အခန်း(၁၃၃)

1.5K 155 20
                                    

အခန်း(၁၃၃)

ညှိနှိုင်း၍မရသော။ လူသိရှင်ကြား ဖြစ်သွားသော လောင်းကြေး။



Han Congan ၏ စူးရှသည့် စကားများမှာ လူအုပ်ထဲတွင် ကျယ်လောင်စွာ ပျံ့နှံ့သွားသည်။ သူက ထောင်ဝတ်စုံ ဝတ်ဆင်ထားသော်လည်း အိမ်တော်ခေါင်းဆောင်တစ်ယောက်၏ အရှိန်အဝါများ ရှိနေသေးသည်။ ထိုစကားများမှာ သံသယများအား ခြေဖျက်ပေးလိုက်သည်။သူ၏ စကားများမှာ ဖိအားပေးခြင်းခံရသည်နှင့် မတူပဲ စိတ်ရင်းအမှန်ဖြစ်ကြောင်း ထင်ရှားနေသည်။

သူက စကားဆုံးသည်နှင့်အရာရှိ Ouyang မှ အလျင်အမြန်ထပ်ပြောလိုက်သည်။ "လေးစားရတဲ့တော်ဝင်ကြင်ယာတော်ကြီးက ဒီနေ့ ချင်ဝမ်အိမ်တော်ရှေ့က အရှုပ်အထွေး အတွက် ကြင်နာမှုကို ပြသပေးခဲ့တယ်။ သခင်မXu တစ်ယောက်ပဲ အခြားသူတွေကို အမှားလုပ်မိအောင် လှုံ့ဆော်မှုအတွက် ဥပမာအနေနဲ့ အရေးယူခံရမယ်။အမျိုးကောင်းသမီးတို့နဲ့ လူကြီးမင်းတို့က သင်ခန်းစာယူတတ်ပါစေ။ နောက်တစ်ကြိမ် သတိမထားပဲ မှတ်ချက်များထပ်ပေးခဲ့ရင်တော့ လွယ်လွယ် ခွင့်လွှတ်မှာ မဟုတ်ဘူး။"

သူ၏ စကားများ ပြီးဆုံးသွားသည်နှင့် လူအုပ်မှာတိတ်ဆိတ်သွားသည်။ ဒီအရပ်သားများမှာ သတိလက်လွတ်ဖြစ်ကာ ကြောက်လန့်နေကြသည်။ သူတို့က ဤကဲ့သို့ အဆုံးသတ်မည်ဟု မည်သူက ခန့်မှန်းမိမှာလဲ။ Murong Wanru မှာ ချက်ချင်းပင် လူအုပ်အား ကြည့်လိုက်လျှင် အချို့မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ဒူးထောက်ကာ အရိုအသေပေးလိုက်ကြသည်။ " လေးစားရတဲ့တော်ဝင်ကြင်ယာတော်ကြီးရဲ့ ကြင်နာ ငဲ့ညှာမှု အတွက် ကျေးဇူးတင်ပါတယ်။ လေးစားရတဲ့တော်ဝင်ကြင်ယာတော်ကြီးရဲ့ ခွင့်လွှတ်မျက်နှာသာပေးမှုအတွက် ကျေးဇူးတင်ပါတယ်။"

ရလဒ်အနေဖြင့် တရားရုံးရှေ့တွင် စုဝေးနေသော လူအုပ်ကြီး မှဒူးထောက်ကာ ကျေးဇူးတင်စကား ပြောနေကြသည့်ကြီးကျယ်ခမ်းနားသော မြင်ကွင်း အဖြစ်သို့ ပြောင်းလဲသွားသည်။ Mu Liuyue တစ်ယောက်သာ ထောင့်စွန်းတွင် ရပ်နေပြီး အေးစက်သည့် မျက်လုံးများဖြင့် Han Ruoxue အား ကြည့်နေသည်။ Han Ruoxue မှာလည်း သေချာစွာ မြင်နေသော်လည်း တစ်ချက်ပဲ ကြည့်ကာ အကြည့်လွှဲလိုက်သည်။ ထိုအခြင်းအရာကြောင့် Mu Liuyue မှာ ပို၍ စိတ်ဆိုးဒေါသထွက်လာသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now