အခန်း(၁၄၄)

1.4K 146 10
                                    

အခန်း(၁၄၄)

နာတာရှည် နာမကျန်းဖြစ်နေသည့် တော်ဝင်သမားတော်။


Han Yunxi မှာ လမ်းသွားလမ်းလာများ၏ မည်သည့် မေးခွန်းကိုမှ မတုံ့ပြန်ပဲ ငေးငိုင်ကာ ရပ်နေသည်။ ရင်းနှီးနေသည့် နောက်ကျောပြင်က လူအုပ်ထဲတွင် ပျောက်ကွယ်သွားချိန်မှ သူမ သတိဝင်လာသည်။ ယခုအချိန်တွင် သူမအား ဝိုင်းရံနေခဲ့သော လူများမှာ ပျံ့ကျဲသွားပြီဖြစ်သည်။

သတိဝင်လာပြီးနောက်တွင်မူ သူမနှလုံးသားမှာ တင်းကျပ်ကာ မသက်မသာ ခံစားနေရဆဲဖြစ်သည်။

 Long Feiye နှင့် Duanmu Yao .... ဒီဆရာတူအစ်ကိုနှင့် ညီမကြားတွင် အမှန်တကယ် ဆက်ဆံရေးတစ်ခု ရှိနေတာလား။ မဟုတ်ရင် အဲ့ဒီကောင်က လူအားလုံးထဲကမှ သူမကို ခြွင်းချက်ထားပြီး ဘာလို့ အချိန်ဖြုန်းပေးနေမှာလဲ။ အဲ့တာက သူ့ရဲ့ ပုံစံလုံးဝ မဟုတ်ဘူး။ သူတို့က အဆိပ်စပါးအုံးမြွေနဲ့ ရင်ဆိုင်ရတုန်းကလည်း Long Feiye က Duanmu Yao ရဲ့ အသက်အတွက် အမှန်ပဲ စိုးရိမ်တကြီး ဖြစ်နေခဲ့တယ်။သို့တိုင် ဆေးမိစ္ဆာတောင်ကြားမှာ သူက သူမဘက်မှာ ပိုပြီး ရပ်ပေးခဲ့တယ်။ တိတိကျကျဝန်ခံရရင် အဲ့ဒီအချိန်တုန်းက သူနဲ့သူမက အသက်သွေးဆေးလုံးရဖို့ တူညီတဲ့ ရည်ရွယ်ချက်တစ်ခုရှိခဲ့ခြင်းသာ ဖြစ်သည်။

တကယ်လို့ သူက တော်ဝင်အမိန့်ကို လိုက်နာစရာ မလိုဘူးဆိုရင် သူမဘက်မှာ ရပ်ပေးဦးမှာလား။

Han Yunxi မှာ အတွေးများနေရင်း သူမကိုယ်သူမ ပေါ့ပါးစွာ ရယ်မောလိုက်သည်။

သူမ  ဘာမှားနေတာလဲ။

သူမက Long Feiye ရဲ့ ဝမ်ဖေးဆိုတဲ့ နာမည်ပဲ ရှိတယ်။ သူနဲ့ သူ့ရဲ့ ဆရာတူညီမက ဘယ်လိုမျိုး ဆက်ဆံရေးပဲ ရှိရှိ သူမနဲ့ ဘာဆိုင်လို့လဲ။ ဆရာတူအစ်ကိုနဲ့ ဆရာတူညီမဆိုတာက သဘာဝကျကျပဲ ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတာ ဘာထူးဆန်းနေလို့လဲ။

ထိုသို့ တွေးလိုက်ပြီးနောက် Han Yunxi မှာ အသက်ပြင်းပြင်းရှူလိုက်ကာ သူမကိုယ်သူမ တည်ငြိမ်စေလိုက်သည်။ သူမ နှုတ်ခမ်းထောင့်များအားပင် အကောင်းမြင်တတ်သည့် အပြုံးတစ်ခုအတွက် ဖိအားပေးလိုက်သည်။ ထိုကဲ့သို့ ပြုံးနေလိုက်ပြီးနောက် သူမက အခြားတစ်ဖက်သို့ လှည့်ကာ လမ်းလျှောက်လာလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now