အခန်း(၉၀)

1.6K 145 6
                                    

အခန်း(၉၀)

လက်ဖက်ရွက်၊ စုံစမ်းမှု ရလဒ်။

Han Yunxi ဟာ စာကြည့်ခန်းမှာ နံစော်နေမှန်းသိတာကြောင့် လှောင်ပြုံးပြုံးလိုက်သည်။ “ဝမ်ရယ် အပြင်ထွက်ဖို့ ဖိတ်ပါရစေ။ ဒီမှာနည်းနည်း အနံ့အသက်မကောင်းဘူး။”

“အပြင်မှာလည်း နံနေတာပဲ။” Long Feiye မှ အေးစက်စွာ ပြောလာသည်။

“ဒါဆိုရင် ခြံဝန်းထဲသွားရအောင်ပါ။" Han Yunxi မှာ ပုခုံးတွန့်လိုက်ပြီး အိမ်ရှင်ဖြစ်ပေမယ့် ရှက်မနေတော့ဘူး။ သူမက သူ့ကို ဖိတ်ထားတာမှ မဟုတ်တာ။

ဆရာဝန်တစ်ယောက်အနေနဲ့ သူမလည်း အသန့်တော့ ကြိုက်ပေမယ့် သူမအဆိပ်အသစ်တွေကို လေ့လာတဲ့အချိန်တိုင်း သူမ သန့်ရှင်းမှုဆိုတာ အကုန်မေ့သွားတယ်။ အခုစားပွဲက သည်းခံလို့ ရနိုင်သေးတယ်လို့ ယူဆလို့ရတယ်။ နောက်ထပ်ရက်နည်းနည်းလောက်ဆို ရှုပ်ပွနေတာက အမှိုက်ပုံထက်တောင် ဆိုးသွားနိုင်တယ်။ သေချာတာပေါ့။ သူမ လေ့လာပြီးတာနဲ့ သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပြန်ရှင်းလင်းမှာပါ။

“မင်း အဆိပ်ဖော်နေတာလား။"  Long Feiye က ထွက်သွားဖို့ စိတ်ကူးမရှိဘူး။

“ကျွန်မပျင်းနေလို့ တချို့ဟာတွေကို စမ်းသပ်ကြည့်နေတာ။" Han Yunxi မှ ဖြေလိုက်သည်။ အမှန်တော့ စားပွဲပေါ်က ပန်ကန်လုံးတွေ အကုန်လုံးက မြွေတစ်သောင်းအဆိပ်ထည့်ထားတာ။ သူမ မနေ့ နေ့လည်က အဲ့တာတွေကို အဆိပ်ဖြေစနစ်ထဲက ထုတ်လိုက်ပြီး ရေထဲထည့်ကြည့် လိုက်တာဖြစ်သည်။ အဆိပ်ကတစ်ရက်ကြာပြီး အဲ့ဒီလို ပြောင်းသွားတာပဲ။

“အဲ့တာက ဘာအဆိပ်လဲ။" Long Feiye မှ ထပ်မံ မေးလာသည်။

“မြွေတစ်သောင်းအဆိပ်။ ကျွန်မက အရင်တစ်ခေါက် စစ်သူကြီးငယ်ရဲ့ သွေးကနေယူလာပြီး လုပ်စရာမရှိလို့  လေ့လာနေတာ။" Han Yunxi မှ ပြန်ဖြေလိုက်သည်။ အဲ့တာက အမှန်လည်း မဟုတ်သလို လိမ်နေတာလည်း မဟုတ်ဘူး။

သို့သော် Long Feiye ၏ မျက်လုံးထဲတွင် သူမက လိမ်နေခြင်းဖြစ်သည်။ ဒီ မိန်းမက Mu Qingwu ကိစ္စနဲ့ အလုပ်ရှုပ်နေတဲ့ အချက်ကို ဘာလို့ သူ့ကို ဖုံးထားရတာလဲ။ Chu Xifeng ဆီက အတိုင်းဆို သူမက Gu Beiyue ကို နှစ်ကြိမ်တောင်ရှာခဲ့ပေမယ့် သူက နန်းတော်ထဲကတောင် ထွက်လာလို့မရဘူး။ Long Feiye မှာသူမအား ချက်ချင်း မခေါ်သေးပဲ နေရာတစ်ခုရှာကာ ထိုင်လိုက်ပြီး စကားစလာသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now