အခန်း(၇၂)

1.9K 172 22
                                    

အခန်း(၇၂)

ကြွယ်ဝချမ်းသာခြင်း။ ကျော်ကြားသည့် အထောက်အပံ့အား ဝယ်ယူခြင်း။

 




“ ဘာလို့ စိတ်ထဲထားရမှာလဲ။ ညီမလေး Wanru   ဒီပိုးထည်တွေကြည့်ပြီး သဘောကျတာ ရွေးလိုက်ပါဦး။" Han Yunxi မှာ အလွန်ပင် ရက်ရောနေသည်။

“မဟုတ်တာ.. မဟုတ်တာ.. ဧကရာဇ်က ဒါတွေကို ယောင်းမဖို့ ပေးလိုက်တာလေ။"  Murong Wanru မှ အလျင်စလိုငြင်းလိုက်သည်။

“ကိစ္စမရှိပါဘူး။ ငါက အကုန်လုံးလဲ မသုံးနိုင်ဘူးဆိုတော့ တချို့ ရွေးလိုက်ပါ။" Han Yunxi မှာ အတော်ပင် စိတ်အားထက်သန်နေပြီး  Murong Wanru အား လက်ကောက်ဝတ်မှပင် ဆွဲခေါ်လိုက်သည်။

အမှန်တော့ Murong Wanru က ဒီရတနာတွေကို ကြည့်နေတာကြာပြီ။ ဧကရာဇ်Taihui ရဲ့ ဆုလာဘ်တွေအကုန်လုံးက တိုင်းတစ်ပါးမှ လာပြီး ငွေနဲ့ ဝယ်လို့မရဘူး။ သူမ အလွန်နှစ်သက်နေတဲ့ ပစ္စည်းတစ်ချို့လဲ ရှိတာကြောင့် Han Yunxi မှ ရက်ရောနေသည့်အခါ သူမ မထိန်းနိုင်တော့ပဲ ရွေးလိုက်တယ်။

ထိုအချိန်မှာပင်  Han Yunxi မှ စကားစလိုက်သည်။ “ငါကတော့ ဘယ်လိုလူကများ ငါက ရောဂါကုနိုင်တယ်လို့ သတင်းဖြန့်လိုက်လဲဆိုတာ သိချင်နေတုန်းပဲ။ သူမက ကောင်းကောင်းလုပ်ဆောင်ခဲ့တာ ဆိုတော့ ငါက သူမကို ဒီဆုလာဘ်တစ်ချို့ ပေးချင်မိတယ်။"

ထိုစကားများကြောင့် Murong Wanru ၏ လက်မှာ နေရာတွင်ပင် အေးခဲသွားတယ်။

“ညီမလေး Wanru ဘယ်လိုလူကများ ဒီကောလဟာလတွေ ဖြန့်လိုက်လဲ ဆိုတာသိလား။ သူမက ငါ့ကို ဒုက္ခပေးမယ့်အစား ကူညီနေတာပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား။" Han Yunxi မှာ စိတ်အား ထက်သန်စွာပင် မေးလိုက်သည်။

Murong Wanru မှာ မျက်နှာတွင် သိချင်နေဟန်ဆောင်ထားနိုင်သော်လည်း လက်များမှာ ရပ်တန့်သွားသည်။  သူမ ထိတ်လန့်စွာ လက်ပြန်ရုတ်လိုက်ချိန်တွင်  Han Yunxi မှ သူမလက်တစ်ဖက်အား ကိုင်ထားသေးတယ်။ Han Yunxi မှာ မသိဟန်ဖြင့် တောက်ပစွာ ပြုံးကာ လက်အား ပြန်ဆွဲချလိုက်သည်။

“ညီမလေး Wanru  မြန်မြန်ရွေးလေ။ ယဥ်ကျေးမနေပါနဲ့။"

Murong Wanru မှာ အပြစ်ရှိသလို ဖြစ်နေပြီး သိမ်မွေ့သော လေသံဖြင့် သူမကိုယ်သူတည်ငြိမ်လာစေရန် ဖိအားပေးထားရသည်။ “မဟုတ်ပါဘူး။ အဲ့တာတွေ မလိုအပ်ပါဘူး။ အရှင်မင်းကြီး… အရှင်မင်းကြီးရဲ့ ဆုလာဘ်တွေက တခြားသူကို လွယ်လွယ်ပေးလို့မရဘူး။ ယောင်းမ နောက်ကျနေပြီ။ စောစောအနားယူပါတော့။ ကျွန်မ မူဖေးကို သွားပြီး အဖော်ပြုလိုက်ပါ့မယ်။" သူမ ထပ်မပြောတော့ပဲ ပြီးတာနဲ့ ထွက်ပြေးသွားတော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now