အခန်း(၁၁၂)

1.5K 146 0
                                    

အခန်း(၁၁၂)

ကြောက်ရွံ့ထိတ်လန့်ခြင်း။ ဝန်ခံရန် သို့မဟုတ် ဝန်မခံရန်။

 

Han Yunxi မှ ဒုက္ခတွေ့သွားသောကြောင့် ကောင်းကင်ဘုံမွှေးရနံ့လက်ဖက်ရည် ပိတ်လိုက်ရသည်။ အထဲရှိသူများမှာ ထွက်ခွင့်မရှိသလို အပြင်ရှိလူများမှာလည်း ဝင်ခွင့်မရတော့ချေ။ Long Feiye မှ ရောက်လာလျှင် Mu Qingwu မှာ တွေ့ရှိရန် အလျင်စလို ရောက်လာသည်။ သူက ယမန့်နေ့ နေလည်မှ ယနေ့ နေခင်းတိုင်အောင် တောင်တန်းတစ်ခုလုံးအား ရှာဖွေနေခဲ့သော်လည်း မည်သည့် သဲလွန်စမှ ရှာမတွေ့သေးပေ။ သူက အမှန်တကယ် ပြန်သွားကာ မျက်နှာပြရန် မဝံ့ရဲသော်လည်း အရှင့်သားချင်ဝမ်မှ ရောက်ရှိလာသဖြင့် ရွေးချယ်စရာ မရှိတော့ပေ။

အထဲသို့ ဝင်ရောက်လိုက်ပြီးသည်နှင့် တစ်ပြိုက်နက် Mu Qingwu မှာ ဒူးထောက်လိုက်သည်။ “ ဒီငယ်သားက လေးစားရတဲ့ဝမ်ဖေးကို မကာကွယ်နိုင်တဲ့အတွက် ၁၀,၀၀၀ သေခြင်းနဲ့ တန်ပါတယ်။"

“မင်းက အပြစ်တောင်းခံဖို့ လာတာဆိုရင် ဒီအရှင်က အခုချက်ချင်း သေဖို့ အမိန့်ပေးရလိမ့်မယ်။" Long Feiye ၏ စကားသံတွင် သိမ်မွေ့မှု အနည်းငယ်မျှ ရှိမနေပေ။

အခုအချိန်မှ ပြစ်ဒဏ်တောင်းဆိုတော့ကော ဘာအသုံးဝင်မှာလဲ။ Mu Qingwu က ဒါကို ကောင်းစွာနားလည်ပေမယ့် သူ့ နှလုံးသားမှာ လက်သင့်မခံနိုင်ဘူး။

“အတိအကျ ဘာဖြစ်ခဲ့တာလဲ။"  သူက  စစ်သူကြီးMu  ဒါမှမဟုတ် ကောင်းကင်ဘုံမွှေးရနံ့က အစေခံတွေဆီက ကိစ္စတစ်ခုလုံးကို နားမထောင်ရသေးတာကြောင့် Mu Qingwu တစ်ယောက်ပဲ အကုန်သိနေတာဖြစ်ရမယ်။

Mu Qingwu မှာ ကောင်းကင်ဘုံမွှေးရနံ့လက်ဖက်ရည်ဆိုင်သို့ လာရသောအကြောင်းအရင်းနှင့် ဟန်မိသားစု ဒုတိယသခင်မလေးHan Ruoxue အပေါ်သံသယများအပါအဝင် အဖြစ်အပျက်ကို ဦးတည်သော အသေးစိတ်အချက်အလက်များအား လျှောက်တင်လိုက်သည်။

“ ကိစ္စတွေ ရှင်းလင်းပြီးမှတော့ မင်းတို့က ဘာလို့ တောင်ဘက် က တောင်တွေပေါ်တက်သွားရတာလဲ။" Long Feiye မှာ နားမလည်ပေ။

“ လေးစားရတဲ့ဝမ်ဖေးက အနီရောင်တောင်ဘက်ထိပ် လက်ဖက်ခြောက် တစ်ချို့ကို လိုချင်တယ်လို့ ပြောပါတယ်။ ဒီငယ်သား အခုလို အဖြစ်အပျက်တွေကဖြစ်သွားလိမ့်မယ်လို့ မထင်မှတ်ထားမိပါဘူး။"  Mu Qingwu မှာ နောင်တရနေသည်။ သူက စောစောသိခဲ့ရင် သူတစ်ယောက်သာ သွားခဲ့တယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Nơi câu chuyện tồn tại. Hãy khám phá bây giờ