Part 194

627 72 2
                                    

အပိုင်း ၁၉၄

သူမ အမူအရာပြောင်းလဲသွားမှုကို မော့ရုန်ကျန်းက မလွတ်သွားခဲ့ချေ။ သူ၏ညီတော်ဖြစ်သူဟာ သူမနှင့်အလောင်းအစားလုပ်ခဲ့ကြောင်း ကြားခဲ့သောအခါ သူ ပထမဦးဆုံးတွေးမိချိန်က သူမဟာ မင်းသားငယ်ကိုအခွင့်ကောင်းယူပြီး သူ၏ အာရုံစိုက်မှုကို ဖမ်းယူရန်ကြိုးစားနေခြင်းဖြစ်သည်ဟု ထင်မိခြင်းဖြစ်သည်။ ယခင်က အခြားသောအမျိုးသမီးများက ထိုနည်းလမ်းကို အသုံးမပြုခဲ့ဖူးသေးခြင်းမဟုတ်ချေ။ သို့သော် မည်သူကမျှ သူမလောက် ကောင်းမွန်အောင် မလုပ်နိုင်ခဲ့ခြင်းသာဖြစ်သည်။

သူသည်လည်း သူမအပေါ်ရောက်နေသည့် စိတ်ဝင်စားမှုကိုဖိနှိမ့်ရန် ကြိုးစားထားရသည်။ သို့သော် ထိုအလောင်းအစားလုပ်ခြင်းဟာ ထိုစိတ်ဝင်စားမှုကို အထင်သေးမှုအဖြစ် ပြောင်းလဲသွားစေသည်။

သို့ရာတွင် သူမ၏အမူအရာအရ ထိုအလောင်းအစားအကြောင်း မသိထားဟန်ရသည်။

"မင်းက မင်းသားငယ်နဲ့ အလောင်းအစားမလုပ်ခဲ့တာလား"

မော့ရုန်ကျန်းဟာ မျက်လုံးကိုမှေးကျဉ်းလိုက်ပြီး ယဲ့ကျန်းကို အေးစက်စွာကြည့်သည်။

သူ၏မျက်ဝန်းထဲမှ ရွံရှာမှုကို ရှင်းလင်းစွာမြင်လိုက်သည့်အတွက် သူမ ပေါ့ပါးစွာ ပြုံးလိုက်သည်။

"မင်းသားငယ်က အဲ့ဒီလိုပြောရင် ဒီသခင်မလေးက ဝန်ခံရမှာပါ"

မော့ရုတ်ကျန်း၏မျက်ဝန်းထဲမှ အေးစက်သောအကြည့်စူးစူးက ပေါက်ထွက်လာ သည်။ ယဲ့ကျန်း၏မျက်နှာဟာ ဖြူဖျော့သွားတော့သည်။ သူမဟာ သူချက်ချင်းဆိုသလို သူမအား သတ်လိုက်မည်ကို စိုးရိမ်လာသည်။

"မင်းမှာ ဘယ်လိုရည်ရွယ်ချက်တွေပဲ ရှိနေရှိနေ ကျန်းက မင်းကို ဒီတစ်ကြိမ် မသတ်သေးပါဘူး"

မော့ရုန်ကျန်းက သူမ၏မျက်ဝန်းထဲမှ သတိထားသောအမူအရာမျိုးကို မြင်လိုက်သည့်အတွက် အေးစက်စွာပြုံးလိုက်ပြီးနောက် လေသံကိုပြန်မြှင့်လိုက်သည်။

"မင်းသားငယ်ရဲ့ဖျားနာမှုက အပြည့်အဝမသက်သာနိုင်ရင် မင်းလည်းသူနဲ့အတူ မြေမြှုပ်ခံရမယ်"

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now