အခန်း(၄၇)

1.9K 181 4
                                    

အခန်း(၄၇)

ဒါပေမယ့် ကျွန်မ ကြောက်နေတုန်းပဲ။

 

ထိုအချိန်တွင် ပတ်ပတ်လည်မှ ခြင်အုပ်မှာရပ်တန့်သွားပြီး ဒါက တိုက်ခိုက်ဖို့ အချက်ပြတာပဲဆိုတာ သူမသိတယ်။ သူမ ချက်ချင်း ဆုံးဖြတ်ချက်မချခင် ပတ်လည်အား စက်ဝိုင်းသဏ္ဌာန် စစ်ဆေးကြည့်လိုက်သည်။ “အခု သွားတော့..”

မျှော်လင့်ထားသည့်အတိုင်း ခြင်အုပ်က ရှေ့ရောက်လာဖို့ စက္ကန့်ပိုင်းသာကြသည်။Long Feiye ဟာ သူမအား လက်မောင်းများကြားထည့်ရင်း ဝတ်ရုံဖြင့် လုံခြုံစွာ ထွေးပွေ့ထားကာ ခြင်အုပ်နှစ်အုပ်ကြားမှ လျှပ်စီးကဲသို့ အရှိန်ဖြင့်ဖောက်ထွက်လာသည်။ မမြန်လွန်း မနှေးလွန်းပဲ Long Feiye က လွတ်မြောက်လာပြီး ခြင်အုပ်မှာတစ်စုတစ်စည်းတည်းဖြစ်သွားကာ သူတို့နောက် အရူးအမူးလိုက်လာသည်။ Long Feiye ကမရပ်ပဲ ကမ်းပါးသို့ တန်းတန်းမတ်မတ်ပျံသွားပြီး ခြင်အုပ်ကလည်း မရပ်မနားလိုက်လာသည်။ ခြင်အုပ်မှာ တိုက်ခိုက်ရန် မြှားပုံသဏ္ဌာန်ပြောင်းသွားပြီး သူတို့နောက်မှ အရှိန်ပြင်းပြင်းဖြင့် လိုက်လာသည်။

Han Yunxi မှာ ဝတ်ရုံထဲတွင် တင်းကျပ်စွာထွေးပွေ့ထားခံရပြီး အသားအနည်းငယ်မျှပင် ပေါ်မနေချေ။ သို့တိုင် ခြင်အုပ်က အနောက်တွင်ဒရုန်းကဲ့သို့ လျင်မြင်စွာလိုက်လာပြီး မြည်သံများမှာလဲ ဒေါသထွက်နေကြောင်း သူမ ပြောနိုင်တယ်။ သူမ အမှန်တကယ်ပင် ခေါင်းထွက်ကာ ကြည့်ချင်မိတယ်။ သူမတို့ ကမ်းပါးထိပ်နဲ့ နီးပြီလား။ သူမစဥ်းစားနေချိန်မှာပင် သူမ ခြေထောက်မှာ မြေပြင်နှင့်ထိကပ်သွားကြောင်း သိလိုက်ရသည်။

လုပ်နိုင်ခဲ့ပြီ

သူမ ပျော်ရွှင်စွာဖြင့် Long Feiye ၏လက်များအား တွန်းဖယ်လိုက်ပြီး ဝတ်ရုံထဲမှထွက်လာကာ ငုံ့ကြည့်လိုက်သည်။ ချောက်ထဲတွင် အဆိပ်ခြင်အုံမှာ ပျံတက်မလာရဲပဲ နေရာတွင်သာပျံဝဲနေသည်။ မကြာခင်မှာပဲ ခြင်အုပ်က အောက်ပြန်ဆင်းသွားသည်။ သူမ နေရောင်အောက်တွင် နှစ်လိုဖွယ်ကောင်းစွာပြုံးကာ Long Feiye အားလှည့်ကြည့်လိုက်သည်။ “Long Feiye ရှင်က အထင်ကြီးစရာပဲ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now