177 01
အပိုင်း ၁၇၇
(အတန်းခွဲဝေမှု ၂)
"ငါကြားထားတဲ့အတိုင်းဆိုရင် ဒီမိန်းကလေးက အမတ်ထန်းရဲ့ ငွေရောင်ကြာပွတ်ကိုတောင် လိမ်ယူ သွား သေး တာ" လူတစ်ယောက်က ခပ်တိုးတိုးပြောသည်။
ယဲ့ကျန်းဘက်မှ ခုခံပေးလိုသောအားဖြင့် ဇွန့်ဝမ်က သူတို့ကိုဆူပူသည်။
"အရှက်မရှိဘူး ဟုတ်လား နင်တို့ဘဲအရှက်မရှိတာ နင်တို့က ဘယ်မိသားစုကလဲ နင်တို့ ရဲ့မိဘတွေက နင်တို့ကို ကျင့်ဝတ်တွေမသင်ပေးထားဘူးလား ။ဘယ်လိုများ ဒီလိုလူမျိုးတွေက အကယ်ဒမီကျောင်းသူတွေ ဖြစ်လာရတာ လဲ အံ့ဩပါရဲ့"
"ဒါကနင်နဲ့ဘာဆိုင်လဲ နင်ဘာလုပ်နေလဲဆိုတာကိုရော သိလား နင်ဘယ်သူ့ကိုပြန်ပြောနေလဲဆိုတာကို နားလည် လား"
ဇွန့်ဝမ်က လှောင်သည် သူမကခပ်မဲ့မဲ့ရယ်ပြီးနောက် ပြန်ပြောသည် ။
" နင်တို့ကသာ အရူးလိုမပြုမူနေရင် ငါကလည်း ဂရုစိုက်နေမှာလား နင်ဟွမ်ဖူရှန်းကသာ မနာလိုကြီးနေတာ"
ယဲ့ကျန်း၏ဆုပ်ထားသော လက်သီးက ပြေလျော့သွားသည် သူမက ယုံကြည်မှုလျော့သွားသော ဟွမ်ဖူရှန်း၏ မျက်နှာကို ကြည့်သည်။
"နင်ဘာပြောတာလဲ ငါကဘာကိုမနာလိုဖြစ်ရမလဲ ငါကဘယ်သူ့ကိုမနာလိုဖြစ်ရမှာလဲ "ဟွမ်ဖူရှန်းက အရှက်ရ မှု ကြောင့် ဒေါသထွက်လာပြီး ဇွန့်ဝမ်ကို စိုက်ကြည့်ကာ ယဲ့ကျန်းကို တဘက်ပြန်ကြည့်သည်။
"လုယောင်ယောင် နင်ငါ့ရဲ့ဝမ်းကွဲရဲ့ ငွေရောင်ကြာပွတ်ကို ပြန်ပေးလိုက်တာကောင်းမယ်"
"ဝမ်းကွဲ ဒါက ဟွမ်ဖူရှန်းဆိုတဲ့ ထန်းကျန့်ရဲ့ ဝမ်းကွဲပေါ့"
ယဲ့ကျန်းက ရယ်သည် သူမ၏မျက်ဝန်းတွင်လှောင်ရယ်လိုဟန်က အပြည့်ပင်။
"မင်းက ထန်းကျန့်ရဲ့ဝမ်းကွဲဖြစ်တာနဲ့ဘဲ သူ့ရဲ့ငွေရောင်ကြာပွတ်ကို ပြန်တောင်းခံခွင့်ရှိမယ်လို့ ဘာလို့များထင်တာ လဲ တို့ကအနိုင်ရပြီး ရနိုင်ခဲ့တာလေ"
ဟွမ်ဖူရှန်းက ယဲ့ကျန်းကို မနာလိုမှုအပြည့်ဖြင့် စိုက်ကြည့်သည်။ "ဟုတ်တယ် ငါ့မှာ ပြန်တောင်း ပိုင်ခွင့်ရှိ တယ်"