ့မိသားစုက ရီစုန့်ရဲ့ စုန့်ဆိုတဲ့ အမျိုးသားလက်အောက်ကလူတွေပဲ။ သူတို့ကဘာလို့ သူတို့ရဲ့အကြီးဆုံးသမီးကို ဒီမင်းသားဆီကိုလက်ထပ်ဖို့ ပို့လိုက်ရတာလဲ။ မင်းကို ၀မ်ဖေး ဖြစ်ခိုင်းလိုက်တာနဲ့ပဲ အရာအားလုံးကွာခြားသွားမယ်လို့ သူတို့ထင်နေကြတာလား’’
ယဲ့ကျန်း စကားမဆိုနိုင်တော့ပေ။သူမ၏ ပါးစပ်ကပင် ခြောက်ကပ်သွားခဲ့၏။ တောင်စောင်းပေါ်မှ ပြုတ်ကျသွားသည်ဟု သူမ ခံစားလိုက်ရသည်။ သူမ ချစ်ရသောအမျိူးသား၏ ကျောပြင်ကိုသာ မျက်ရည်များဖြင့် ကြည့်လိုက်ရသည်။
“ကောင်းပြီ။ သူတို့အားလုံး မှားနေပြီ’’
ထိုသို့ဖြင့် သူက ထွက်သွားသည်။ သူမအဆောင်သို့ ဘယ်တော့မှ ပြန်မလာခဲ့တော့ပေ။
ထိုအချိန်က သူ၏စကားများကြောင့်သူမနာကျင်သွားရသော်လည်း သူမကအပြစ်ကင်းစင်စွာဖြင့် သူက တစ်ချိန်တွင် သူမ မည်သူဖြစ်ကြောင်းသိသွားချိန်တွင် စိတ်ပြောင်းသွားမည်ဟု လက်ခံယုံကြည်ခဲ့သည်။
သူမက တတ်ကြွစွာသာ သူ့ကို ချစ်မြတ်နိုးကြောင်းပြသခဲ့မည်ဆိုလျှင် သူမ၏ မသေဆုံးနိုင်သော ချစ်ခြင်းတရားများကို သူနားလည်လာမည်ဟု သူမ ယုံကြည်ခဲ့သည်။
သူမတို့လက်ထပ်ပြီး ဒုတိယမြောက်နေ့တွင် စစ်တိုက်ရန်အတွက် သူ ထွက်သွားခဲ့သည်။ မည်သူကမျှ မထင်ထားသည်မှာ သူ အသက်ရှင်လျက်ပြန်လာနိုင်မည်ကိုသာလျင် ဖြစ်သည်။အထူးသဖြင့် မည်သူကမှလည်း သူ နိုင်မည်ဟုပင် မထင်ထားခဲ့ကြပေ။ သို့ရာတွင် သူက စစ်သည်ငါးထောင်ကို ခေါ်သွားခဲ့ပြီး နယ်စပ်သို့ ရောက်သွားခဲ့၏။
ယခင်ဧကရာဇ် သေဆုံးသည်အထိ နှစ်နှစ်တိုင်တိုင် ယဲ့မိသားစုက လက်ရှိအင်ပါယာ နန်းတက်နိုင်ရန်အတွက် အထောက်အပံ့ပြုပေးခဲ့၏။ ၂လအတွင်း မော့ရုန်ကျန်းက နဂါးပလ္လင်ကို အောင်မြင်စွာ သိမ်းပိုက်ကာ အစားထိုးနိုင်ခဲ့သည်။
သူမ၏ဖခင် သူမကိုပြောခဲ့သမျှကိုပင် သူမမှတ်မိနေသေး၏။
“ယောင်ယောင် ဒီလောကက အရာအားလုံး မှေးမှိန်သွားပြီ။ ယဲ့မိသားစုနဲ့ ယဲ့မျိုးနွယ်စုက သိပ်မကြာခင်မှာ အပြတ်ရှင်းခံရလိမ့်မယ်။ သမိုင်းမှာ ဘယ်လောက်ပဲကြောက်ဖို့ကောင်းနေ ရုံးတော်အရာရှိတွေက အချီန်အကြာကြီး အသက်ရှင်နိုင်စွမ်းမှ မရှိခဲ့တာ။ အဲဒီနေ့ ရောက်လာခဲ့မယ်ဆိုရင်တောင်မှ အဖေက သမီးနဲ့သမီးအစ်ကိုကို ကာကွယ်သွားမှာပါ’’
“ယောင်ယောင် သမီးအဖေက အနာဂတ်မှာထွက်သွားခဲ့ရသည်ရှိသော် ကျေးဇူးပြုပြီး စိတ်အေးအေးနဲ့စောင့်နေပါ။ အဖေသေချာပေါက် ပြန်လာမှာပါ’’
“အဖေတို့ရဲ့လျို၀ှက် စကားကို မှတ်ထားနော်။ ဒီလောကက အခြားသူတွေ သိသွားခဲ့မယ်ဆိုရင် သူက သေချာပေါက် အဖေ့လို ပါရမီရှင်ပဲ ဖြစ်လိမ့်မယ်။ဟားဟားဟား’’
ထို့နောက် ကောင်းကင်သို့ သွေးများ ပန်းထွက်ကာ လွမ်းခြုံသွားသော မြင်ကွင်းကို သူမ မြင်လိုက်ရပြီး ရုတ်တရက် လူတိုင်း သေသွားခဲ့သည်။
“အဖေ အစ်ကိုနှစ်’’
သူမ၏ရင်ဘတ်ကို မြားအစင်း တစ်သောင်းလောက် ထိုးဆိုက်သွားသကဲ့သို့ သူမ ခံစားလိုက်ရသည်။ ယဲ့ကျန်းကအဆုတ်များ ကွဲမတတ်အော်ဟစ်ရင်း နိုးထလာခဲ့၏။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now