Part 119

895 86 2
                                    

Unicode
အပိုင်း (၁၁၉)

သူမသည် မော့ရုန်ကျန်းကြောင့် နန်းတော်အတွင်းတွင် ဝိညာဉ်အဖြစ်ဖြင့် နှစ်နှစ်တိုင် ပိတ်လှောင်ခံခဲ့ရသည်။ ထိုအချိန် မတိုင်ခင်က နန်းတော်အတွင်းတွင်လည်း သူ၏ ပစ်ပယ်ခံရပြီး ပိတ်လှောင်ခံခဲ့ရပြန်၏။ အချိန်တစ်ခုကြာပြီးနောက် သူမက စီးပွားရေးလုပ်ငန်းအသေးစားတစ်ခုကို စတင်ခဲ့သည်။ သူမက မျက်နှာကိုပြရန် မသင့်တော်သောကြောင့်သာ သူမ၏အစေခံများကို နေရာပြခဲ့ရသည်။

သည်နှစ်နှစ်အတွင်းတွင် သူမက ကျင်းခုံမြို့တွင် လဲလှယ်ခြင်းဆိုင်ကို ဖွင့်ခဲ့ပြီး အပြင်တွင် သူမအတွက် အလုပ်လုပ်ပေးရန် လူအချို့ကို လေ့ကျင့်သင်ကြားပေးခဲ့သည်။ ထိုလူများက သူမ၏ မိဘအိမ်တော်မှ ပေးလိုက်သူများ ဖြစ်ကြပြီး သူမ၏ဖခင်က ကိုယ်တိုင်ကိုယ်ကျ သူမအတွက် ရွေးချယ်ပေးထားခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ အခြေအနေတစ်ခု ဖြစ်ပျက်လာသောအခါ သည်လူများက သူမအပေါ် သစ္စာရှိနေရန် မသေချာပေ။
ချင်းယွီလမ်းကျဉ်းဆိုသည်မှာ သူမက ထိုလူများနှင့် တွေ့နေကြနေရာတစ်ခု ဖြစ်သည်။ ကျင်းခုံမြို့တွင် သူမ၏ဆိုင်များ ရှိကြောင်း သူမက အခြားသူများကို မသိစေချင်ပေ။ ထို့ကြောင့် ချင်းယွီလမ်းကျဉ်းတွင်သာ စံအိမ်တစ်ခု ဝယ်ခိုင်းလျက် အခြားသူများနှင့်တွေ့ရန် ဟုန်လျန်ကို ခိုင်းထားခဲ့ခြင်း ဖြစ်သည်။

ပစ္စည်းများကို မြို့တော်သို့ ပို့လာသောအခါ ထိုအိမ်သို့ ဦးစွာရောက်ပေလိမ့်မည်။ ထို့နောက်မှသာ သိုလှောင်ခန်းတွင် ထားနိုင်သည်။

ယဲ့ကျန်းက ကံကောင်းလွန်းသည်။ ကံကောင်းလွန်းသဖြင့် လုလင်ကျစ်ကို ထိုအကြောင်း မပြောပြခဲ့မိပေ။ မဟုတ်လျှင် ထိုလူများအားလုံး သေသွားလောက်ချေပြီ။
ယခင်က သူမအပေါ် သစ္စာရှိသူများ၊ သူမက ယုံကြည်ရသူများကသာ ကျန်ရစ်နေအုံးမည်ဆိုလျှင် အနာဂတ်တွင် သူမ လုပ်ရမည့်ကိစ္စတိုင်းအတွက် ထိုလူများက အကူအညီဖြစ်လာပေလိမ့်မည်။

သူမက မည်သည့်အချိန်ကမျှ တွန့်တိုလွန်းသူမဟုတ်ပေ။ သူမက အလွန်မာနကြီးသူလည်း မဟုတ်ခဲ့ပေ။ ကလဲ့စားချေရန်အလို့ငှာ တစ်ယောက်တည်းအားဖြင့် မဖြစ်နိုင်ကြောင်း နားလည်နေခဲ့သည်။ ထိုလူများက သူမကိုကူညီရန် လိုအပ်သည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now