အခန်း(၁)

6.9K 331 25
                                    

အခန်း(၁)

အံ့သြစရာ၊သူမ မင်္ဂလာဆောင်တော့မယ်။



၂၁ရာစု၊ အရှေ့ပင်လယ် အဆင့်မြင့်ဆေးရုံ၊ ဌာနမှူးရုံးခန်း။

စားပွဲပေါ်သို့ ဆေးမှတ်တမ်းအထပ်လိုက် ဘုန်းခနဲ ကျလာသည်။ ဌာနမှူး Lin ရဲ့ အသားအရောင်ဟာ ဒေါသကြောင့် ဖြူဖျော့နေသည်။

“Han Yunxi ၊ Mr.Li က ငါတို့ ဆေးရုံရဲ့  ရှယ်ယာ ၄၀% ပိုင်ထားတဲ့ Soaring Cloud လုပ်ငန်းစုရဲ့ ဒါရိုက်တာတစ်ယောက်ပဲ။မင်းသူ့ရဲ့အဆိပ်ကို အရင်ကု ပေးရမယ်။”

ဌာနမှူးရဲ့ ဒေါသနဲ့ရင်ဆိုင်နေရတဲ့Han Yunxi ဟာ လက်နှစ်ဖက်ကို ဂျူတီကုတ်ထဲ့ထည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“ ဌာနမှူး Lin ၊ကျွန်မ စိတ်မကောင်းပါဘူး။ Mr.li က ပျံ့နှံ့မှုနှေးတဲ့ အဆိပ်မိနေတာပါ။ စိုးရိမ်ရတဲ့ အခြေအနေမဟုတ်ရင် သူ့ကို ကျော်ပြီး ကုမပေးနိုင်ပါဘူး။”

သူမက ငယ်ရွယ်ပြီးသန့်စင်တဲ့အလှ ပိုင်ရှင်ဖြစ်ပြီး ကြီးမားတဲ့ မျက်ဝန်းတွေနဲ့ ပါးချိုင့်နှစ်ဖက်ရှိတယ်။ သူမက ငယ်ရွယ်ပေမယ့် တရုတ်တိုင်းရင်းဆေးလောကမှာ အံ့သြစရာအရည်အချင်းများနဲ့ အပ်စိုက်ကုထုံးပညာရှင်ဖြစ်ပြီး တွေ့ရခဲတဲ့ အဆိပ်များကို ဖြေရှင်းပေးနိုင်တဲ့အဆိပ်ပညာရှင်လဲ ဖြစ်တယ်။ ဓါတုဗေဒ အခြေခံဖြစ်စေ ပိုးမွှားကြောင့်ဖြစ်စေ မည်သည့်အဆိပ်မဆို ဖြေရှင်းနိုင်သည်မှာ သူမရဲ့အရည်အချင်းတစ်ခုပင်။

“မင်းသေချာတွေးစမ်း၊ ဒါ Soaring Cloud လုပ်ငန်းစုကွ" ဌာနမှူး ဟာ ဒေါသတကြီး စားပွဲကို ရိုက်ချရင်း ပြောလိုက်သည်။

“ဌာနမှူးLin ၊ကျွန်မ ထပ်ပြောမယ်။ Mr.li ရဲ့ အခြေအနေက အရေးမကြီးဘူး။ဘယ်လိုလူပဲ ဖြစ်ဖြစ် ဆရာဝန်တစ်ယောက်ရဲ့ ရှေ့မှာ..”

 Han Yunxi  ရဲ့စကားမဆုံးခင်မှာပင်" တော်စမ်း၊ ဆရာဝန်တစ်ယောက် ရဲ့ မျက်လုံးထဲက တူညီမှုတွေ လာပြောမနေနဲ့။ ယောကျာ်း၊ မိန်းမ ဆိုတာပဲရှိတယ်။ Han Yunxi ၊ငါမင်းကို ပြောမယ်။ သူ့အဆိပ်ကိုချက်ချင်းကုပေးမလား ဒါမှမဟုတ် ဆေးလောက က နေထွက်မလား"

သတိပေးတာ??သူမကို ကြောက်လန့်အောင် ခြောက်နိုင်ပြီထင်ပေမယ့် သူမကတော့ တည်ငြိမ်နေတုန်းပဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now