Part 153

800 79 1
                                    

အခန်း ၁၅၃

"ဝမ်ဖေး ဒီသခင်မမှာ ဝမ်ဖေးကို လျှို့ဝှက်ဆေးညွှန်း ပေးဖို့ရှိပါတယ်။ ဒါပေမဲ့ သခင်မဘာပဲလုပ်လုပ် နှစ်ကြိမ်တော့ ပြန်စဉ်းစားပါ"

"ဘာလဲ ဒီဝမ်ဖေးက တစ်ခုခု အမှားလုပ်လိုက်လို့ လုမိသားစုဆီကို ပြဿနာတွေ ရောက်လာမှာကို ကြောက်နေတာလား"

လုဝူရွှမ်းကလည်း ဒေါသပါသော လေသံမျိုးဖြင့် ပြောသည်။ သခင်မကြီးလုက သက်ပြင်းချကာ ခေါင်းငုံ့ထားပြီး ပြောလိုက်သည်။

"ဒီသခင်မက မိသားစုရဲ့ဂုဏ်သိက္ခာကျဆင်းမှာကို မကြောက်ပါဘူး။ ဒါပေမဲ့ ဝမ်ဖေးရဲ့အစ်ကိုဖြစ်သူ ကြိုးစားအားထုတ်မှုတွေ အားလုံးက ပျက်စီးသွားလိမ့်မယ်။ ဒါ့ကြောင့် သူ့ကို တစ်ခုခု ဖြစ်သွားစေလောက်မဲ့ ဆိုးရွားတဲ့ကိစ္စတွေထဲ မပါဝင်မပက်သတ်မိဖို့ပဲ မျှော်လင့်တယ်"

လုလင်ကျစ်အကြောင်း ထည့်ပြောလိုက်သည်နှင့် လုဝူရွှမ်း၏ အေးစက်သော ရေခဲအမူအရာက ပျော်ကျသွားသည်။

"တို့ကဘယ်လိုများ အစ်ကို့ကို ဒုက္ခပေးရမှာလဲ"

"ဝမ်ဖေး တို့တွေရဲ့ မိသားစုက မြို့တော်မှာ အခြေကျပြီး နောက်ခံတောင့်တင်းဖို့အတွက်နဲ့ သူက ဒဏ်ရာရနေတဲ့ အနေအထားနဲ့တောင် စစ်တိုက်ထွက်ခွင့် တောင်းဆိုခဲ့တယ်။ သူက ဒီလောက်ရင်းနှီးထားသမျှ စတေးထားသမျှက ဝမ်ဖေးရဲ့သတိလက်လွှတ်အပြုအမူကြောင့် ဆုံးရှုံးရတာ တန်လို့လား"

"အဘွား.. ဝမ်ဖေး သိပါတယ်။ ဒီအတိုင်း... ဧကရာဇ်က အခြားမိန်းမတစ်ယောက်ကို ထပ်ပြီးလက်ထပ်သွားမယ်လို့ ကြားလို့ စိတ်မကောင်းဖြစ်နေရုံပါပဲ။ ဒါကြောင့် အဲဒီမတိုင်ခင် ဆက်ခံသူတစ်ယောက် လိုချင်ခဲ့တာ"

လုဝူရွှမ်းက နှုတ်ခမ်းကို ကိုက်သည်။ သူမ၏ရင်ထဲတွင်လည်း အပ်ဖြင့် အထိုးခံရသလို နာကျင်လာရသည်။ မော့ရုန်ကျန်းဟာ ကိုယ်လုပ်တော်ရာထူးဖြင့် အခြားသော မိန်းမတစ်ယောက်ကို အနောက်ဆောင်ထဲ ဆွဲခေါ်လာမည်အား စိုးရိမ်နေလေသည်။

စာနာသော မျက်ဝန်းများဖြင့် သခင်မကြီးလုက လက်ကို ဆုပ်ကိုင်ထားသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းKde žijí příběhy. Začni objevovat