အခန်း(၄၅)

2K 193 2
                                    

အခန်း(၄၅)

နတ်သားတစ်ပါး၏နွေးထွေးသောအတောင်ပံများ။

ကံကြမ္မာ.!!!!!!

မင်းသမီးChangping မှာ စကားပြန်ပြောရန် ကြည့်လိုက်စဥ်မှာပဲ ဧကရီက ဖြတ်ပြောလိုက်သည်။ “ဟုတ်တယ်မလား။ တော်ဝင်ကြင်ယာတော်ကြီးကိုလဲ အဲ့ဒီပစ္စည်းအတွက် ကျေးဇူးတင်ရဦးမယ်။ မယ်တော်ကြီးက ကျေးဇူးတင်လက်ဆောင်ပေးနိုင်အောင် ချန်ချီက သေချာပေါက် ပြောလိုက်ပါမယ်။"

ဧကရီမှာ ဤကိစ္စအား မယ်တော်ကြီးသိစေရန် မဝံ့ရဲပေ။ သို့တိုင် သူမ ထိုသို့ မပြောမချင်း ကြင်ယာတော်ကြီးမှာထွက်ခွာမည် မဟုတ်ကြောင်းလဲသိနေသည်။ သူမ တကယ့်ကို လုံလောက်နေပြီ။ Changping က သက်သာလာတာနဲ့ သူမ ကြင်ယာတော်ကြီးကော Han Yunxi ကော နောက်တစ်ကြိမ်မမြင်ချင်တော့ဘူး။

တော်ဝင်ကြင်ယာတော်ကြီး၏ မျက်နှာမှာ အောင်မြင်မှုကြောင့် ကြည်နူးမှုများ တောက်ပကာ နီမြန်းနေသည်။ “ဒီလောက် ယဥ်ကျေးနေစရာမလိုပါဘူး။  Yunxiကို ငါတို့အိမ်အတွက် မယ်တော်ကြီးက ပေးခဲ့တာပဲ။"

Han Yunxi ဟာ ကြင်ယာတော်ကြီးနဲ့ပြန်မသွားခင်မှာ ညွှန်ကြားမှုတစ်ချို့ပေးခဲ့တယ်။ လက်တွဲ၍ ထွက်သွားသော အမေနှင့်သမီးအားကြည့်ရင်း ဧကရီမှာ ခြေဆောင့်မိသည်အထိ စိတ်တိုလာသည်။ ရုတ်တရက် သူမအခန်းထဲဝင်ကာ သောင်းကျန်းတော့သည်။ မင်းသမီးChangping မှာ သူမ၏ ပျော်ရွှင်မှုကမ္ဘာတွင် နစ်မြှုပ်နေတုန်းပင်။ သူမ မိခင်မှာ သူမအားကယ်တင်ရန် မည်မျှ စိတ်ရှုပ်စရာကောင်းမှုများကို သည်းခံခဲ့ရသလဲဆိုတာ မသိပေ။

“Changping  နင် အနာဂါတ်မှာတစ်ခုခုလုပ်မယ်ဆိုရင် ငါ့အတွက် ဂရုစိုက်လုပ်သင့်တယ်။ ဒီတစ်ကြိမ်မှာ ငါတင်မကဘူး…နင့်ရဲ့တော်ဝင်အဘွားလဲ မျက်နှာပျက်ရတယ်။"

“နင်က ကြင်ယာတော်ကြီးYiရဲ့ လှောင်နေတဲ့ အမူအရာကို မတွေ့ဘူးလား။"

ဧကရီမှာ အလွန်အမင်းစိတ်တိုနေသည်အားတွေ့လျှင် မင်းသမီးChangping မှာ မှန်အား တစ်ယောက်ယောက်ကို လာယူခိုင်းလိုက်သည်။ “မယ်တော် ကျွန်မကို အပြစ်တင်လို့မရဘူးလေ။ အဲ့တာအကုန်လုံးက Han Yunxi အပြစ်တွေမဟုတ်ဘူးလား။ သူ့ကြောင့်သာမဟုတ်ရင် ကျွန်မက ထောင်လိုမျိုး ညစ်ပတ်တဲ့နေရာကို လုံးဝသွားမှာ မဟုတ်ဘူး။ သေချာပေါက် သူကျွန်မကို ကယ်သင့်တာပေါ့။ ဒါပေမယ့် ဒီအတွက် သူမကို ပြန်ပေးဆပ်မယ်လို့တော့ မထင်နဲ့။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now