အခန်း(၈၂)

1.6K 169 2
                                    

အခန်း(၈၂)

အားတင်းထား.. ကောင်းကောင်းလုပ်ခဲ့တယ်!!

 
 

သူမက Han Yunyi အား ထွေးပွေ့လိုက်သည်နှင့် ထိတ်လန့်သွားသည်။

ဘုရားရေ… သူမတို့ကြားတွင် အဝတ်အစား ထူထဲစွာ ခြားနားနေသော်လည်း  သူက ဘယ်လောက်အေးပြီး မည်မျှတုန်ရင်နေလဲဆိုတာ သူမ ခံစားနိုင်သည်။

ဆောင်းတွင်းကြီးမှာ ဘယ်လောက်အေးလဲ ကောင်းကင် ကတောင်သိနိုင်တယ်။

သူမဟာ ကောင်လေးမှာ အအေးဒဏ်ကြောင့် သတိလစ်နေလောက်ပြီဟု ထင်ခဲ့သော်လည်း ကောင်ကလေး၏ နူးညံ့သော မျက်နှာကို မြင်လျှင် အံ့သြသွားရပြန်သည်။

သူ၏ ခရမ်းရောင် နှုတ်ခမ်းများမှာ တုန်ရင်နေပြီး မျက်လုံးများမှာ  အနက်ရောင်မျက်ဆံများနှင့် နှင်းများဖြင့် ကြည်လင်နေသော ရေကန်ကဲ့သို့ပင်။ မျက်ဝန်းထဲတွင် မျက်ရည်များ တဖျက်ဖျက်လက်နေသော်လည်း ကျဆင်းရန် ငြင်းဆိုနေသည်။ Han Yunxi မှာ နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးများအပါအဝင် အရာအားလုံးအား တစ်ချက်တည်းကြည့်လိုက်သည်။ သူက မေးရိုးများမှာ ဘယ်လောက်တင်းကျပ်စွာ အံကြိတ်ထားတာလဲ။ သူက ခြောက်နှစ်ပဲ ရှိသေးတယ်။ သို့ရာတွင် သူ၏ အပြစ်ကင်းသောမျက်နှာလေးတွင် မယိမ်းယိုင်သော ဆုံးဖြတ်ချက်များပြည့်နှက်နေသည်။ ဤအသက်အရွယ် ကလေးတော်တော်များများမှာ မိဘရင်ခွင်ထဲတွင် အလိုလိုက်ခံထားရတုန်းဖြစ်သည်။ Han Yunyi မှာ ဂုဏ်သိက္ခာတရားအား နားလည်နေပြီဖြစ်ပြီး အရှုံးပေးရန် ငြင်းဆန်နေခဲ့သည်။

သူက အဝတ်များချွတ်ခံထားရပြီး ရယ်မောခံရကာ နှစ်နာရီထက်ကြာအောင် ရိုက်နှက်ခံခဲ့ရသော်လည်း နာကျင်မှုကြောင့် ညည်းတွားခြင်းမရှိသလို တစ်ချက်ပင် ငိုကြွေးခြင်းလည်း မပြုခဲ့ပေ။ သူက သက်ညှာရန်လည်း တောင်းပန်ခြင်း မရှိချေ။ ထိုခဏတွင် ငယ်ရွယ်ခေါင်းမာသောမျက်နှာလေးမှာ သူမ နှလုံးသားတွင် တံဆိပ်ရိုက်နှိပ်ထားသကဲ့သို့ မေ့ပျောက်နိုင်တော့မည် မဟုတ်ချေ။ သူမ သတိမထားမိစွာပဲ တင်းကျပ်စွာ ထွေးပွေ့လိုက်ပြီး ပိုမို နွေးထွေးစေရန် ကြိုးစားလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now